KIO ကားတစီးကို စစ်တပ်က ဖမ်း

E-mail Print
အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ကူးပြောင်းရေး အတွက် ဖိအားပေးနေ ချိန်အတွင် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ပိုင် ကားတစင်းကို စစ်အစိုးရ အာဏာပိုင်များက စက် တင်ဘာလ ၂၉ ရက် နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

ယင်း KIO ကားကို ကချင်ပြည်နယ် လုံးခင်းမြို့မှ တဆင့် မြစ်ကြီးနားမြို့သို့ မောင်းသွားနေစဉ် ဖားကန့်ရှိ စစ်ဆေးရေး ဂိတ်တခု တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ ဥက္ကဌ ဦးအောင်ဝါက ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးရသည့် အကြောင်းအရင်းကို မသိရသော်လည်း စစ်အစိုးရက KIO အပေါ် ပိုမို တင်းကျပ်လိုသော လက္ခဏာကို ပြသည့် သဘောမျိုး သက်ရောက်နေကြောင်း ၎င်းက ဆိုသည်။  

KIO ကားကို ဖားကန့် အခြေစိုက် ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး အေးမြင့်ထွန်းက ဖမ်းဆီးခဲ့ပြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ ကားမောင်းသူကိုမှု စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့(စရဖ) ရုံးတွင် ဖမ်းဆီးထားကြောင်းလည်း ကိုအောင်ဝါက ဆက်ပြော သည်။

အမည်မဖော်လိုသူ KIO အရာရှိတဦးက ယင်း ဖမ်းဆီးခံထားရသော ကားသည် KIO တပ်ရင်း ၆ ပိုင် ကားဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ကားဖမ်းဆီးမှုနှင့် ပတ်သက်၍ “သူတို့ အလုပ်ကို သူတို့ လုပ်နေတယ်လို့ပဲ မြင်တယ်”ဟု ၎င်း KIO အရာရှိက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် KIO ထိန်းချုပ်သည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေးအရ နှစ်ဘက် တင်းမာနေခဲ့သည်။

KIOသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ငြင်းဆိုထားသည်။ တချိန်တည်းတွင်ပင် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် ကို လည်း အသိပေးထားကြောင်း သိရသည်။

လွန်ခဲ့သော စက်တင်ဘာလ အစောပိုင်းတွင်လည်း KIO ခေါင်းဆောင်များသည် တရုတ်နိုင်ငံဘက်သို့ သွားရောက်ပြီး အကယ် ၍ KIO ၏ စစ်ရေးတောင်ပံဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် နအဖတပ်တို့ တိုက်ပွဲ ဖြစ်ပွားပါက တရုတ် အနေဖြင့် ကချင်ဒုက္ခသည်များကို လက်ခံပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း KIO နှင့် နီးစပ်သူများက ပြောသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။ စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိ သည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူး ပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ KIO အပါအ၀င် SSA-Nနှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့များက လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်