ဇာဂနာ ဆေးကုသခွင့်ရ

E-mail Print
ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော လူရွှင်တော် ကိုဇာဂနာနှင့် ကျောင်းသား အဖွဲ့မှ ကိုဒီငြိမ်လင်းတို့၏ ကျန်းမာရေးကို အထူးကု ဆရာဝန်ကြီးများဖြင့် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

Zarganar-(final)ပြီးခဲ့သည့် ဇူလိုင်လအတွင်း အကျဉ်းဦးစီးဌာနမှ ထောင်ဒဏ် ၃၅နှစ် ချမှတ်ခံထားရသော ကိုဇာဂနာနှင့် ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရသော ကိုဒီငြိမ်းလင်းတို့ကို အထူးကု ဆရာဝန်များက ကျန်းမာရေး စစ်ဆေးပေးနေသည့် မှတ်တမ်း ဓာတ်ပုံများ ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ယင်း ဂျာနယ်၏ အဆိုအရ လတ်တလော အခြေအနေတွင် ကိုဇာဂနာနှင့် ကိုဒီငြိမ်လင်းတို့သည် ကျန်းမာရေး ကောင်းမွန် လျက်ရှိကြကြောင်း၊ သို့သော် ကိုဇာဂနာသည် ထောင်စကျသည့် ကာလကတည်းက သွေးတိုးရောဂါ၊ နှလုံးရောဂါ တို့ ရှိ ကြောင်း ကိုဇာဂနာ ၏ မိသားစုဝင် တဦးက ပြောသည်။

စစ်အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးနေသည်ဟု ဆိုသော်လည်း   ဝေးလံသည့် နယ်စွန် နယ်ဖျား ထောင်များသို့ ပြောင်းရွှေ့ခံထားရသည့် ထောင်ဒဏ် နှစ်ရှည်ချခံရသော နိုင်ငံရေး အကျဉ်း သားတချို့မှာ ဆိုးဝါးသည့် ကျန်းမာရေး အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ဆေးကုသခွင့် မရရှိကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည့် စာရင်းအရ အကျဉ်းထောင်များ အတွင်း ကျန်းမာရေး ဆိုးရွားစွာ ခံစားနေရသူ ၁၂၈ ဦးရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များတွင် ၎င်းတို့ အနက် နိုင်ငံရေးအကျဉ်းသား ၂၁၈၃ ဦး ခန့်ရှိကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း အကျဉ်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၁၄၃ ဦး ရှိကြောင်း AAPP ကထုတ်ပြန်သည့် စာရင်းများ အရသိရသည်။

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန် လဆန်းပိုင်း၌ စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။

၎င်းကို စစ်အစိုးရက နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက် ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက် ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ၎င်းမှာ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။

ကိုဒီငြိမ်းလင်းကမူ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ပြီးနောက်ပိုင်း အာဏာပိုင်များ၏ အဖမ်းအဆီးကို တိမ်းရှောင်နေစဉ် ရန်ကုန်မြို့ရှိ ပါရမီ တိုက်ခန်းတခုတွင် အဖမ်းခံရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်း အသီးသီးတွင် ဆေးဘက် ၀န်ထမ်း တရာကျော် ခန့်အပ်ထားပြီး အထူး ကု ဆရာဝန်များဖြင့် တပတ်လျှင် နှစ်ကြိမ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးကြောင်း Weekly Eleven ဂျာနယ် တွင် ဖော်ပြထားသည်။

ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုများကို ပြင်ပမှ အထူးကု ဆရာဝန်များဖြင့် ပုံမှန်ဆောင်ရွက် ပေးမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ် နှင့် တွေ့ဆုံစဉ် အထက် ပါ အတိုင်း ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်