ကမန်တိုင်းရင်းသားများ မှတ်ပုံတင်မရှိ၍ မဲပေးခွင့် မရ

E-mail Print
ရခိုင်ပြည်နယ်တွင် ကမန်တိုင်းရင်းသား ၃ ပုံ ၂ ပုံမှာ နိုင်ငံသား မှတ်ပုံတင်ကတ် မရှိသောကြောင့် မဲပေးခွင့်ရသည့် စာရင်းထဲတွင် မပါဝင်ကြကြောင်း သတင်းရရှိသည်။

“ကမန်အမျိုးသား တိုးတက်ရေး ပါတီကို ကမန်တော်တော်များများက မဲပေးချင်ကြတယ်။ ဒါပေမယ့် ကျနော်တို့မှာ မဲစာရင်းထဲမပါတော့ အခက်တွေ့နေတယ်။ မှတ်ပုံတင်မရှိလို့ မဲပေးခွင့် မရှိသလို ဖြစ်နေတယ်” ဟု သံတွဲမြို့မှ ကမန်တိုင်းရင်းသားတဦးက ပြောသည်။

kaman-party-flagကမန် တိုင်းရင်းသားများမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့၊ သံတွဲ မြို့များနှင့် ဘူးသီးတောင် မောင်းတော ဒေသများတွင် အများဆုံး နေထိုင်လျက် ရှိသည်။

“ကျနော်တို့မှာ နိုင်ငံသား စိစစ်ရေး ကတ်လည်း မရှိဘူး။ ခရီးထွက်ဖို့ အတွက်တော့ ပုံစံ ၄ လုပ်ရတယ်။ အများစုက မှတ်ပုံတင် မရှိကြတော့ မဲပေးလို့ မရဘူး ဖြစ်နေတယ်” ဟု စစ်တွေ မြို့တွင် နေထိုင်သော ကမန် တိုင်းရင်းသား တဦးက ပြောသည်။

ကမန် အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းက “ကျနော်တို့ မျိုးနွယ်စု တွေဟာ တိုင်းရင်းသား အခွင့်အရေး တွေလည်း မရခဲ့ဘူး။ တခြား တိုင်းရင်းသားနည်းတူ မှတ်ပုံတင်ရဖို့တောင်မှ ခက်ခဲနေတဲ့ အခြေအနေရှိပါတယ်။ အဲဒီလို အခြေအနေတွေကြောင့်လည်း ကျနော်တို့ ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်ကြတာပါ” ဟု ပြောသည်။

ဦးဇော်ဝင်းသည် စစ်တွေမြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု မမျှော်လင့်ရဲသော အခြေအနေဖြင့် ရင်ဆိုင်နေရသော်လည်း ကမန်တိုင်းရင်းသားများအတွက် လွှတ်တော်ထဲတွင် ပြောရေးဆိုခွင့် တနေရာ ရရှိရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ၊ ကမန်အမျိုးသား တိုးတက်ရေးပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် တရားဝင်နေထိုင်သော ကမန်းတိုင်းရင်းသားမှာ ၂ သိန်းဝန်းကျင်ခန့်ရှိပြီး မှတ်ပုံတင်မရှိသော ကမန်တိုင်းရင်းသားဦးရေမှာ ထို့ထက်ပိုများကြောင်း၊ ကမန်တိုင်းရင်းသားများသည် အစ္စလာမ် ဘာသာဝင်များဖြစ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများထဲတွင် လူမျိုးစု ၇ စု ရှိပြီး ရခိုင်၊ ကမန်၊ မရမာကြီး၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်တို့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်