ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးလည်း စံချိန်တင်ထိုးတက်

E-mail Print
ကမ္ဘာ့ ဈေးကွက်တွင် ရွှေဈေး စံချိန်ချိုးသဖြင့် ပြည်တွင်း ရွှေဈေးပါ တဟုန်ထိုး တက်၍ စံချိန်တင် သွားကြောင်း သတင်းရရှိသည်။

ယနေ့ ရန်ကုန်နှင့်မန္တလေး ရွှေဈေးကွက်တွင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သားအတွက် ၆၇၀၃၀၀ ကျပ်ဈေး ဖြစ်သွားကြောင်း သိရသည်။

စက်တင်ဘာလဆန်းမှစ၍ အောက်တိုဘာ ဒုတိယပတ်အတွင်း ရောက်သည်အထိ အခေါက်ရွှေတကျပ်သားလျှင် ၆၅၀၀၀၀ ကျပ် ခန့်နှင့် ဈေးငြိမ်ခဲ့ရာမှ ယခု ကမ္ဘာ့ရွှေဈေး တက်မှုကြောင့် တရက် နှစ်ရက်အတွင်း တကျပ်သားလျှင် ကျပ် ၂ သောင်းကျော် ဈေးမြင့်တက် သွားသည်။

ygn-gold-shopရွှေဈေးတက်မှုကြောင့် ရွှေဈေးကွက်တွင် ရွှေအရောင်းအ၀ယ် မရှိသလောက်ဖြစ်သွားပြီး ဈေးကွက် အခြေအနေကို စောင့်ကြည့်နေကြကြောင်း ရန်ကုန်အခြေစိုက် ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

“အခု တက်တာက ပြည်ပရွှေဈေးတက်လို့ ပြည်တွင်းကလိုက်တက်တာ။ ကမ္ဘာ့ဈေးကွက်နဲ့ ပြည်တွင်းဈေးကွက် ချိတ်ဆက် တက်တာ။ ရွှေအသင်းအနေနဲ့ ဈေးနှုန်းဝင်ထိန်းဖို့ အစီအစဉ် မရှိဘူး” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသူတော်နှင့်နီးစပ်သူ ရွှေကုန်သည်တဦးက ပြောသည်။

အဆိုပါ ရွှေကုန်သည်က အာဏာပိုင်များအနေနှင့် ရွှေကုန်သည်များ အသင်းအား ရွှေဈေးထိန်းချုပ်ခိုင်းစေရန် အလားအလာ ရှိသည်ဟု ဆိုသည်။

ယနေ့ ရွှေဈေး စံချိန်တင်ထိုးတက်ခဲ့ရာ ရန်ကုန်ရွှေဆိုင်များတွင် ရွှေထည်အပ်သူ မရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

“လူတွေ စီးပွားရေးကျတဲ့အချိန်မှာ ရွှေဈေးက တအားတက်တာဆိုတော့ ရွှေဝယ်ဖို့ မဖြစ်နိုင်ဘူး။ ရွှေဆိုင်တွေက ခြောက်တီးခြောက်ကပ်ပဲ” ဟု ရန်ကုန်ရှိ တော်ဝင်ရတနာ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် ယမန်နေ့က စံချိန်တင်တက်ခဲ့ပြီး ရွှေတစ်အောင်စ အမေရိကန်ဒေါ်လာ ၁၃၈၅. ၅၀၀ (တကျပ်သားလျှင် ၇၃၈.၉၃ ဒေါ်လာ၊ ကျပ်ငွေနှင့်ဆိုလျှင် ၆၇၉၈၁၆) အထိ မြင့်တက်သွားသည်။

“အမေရိကန် တဒေါ်လာ ၉၂၀ ကျပ်ပဲရှိလို့၊ အရင်ငွေလဲနှုန်း တဒေါ်လာ ၁၀၀၀ ကျပ်လောက်နဲ့သာဆိုရင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၇ သိန်းလောက်ဖြစ်နေပြီ” ဟု တော်ဝင်ရတနာ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ရွှေဈေးအပါအ၀င် ပြည်တွင်းကုန်စည်ဈေးများကို မြို့တော်ဝန်ဦးအောင်သိန်းလင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော
ရန်ကုန်မြို့တော် ကုန်ဈေးနှုန်းထိန်းသိမ်းရေးအဖွဲ့နှင့် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော
နေပြည်တော် ကုန်ဈေးနှုန်းထိန်းသိမ်းရေးအဖွဲ့က ထိန်းကွပ်လျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်