စစ်သားများကို လွှတ်တော်ရုံးဝန်ထမ်း ခန့်ထားမည်

E-mail Print
ရွေးကောက်အပြီးတွင် ပေါ်ပေါက်လာမည့် လွှတ်တော်အသီးသီး၌ ရုံးအဖွဲ့တာဝန်များအတွက် စစ်သားများကို ခန့်အပ်ရန် စီစဉ်နေကြောင်း စစ်တပ်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“အခုလတ်တလော ကြားတဲ့သတင်းအရ အရာခံဗိုလ်၊ ဒုအရာခံဗိုလ်၊ တပ်ကြပ်အဆင့်ရှိတဲ့သူတွေ၊ ရုံးလုပ်ငန်း အတွေ့အကြုံ ရှိတဲ့သူတွေကို လွှတ်တော်တွေမှာ ရုံးအဖွဲ့တာဝန် ပေးလိမ့်မယ်။ အရပ်ဘက်က လူတွေက ရုံးအဖွဲ့လုပ်ငန်း အတွေ့အကြုံ မရှိလို့ ဒီလိုလုပ်တာလို့ ပြောတယ်” ဟု နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာခံဗိုလ်တဦးက ပြောသည်။

ထိုသို့ ရွေးချယ်ခန့်ထားမည့် သူများသည် ဘွဲ့ရ၊ စစ်သက်အနည်းဆုံး ၅ နှစ်ရှိသူ၊ အနည်းဆုံး တပ်ရင်းမှူးအဆင့်ရှိသူ၏ ရုံးအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသူများ ဖြစ်ရမည်ဟု သိရသည်။

“တပ်ကထွက်ပြီး လွှတ်တော်တွေမှာ တာဝန်ထမ်းဆောင်ရမှာလား၊ ဒါမှမဟုတ် အရပ်ဘက်နဲ့ တွဲမှာလားဆိုတာ သေချာ မသိသေးဘူး” ဟု အဆိုပါ အရာခံဗိုလ်က ဆက်လက်ပြောကြားသည်။

အောက်တိုဘာလအတွင်းတွင် လွှတ်တော်များ၌ တာဝန်ထမ်းဆောင်မည့် စစ်သားများကို ရွေးချယ်ကာ သင်တန်းပေးရန် စီစဉ်နေကြောင်းလည်း တပ်မ (၉၉) မှ တပ်ရင်းမှူး အဆင့်ရှိသူတဦးက ဆိုသည်။

“အဲဒီလို တပ်က စစ်သားတွေကို ရုံးအဖွဲ့မှာ တာဝန်ပေးမယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့ကိုလည်း စိတ်ချရတဲ့ စစ်သားတွေကို ရွေးပေးဖို့ အမိန့်ပေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စစ်အစိုးရသည် အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲကို တင်းကြပ်သည့်အပြင် ရွေးကောက်ပွဲ အလွန် လွှတ်တော်များတွင်လည်း စစ်တပ်အတွင်းမှလူများ ဆက်ရှိနေစေရန် စီမံခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ နိုင်ငံရေးအကဲခတ်တဦးက ပြောသည်။

“ကြံဖွံ့ပါတီပဲ မဲဆန္ဒနယ် ၅၀၀ လောက်မှာ ပြိုင်ဘက်မရှိနိုင်တော့မှာပဲ။ ဒီလိုကိစ္စတွေအထိ တပ်က အုပ်စီးတယ်ဆိုတာ မြန်မာ့ ဒီမိုကရေစီရေးအတွက် ရင်လေးမိပါတယ်” ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်