အကြမ်းဖက်နှိမ်နင်းရေး ဖောင်ကြီးတွင်လေ့ကျင့်နေ

E-mail Print
ရွေးကောက်ပွဲကာလ ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် နှိမ်နင်းရန်အတွက် အကြမ်းဖက် နှိမ်နင်းရေးဌာန (anti-terrorism) မှ ရဲများနှင့် လုံထိန်းရဲ အင်အား ၅၀၀ ခန့်တို့မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် လေ့ကျင့် နေကြကြောင်း သတင်းရရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကြမ်းဖက်နှိမ်နင်းရေးဌာနမှ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အကြမ်းဖက်နှိမ်နင်းရေး ရဲများနှင့် ရဲလေ့ကျင့်ရေး သင်တန်းကျောင်းများမှ လုံထိန်းရဲ များသည် ယခုလကုန်ပိုင်းမှစပြီး လှည်းကူး ဗဟို ၀န်ထမ်းတက္ကသိုလ်ရှိ သေနတ်ပစ်ကွင်းတွင် လေ့ကျင့်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

“၀တ်စုံပြည့် လေ့ကျင့်နေတာ။ Anti-terrorism တံဆိပ်ပါတဲ့ ၀တ်စုံတွေဝတ်ထားတဲ့ ရဲတွေက သေနတ်တွေ၊ မျက်ရည်ယို ဗုံးပစ်တဲ့ လက်နက်တွေနဲ့ လေ့ကျင့်တယ်။ လုံထိန်းရဲတွေက နံပါတ်တုတ်၊ ဒိုင်းတွေ ကိုင်ထားပြီး အရေးအခင်း ဖြစ်နေတာကို နှိမ်နင်းတဲ့ ပုံစံမျိုး လေ့ကျင့်တာ” ဟု ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ကထိကတဦးက ပြောသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးတဦးကလည်း ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် လုံထိန်းနှင့် အကြမ်းဖက်
နှိမ်နင်းရေးရဲများ လေ့ကျင့်မှု ပြုလုပ်နေသည်မှာ မှန်ကန်ကြောင်း၊ လေ့ကျင့်ရေးဆင်းသူများထဲတွင် အမျိုးသမီး ရဲမေများလည်း ပါဝင်ကြောင်းပြောသည်။

“ရွေးကောက်ပွဲမတိုင်မီရော၊ ရွေးကောက်ပွဲအပြီးမှာပါ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကပဲ တာဝန်ယူမယ်။ လုံခြုံရေးတာဝန် ယူထားတဲ့ တပ်မတော်သားတွေနေရာမှာ ရဲတွေပဲ အစားထိုးတာဝန်ယူမယ်” ဟု အဆိုပါ ရဲမှူးက ရှင်းပြသည်။

ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက် ဗုံးဖောက်ခွဲမှုများပြုလုပ်နိုင်သဖြင့် ဗုံးသတိ၊ ဗုံးအသိရှိရန် နယ်မြေလုံခြုံရေး ယူထားသော ရဲစခန်းများနှင့် ရယက များကို တပ်လှန့်နှိုးဆော်ထားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ထုတ် အစိုးရသတင်းစာများ၌ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်တွင် ပဲခူးမြို့၊ ဥဿာ မြို့ သစ် ၈ ရပ်ကွက်ရှိ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အနောက်ဘက်တွင် ပေါက်ကွဲမှုတရပ် ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း၊ စက်တင်ဘာ ၈ ရက် သထုံမြို့နယ်၊ ဒုံးဝန်းကျေးရွာအုပ်စုရှိ လယ်ကွင်းအတွင်း စိုက်ထူထားသည့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးရန် ကြိုးပမ်းမှုရှိခဲ့ကြောင်းနှင့် စက် တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး ရထားလမ်း ခုံးကျော်လူကူး သစ်သားတံတား ပေါ်၌ ထောင်ထားသည့် ချိန်ကိုက်မိုင်းကို အချိန်မီ ရှင်းလင်းခဲ့ရကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများအား ဆန့်ကျင်သကဲ့သို့ ငြိမ်းချမ်းသော ဆန္ဒပြထုတ်ဖော်မှုများအား အကြမ်းဖက်နှိမ်နင်းသည်ကိုလည်း ဆန့်ကျင်ကြောင်း ပြောဆိုသည်။

၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက် အဖျက်လုပ်ရပ်များကို ပြည်တွင်းပြည်ပ၏ အဖျက်သမားများက ပူးပေါင်းလုပ်ဆောင်နေသဖြင့် ပြည်သူများ မသင်္ကာ ဖွယ်ရာများတွေ့ရှိလျှင် သက်ဆိုင်ရာသို့ သတင်းပို့ရန် စစ်အစိုးရက ၎င်းပိုင် မီဒီယာများမှတဆင့် နှိုးဆော်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်