ဒေါက်တာသန်းငြိမ်း စင်ကာပူတွင် ခွဲစိတ်ကုသမှု ခံယူ

E-mail Print
မကြာသေးမီက ပြည်ထောင်မှ လွတ်မြောက်လာသည့် အန်အယ်လ်ဒီ ပါတီ၏ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းငြိမ်းသည် အသည်းတွင် အကြိတ်ဖြစ်သည့် ဝေဒနာကြောင့် စင်ကာပူ နိုင်ငံတွင် ခွဲစိတ်ကုသမှု ခံယူနေရသည်ဟု မိသားစုဝင် တဦးက ဧရာဝတီကို ပြောသည်။

“ထောင်ထဲမှာ ကတည်းက အသည်းမှာ အကြိတ်တွေ့တယ် … ကင်ဆာ အကြိတ်လို့ ယူဆတာပဲလေ။ ထောင်က ထွက်လာတော့ နည်းနည်း နောက်ကျနေပြီ။ အဲဒါကြောင့် စင်ကာပူမှာ သွားကုမှ ရမယ်ဆိုပြီး စင်ကာပူမှာ ဆေးရုံတက်ပြီး ခွဲတာ … အခြေအနေ ကောင်းပါတယ်” ဟု မိသားစုဝင်က ပြောသည်။

ဒေါတာ သန်းငြိမ်းသည် လွန်ခဲ့သည့် ၉ ရက်နေ့က စင်ကာပူသို့ သွားရောက်၍ ဆေးဝါးကုသမှု ခံယူပြီး ယမန်နေ့က ခွဲစိတ်ကုသမှု ခံယူသည်ဟုလည်း မိသားစုဝင်က ပြောသည်။

ဒေါက်တာ သန်းငြိမ်းသည် အသက် ၇၁ နှစ် ရှိပြီဖြစ်ပြီး စစ်အစိုးရ၏ အကျဉ်းထောင်တွင်း၌ ၁၁ ခန့် ပင်ပန်း ဆင်းရဲစွာ နေထိုင်ခဲ့ရသူ ဖြစ်သည်။ ၎င်းအား စစ်အစိုးရက ၁၉၉၇ ခုနှစ်တွင် ဖမ်းဆီးကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထောင်တွင်း၌ ၇ နှစ်အပြည့် အကျဉ်းကျခဲ့သော်လည် ၎င်းအား ပြန်မလွှတ်ဘဲ ပုဒ်မ ၁၀ (က) ဖြင့် ဆက်လက် ထိန်းသိမ်းထားခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်နေ့က အန်အယ်လ်ဒီ ဗဟိုဦးဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့နှင့် တရက်တည်း လွတ်မြောက်လာခဲ့သည်။

ဒေါက်တာ သန်းငြိမ်းသည် ထောင်မှ လွတ်မြောက်လာပြီး မကြာမီ၌ပင် အန်အယ်လ်ဒီ ပါတီကပေးအပ်သည့် မူလ တာဝန်များကို ဆက်လက် ထမ်းဆောင်နေသူ ဖြစ်သည်။

ဒေါက်တာ သန်းငြိမ်းသည် ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် စစ်အစိုးရက တာဝန်မှ ဖယ်ရှားကာ ယခု အချိန်အထိ နေအိမ် အကျယ်ချုပ် ချခံထားရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် သမီးယောက်ဖ တော်စပ်သူလည်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်