ပဲခူးလူသတ်မှု တရားခံများ ရုံးတင်စစ်ဆေးမှု မရှိသေး

E-mail Print
ပဲခူးမြို့တွင် လူငယ်၂ ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦးကို ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။

ထိန်းသိမ်း ခံထားရသူများမှာ ပဲခူးမြို့ အင်းတကော် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၁၀၁ မှ ဗိုလ်ကြီး သိဒ္ဓိစိုး၊ ခြေလျင်တပ်ရင်း (ခလရ) ၅၉ မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးနှင့် တပ်သား မောင်ထွန်းတို့ ဖြစ်ကြောင်း ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။

01pague02အဆိုပါ ၃ ဦးကို သက်ဆိုင်ရာက မည်သည့် တပ်ရင်း၌ ထိန်းသိမ်းထားကြောင်း မသိရှိသကဲ့သို့  မည်သို့ အပြစ်ပေး ဆောက်ရွက်မည်ကိုလည်း မသိရှိရသေးကြောင်း ဦးအေးမြင့်က ဆက်လက်ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်း ရပ်ကွက်အတွင်း၌ စစ်တပ်အရာရှိ ၂ ဦးနှင့် အရပ်သားများ စကားများကြရာမှ စစ်တပ် အရာရှိတဦးက ဘူတာ လုံခြုံရေးယူထားသည့် တပ်သားများကို ပြန်ခေါ်ကာ အရပ်သားများအား ပစ်ခတ်စေခဲ့ပြီးနောက် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

ယင်း ပစ်ခတ်မှုကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ ကိုအောင်သူဟိန်းနှင့် အသက် ၁၉ နှစ်အရွယ် ကိုစိုးပိုင်ဇော်တို့ သေဆုံးခဲ့ရသည်။

ပြစ်မှုကျူးလွန်သူများကို စစ်ဆေးနေသော အာဏာပိုင်များ ကိုးကား၍ အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦးကို စစ်တပ်မှ စံပြအဖြစ် အပြစ်ပေးဖွယ်ရှိကြောင်း ဦးအေးမြင့်က ဆိုသည်။

“မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ဖို့ အတွက်ကို လုပ်ထားတဲ့အတွက် ဒီဟာကို စံပြချပြီးတော့ လူ့အခွင့်အရေး မဆုံးရှုံးအောင် ပြစ်ဒဏ်ကျူးလွန်တဲ့သူကို ထိုက်ထိုက်တန်တန် အပြစ်ပေးတယ် ဆိုတာကို ခုခံချေပဖို့ ဆောင်ရွယ်နေတယ်လို့ ယူဆရတယ်” ဟု ဦးအေးမြင့်က ပြောသည်။

မစ္စတာ ကင်တာနာကလည်း လွန်ခဲ့သည့် မတ်လအတွင်းက မြန်မာ စစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးပေးရန် အကြံပြု တောင်းဆိုထားသည်။

စစ်တပ်က ပဲခူးတွင် ကျူးလွန်ခဲ့သည့် လူသတ်မှုကိုလည်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်ကြောင်း မစ္စတာ ကင်တာနာက ပြောဆိုထားသည်။

အဆိုပါ အကြံပြုချက်များကို အမေရိကန်၊ ဗြိတိန်၊ ချက် ပြည်သူ့ သမ္မတနိုင်ငံ၊ သြစတြေးလျ၊ စလိုဗက်ကီးယား၊ ကနေဒါ၊ နယူးဇီလန်၊ နယ်သာလန်၊ ဟန်ဂေရီ၊ လစ်သူယေးနီးယား၊ ပြင်သစ်နှင့် အိုင်ယာလန် နိုင်ငံတို့က ထောက်ခံထားပြီးဖြစ်ကြောင်း သိရသည်။

စစ်တပ်က ကျူးလွန်ခဲ့သည့် လူသတ်မှုကို စစ်အစိုးရ ထိန်းချုပ်သော အသံလွှင့်ဌာနများက အရပ်သားများ သေနတ် ဝင်လုသဖြင့် ပစ်ခတ်ခဲ့ရကြောင်း ပြောဆိုခဲ့ပြီး အစိုးရ သတင်းစာတွင်လည်း “ပဲခူးမြို့၌ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ် ပွားမှုမှ တဆင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား” ဟူ၍ ခေါင်းစဉ်တပ်ကာ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို စစ်အစိုးရပိုင် သတင်းစာက ၁၀ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပြီး ပဲခူးဘူတာ လုံခြုံရေးတပ်ဖွဲ့မှ အရာရှိဟူ၍သာ ဖော်ပြခဲ့ကာ မည်သည့်တပ်ဟု ဖော်ပြခဲ့ခြင်း မရှိပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်