ရှော့ပင်းစင်တာအတွက် ရပ်ကွက်ဖယ်ပေးရ

E-mail Print
တာမွေမြို့နယ် ကျိုက္ကဆံလမ်း အလုပ်သမားဆေးရုံအနီး United Living Mall ရှော့ပင်းစင်တာအနောက်ရှိ ပုဏ္ဏကုန်းရပ်ကွက် တွင် နေထိုင်သူများကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး နေထိုင်သူများကို ပြောင်းရွှေ့ခိုင်းနေကြောင်း သိရသည်။

IMG_0060“ဘိုးစဉ်ဘောင်ဆက် နေလာတာ၊ မြေပိုင်ဆိုင်ကြောင်း အထောက်အထားတွေတော့ မရှိပါဘူး။ အခုမှ ကျူးကျော်ဆိုပြီး နစ်နာကြေး မဖြစ်စလောက်ပေးပြီး ဖယ်ခိုင်းတယ်။ ဒီခေတ်ကြီးထဲမှာ ငွေလေး မဖြစ်စလောက်နဲ့ ဘယ်ကို ပြောင်း နေရမလဲ” ဟု ပုဏ္ဏကုန်းမြောက်ပိုင်း တွင် နှစ်ပေါင်း ၂၀ ကျော်နေထိုင်ခဲ့ပြီး ကျူးကျော်အဖြစ် သတ်မှတ်ခံခဲ့ရကာ နေအိမ်ပြောင်းရွှေ့ ပေးလိုက်ရသူ တဦးကပြောသည်။

ပုဏ္ဏကုန်းရပ်ကွက်အတွင်းရှိ မြေ ၁ စတုရန်းပေလျှင် ကျပ် ၂၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပေ ၁၀၀ ပတ်လည်တကွက်လျှင်
ကျပ် သိန်း ၂၀၀၀ ကျော် ပေါက်ဈေးရှိနေချိန်တွင် မြေကွက်တကွက်ကို ကျပ် ၂၅ သိန်းမှ သိန်း ၅၀ အထိသာ ပေးဝယ်လျက် ရှိကြောင်း အဆိုပါရပ်ကွက်အနီးရှိ ပျားရည်ကုန်းရပ်ကွက်မှ အိမ်ခြံမြေ ၀ယ်ရောင်း လုပ်ကိုင်နေသူ တဦးက ဆိုသည်။

“အိမ်အနေအထားနဲ့ မြေကွက်အကျယ်ကို ကြည့်ပြီးပေးတာ။ တချို့မြေကွက်ကျယ်ပြီး အိမ်ကောင်းရင် သိန်း ၅၀ ရတယ်။ ကျမတို့က ၂၅ သိန်းဘဲရတယ်။ သူတို့ ၀ယ်ပြီးသားမြေကွက်တွေကို ကျူးကျော်ရင် တရားဆွဲမယ်တဲ့။ ဆိုင်းဘုတ်တွေ လိုက်ထောင်ထားတယ်” ဟု ပုဏ္ဏကုန်း ရပ်ကွက်တွင် နေထိုင်သော စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

United Living Mall ရှော့ပင်းစင်တာအား ထပ်မံတိုးချဲ့ရန်အတွက် ပုဏ္ဏကုန်း တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ရွာလယ် စသော ရပ်ကွက်တခုလုံးကို အဆိုပါ ရှော့ပင်းစင်တာကို ပိုင်ဆိုင်သူ ၃ ဦးက ၀ယ်ယူရန်ကြိုးပမ်းနေကြောင်း၊ လက်ရှိတွင် မြေပိုင်ဆိုင်ကြောင်း အထောက်အထား မရှိသည့် မြေကွက်များကို နစ်နာကြေးပေးကာ ၀ယ်ယူနေကြောင်း United Living Mall နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

United Living Mall ရှော့ပင်းစင်တာကို ပိုင်ဆိုင်သော ဦးဝင်းစိုး၊ ဦးသန်းကျော်နှင့် ဦးအောင်မြင့်တို့မှာ Q and Qနာရီများ တင်သွင်းခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြပြီး တော်ဝင်ပလာဇာကိုလည်း ပိုင်ဆိုင်သူများ ဖြစ်သည်။

ပုဏ္ဏကုန်း တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ရွာလယ် ရပ်ကွက်များတွင် အိမ်ခြေပေါင်း ထောင်ချီရှိပြီး လက်ရှိတွင် ပုဏ္ဏကုန်း မြောက်ပိုင်းရှိ မြေပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်သည့် မြေကွက် ၅၀ ကျော်ကို နစ်နာကြေးပေးကာ
ဝယ်ယူထားပြီး ဖြစ်ကြောင်း သိရသည်။

မြေပိုင်ဆိုင်ကြောင်း အထောက်အထားရှိသော ပုဏ္ဏကုန်း တောင်ပိုင်းနှင့် ရွာလယ်ရှိ မြေကွက်ပိုင်ရှင်များနှင့် ညှိနှိုင်းပြီး ၀ယ်ယူရန် ကြိုးစားနေသော်လည်း မြေပိုင်ရှင်များက မရောင်းသောကြောင့် အခက်တွေ့နေကြောင်း United Living Mall နှင့် နီးစပ်သူ တဦးက ပြောသည်။

“ကျမတို့ကတော့ မပြောင်းပေးနိုင်ဘူး။ သူတို့ပေးတဲ့ ပိုက်ဆံက အိမ်တလုံး ပြန်ဝယ်နေဖို့ခက်တယ်။ မဖြစ်မနေ ပြောင်းပေး လိုက်ရတဲ့လူတွေ အခြေပျက်ပြီး ဒုက္ခတွေရောက်နေတယ်” ဟု ပုဏ္ဏကုန်း တောင်ပိုင်းတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်တင်မြက ဆိုသည်။

အဆိုပါ ရပ်ကွက်တစ်ခုလုံးသည် မီးဘေးအန္တရယ်ကို ယခင်ထက် ပိုမိုဂရုစိုက်လျက်ရှိပြီး မီးလောင်မှုဖြစ်ပွားလျှင် ယင်းနေရာမှ ဖယ်ရှားပေးရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့ရှိ လယ်ကွက်များတွင် နှစ်ပေါင်းများစွာ လယ်လုပ်ကိုင်နေသူများကို ယခုနှစ်တွင် ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖယ်ရှားခိုင်းခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်