နယ်စပ်ပြဿနာနှင့် ရွေးကောက်ပွဲကိစ္စ နေပြည်တော်မှာ ဆွေးနွေး

E-mail Print
နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ၄ လပတ် အစည်း အဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ပြဿနာတို့ကို ရှေ့တန်းတင် ဆွေးနွေးခဲ့ဟန် ရှိကြောင်း မြန်မာ စစ်တပ် အရေး လေ့လာသူ တို့က ပြောကြားသည်။

တရုတ် - မြန်မာ နယ်စပ်အခြေစိုက် မြန်မာစစ်တပ်အရေး လေ့လာသူ တဦးဖြစ်သည့် ဦးအောင်ကျော်ဇောက မြန်မာစစ်အစိုးရ၏ ပုံမှန် ၄ လပတ်အစည်းအဝေးကို အောက်တိုဘာလတွင် ကျင်းပမြဲဖြစ်ပြီး ယခုနှစ်တွင် တလနောက်ကျ၍ ကျင်းပခဲ့ကြောင်း ပြောသည်။

ယခု ၄ လပတ်အစည်းအဝေးပြီးလျှင် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက ၎င်း၏ လက်ရှိ စစ်ထောက်ချုပ် ရာထူးကိုစွန့်ကာ အတွင်းရေးမှူး ၁ ရာထူးနေရာ၌သာ ဆက်လက် တာဝန်ထမ်းဆောင် သွားမည်ဟု ကြားကြောင်း ၎င်းက ဧရာဝတီသို့ ပြောပြသည်။

“၄ လပတ်အစည်းအဝေး အပြီးမှာ တပ်မတော်ထဲမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ရာထူးအပြောင်းအလဲတွေ၊ ရာထူးက အနားပေးတာတွေ ဖြစ်လာနိုင်တယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦးဖြစ်သည့် ဦးဝင်းမင်းက သုံးသပ်သည်။

ဆက်လက်၍ ၎င်းက ဝန်ကြီးရာထူး ယူထားသော တိုင်းမှူးများအနေနှင့် လက်ရှိရာထူးများကို စွန့်ကာ ရွေးကောက်ပွဲ ဝင်နိုင်သည်ဟု ဆိုသည်။

မြန်မာ - ထိုင်း နယ်စပ်ရှိ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (အန်ဒီဒီ) မှ မြန်မာစစ်တပ်အရေး ကျွမ်းကျင်သူ ဦးဌေးအောင်က နအဖ၏ ၄ လပတ်အစည်းအဝေးတွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံပြဿနာ၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ပြဿနာများကို ဆွေးနွေးနိုင်ကြောင်း သုံးသပ်သည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ရေပိုင်နက် ပြဿနာနှင့်ပတ်သက်၍ ဦးဌေးအောင်က မြန်မာ နအဖ၏ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားပြီးမှ တင်းမာမှု ပိုမိုကြီးထွားလာသည်ဟု ပြောဆိုသည်။

“ဗိုလ်ချုပ်ကြီးမောင်အေးက ဘင်္ဂလားဒေ့ရှ်ကိုသွားခဲ့ပေမယ့် နှစ်နိုင်ငံ ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်ခဲ့ဘူး” ဟု ၎င်းကဆိုသည်။

တချိန်တည်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေးအခြေအနေမကောင်းကြောင်း ကောလာဟလများ ထွက်ပေါ်နေချိန်၌ စစ်အစိုးရ၏ သတင်းစာများတွင် မျက်နှာဖုံး၌ ၎င်းကိုယ်တိုင် အစည်းအဝေးတက်ရောက် ဆွေးနွေးနေသော ဓာတ်ပုံများ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် စနေ၊ တနင်္ဂနွေညများတွင် ထုတ်ပြန်သော မြန်မာ့ရုပ်မြင်သံကြား သတင်းများ၌ ၄ လပတ် အစည်းအဝေးဟု တရားဝင်မပြောကြားသော်လည်း တက်ရောက်သော စစ်ဗိုလ်ချုပ်များ၏ ရုပ်ပုံများကို တယောက်ခြင်း ဖော်ပြခဲ့သည်။

မြန်မာစစ်တပ်အသိုင်းအဝန်းမှ ကြားသိရသော သတင်းများအရ တချို့သော တိုင်းမှူးများ ရာထူးတိုးသည်ဟု ဆိုသည်။

“အနောက်တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေဆိုရင် ဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားတယ်” ဟု စစ်တပ်အသိုင်းအဝန်းက ပြောပြသည်။

ယခုလအစောပိုင်းတွင် မြန်မာပြည်အကျဉ်းထောင်များ၏ တရားခွင်များတွင် ကမ္ဘာကပင် အံ့သြရလောက် သည့် အမိန့် ချမှတ်မှုများဆောင်ရွက်ခဲ့သည်။

မြန်မာပြည်၏ ထင်ရှားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်အပါအဝင် တခြားထင်ရှားသော ကျောင်းသား ခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။

မြန်မာစစ်တပ်အရေး ကျွမ်းကျင်သူတို့၏ အဆိုအရ ထိုကဲ့သို့ အမိန့်ချမှတ်ခြင်းကို နအဖ၏ ၄ လပတ် အစည်းအဝေး ကျင်းပနေစဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်