ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အတွက် အဓမ္မ ငွေကြေးကောက်ခံ

E-mail Print
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်နှင့် စစ်တွေမြို့နယ် အတွင်းရှိ ကျေးရွာ ရပ်ကွက်တချို့တွင် ဒေသဆိုင်ရာ ကော်မရှင် အဖွဲ့ ခွဲမှ ကော်မရှင်ရန်ပုံငွေ၊ ကော်မရှင်ရုံး အသုံးစရိတ်ဟု ဆိုကာ ငွေကြေး ကောက်ခံ နေကြောင်း သိရသည်။

u-thein-soe-mmကျောက်တော် မြို့နယ်မှ အပေါက်၊ ၀ကျေးရွာ၊ ပေါ်တော်မူ၊ ချောင်းဝ၊ ချောင်းဖျား စသည့်ကျေးရွာ များ၌ တရွာလျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ကောက်ခံနေကြောင်း၊ လုပ်ငန်းရှင် တဦးလျှင်လည်း ကျပ် ၅ ထောင်စီ မထည့်မနေရ ကောက်ခံနေကြောင်း ရခိုင်ပြည်နယ် အမျိုးသားနိုင်ငံရေး အင်အားစု(မြန်မာ) ပါတီမှ အတွင်းရေးမှူး ဦးမြင့်ဇော်က ဧရာဝတီကို ပြောပြသည်။

“ကျနော် ကိုယ်တိုင် အဲဒီကျေးရွာမှာ ရောက်ပြီး ဒေသခံတွေကို စည်းရုံးရေး ဆင်းနေတာပါ၊ စက်တင်ဘာလ ၂၉၊ ၃၀ မှာ စ
ကောက်ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့၌လည်း စီးပွားရေးလုပ်ငန်းရှင်တဦးလျှင် ကျပ် တသောင်းစီ ကောက်ခံသွားကြောင်း ဦးမြင့်ဇော်က ဆက်ပြောသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကမူ ယင်းသို့ ငွေကြေး ကောက်ခံခြင်းနှင့်ပတ်သက်၍ ငြင်းဆိုသည်။

“ကျနော်တို့မှာ ငွေကြေး အလုံအလောက်ရှိပါတယ်၊ ကောက်ခံတာမဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှလည်း ကောက်ခိုင်းမထားပါဘူး”
ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

စက်တင်ဘာလ အတွင်း၌ပင် ပခုက္ကူခရိုင် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ကော်မရှင် အသုံးစရိတ်ဟု ဆိုကာ နယ်မြေခံ ကျေးရွာ အာဏာပိုင်များက ငွေကြေး ကောက်ခံမှုများ ပြုလုပ်ခဲ့သေးသည်။

အဆိုပါကျေးရွာများရှိ အိမ်ထောင်စု တစု လျှင် ကျပ် ၈၀၀၀၊ ကျပ် ၁၀၀၀၀ ကောက်ခံကြောင်း၊ ပေါက်မြို့နယ် ခင်ရှည် ကျေးရွာ အုပ်စုမှ ရယက ဥက္ကဌ တဦးလျှင် ကျပ် ၅ သောင်း နှုန်း ထည့်ဝင်ရန် မြို့နယ်မှ တောင်းခံကြောင်း ကျေးရွာ အာဏာပိုင်အသိုင်း အ၀ိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

မွန်ပြည်နယ် ကျေးလက်ဒေသ တချို့တွင်လည်း စက်တင်ဘာလ အတွင်း ရွေးကောက်ပွဲ ကော်မရှင် အောက်ခြေအဆင့် ရုံးခွဲ များက ငွေကြေး ကောက်ခံခြင်းများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေ အခန်း( ၄ )၊ အပိုဒ် (၁၀) တွင် ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၏ ရွေးကောက်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ် အရပ်ရပ်ကို နိုင်ငံတော်၏
ဘဏ္ဍာငွေမှ ကျခံရမည်ဟု ပြဌာန်းထားသည်။

သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ ဥပဒေကို မလိုက်နာမှုများ ရှိပါက ရွေးကောက်ပွဲ ကော်မရှင်(ဗဟို)၌
တိုင်ကြားနိုင်ကြောင်း၊ အကယ်၍ ထိထိရောက်ရောက် အရေးယူမှု မပြုလုပ်ပါက အထောက်အထား ခိုင်လုံစွာဖြင့် တရားရုံး တွင် တရားစွဲဆို နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဥပဒေပညာရှင် ရှေ့နေ ဦးသိန်းညွန့်က ပြောသည်။

“အတင်းအဓမ္မ ငွေကောက်တာတို့၊ ဆက်ကြေး တောင်းတာတို့က နိုင်ငံသားအခွင့်အရေးကို ထိပါးတာပဲ၊ နိုင်ငံသား အခွင့်အ
ရေးကို ကာကွယ်တဲ့ ဥပဒေဆိုတာရှိတယ်၊ အခုချိန်အထိ မဖျက်သေးဘူး၊ ဒါပေမယ့် ဒီ ဥပဒေက အိပ်ပျော်နေတယ် ဆိုရင် တော့ လှုပ်နှိုးပေးရမှာပေါ့”ဟု ဦးသိန်းညွန့်က ဆိုသည်။

မြန်မာနိုင်ငံသားများသည် ဥပဒေကို နားလည်၍ဖြစ်စေ၊ နားမလည်၍ ဖြစ်စေ ငြိမ်ခံ နေကြရကြောင်း၊ ထို့ကြောင့် ဥပဒေ စိုးမိုးရေး ကို လုပ်ဆောင်သွားရန် အရေးကြီးကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်