သစ်တော မထိန်းသိမ်းလျှင် စားနပ်ရိက္ခာ မဖူလုံနိုင်

E-mail Print
မြန်မာနိုင်ငံ အတွင်းရှိ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ မလုပ်ဆောင်ပါက အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရှိကြောင်း မြန်မာ ပညာရှင်များက ပြောကြားလိုက်သည်။

irrawaddy-riv“ဒီအတိုင်းသွားရင် (သူများတိုင်းပြည်ကနေ) ဆန်ဝယ်စားရလိမ့်မယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှုးချုပ် ဒေါက်တာထွန်းလွင်က ပြောသည်။

ယခုနှစ် ၉ လတာ အတွင်း မြန်မာနိုင်ငံသည် ပူပြင်းခြောက်သွေ့မှုဒဏ် အပါအဝင် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု ဒဏ်ကို ပိုမိုသိသာစွာ ခံစားလာရပြီး ပူပြင်းသော အယ်လ်နီညို၊ အေး၍ စွတ်စိုသော လာနီညာ စသည့် ကြီးမားသော ရာသီဥတုဒဏ်များကို ခံစားလာရကာ စိုက်ပျိုးရေးလုပ်ငန်းများကို များစွာထိခိုက်လာကြောင်း ၎င်းက ဆိုသည်။

နိုင်ငံအတွင်းရှိ သစ်တောများကို စည်းကမ်းမဲ့ ခုတ်ခြင်းကြောင့် တောများပြုန်းတီးလာပြီး မြေဆီလွှာ ခန်းခြောက်ကာ မြစ်များတွင် နုန်းပို့ချမှု မြင့်တက်လာကြောင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု အဓိက အကြောင်းအရင်းမှာ သစ်တောများ ပြုန်းတီးလာခြင်းကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းကလည်း ပြောကြားသည်။

သစ်တော ထိန်သိမ်းမှု မပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဦးအုန်းက “အခုက သစ်ပင် ၁၀ ပင်ခုတ်ရင် ၁ ပင်ပဲ ပြန်စိုက်နိုင်တယ်” ဟု ထောက်ပြသည်။

တနှစ်လျှင် မိုးရေချိန် ၄၀ လက်မ အောက်သာ ရရှိပြီး စိုက်ပျိုးဖြစ်ထွန်းရန် ခက်ခဲသော မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသမှာ တဖြည်းဖြည်း ကျယ်ဝန်းလာကြောင်း၊ မူလက စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် တချို့ဒေသများသာ ထိုမိုးခေါင်ရေရှား ဒေသတွင် ပါဝင်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းနှစ်များတွင် ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်မြောက်ပိုင်းတို့ ပါဝင်လာကြောင်း သိရသည်။

“ဒီဒေသက တဖြည်းဖြည်းနဲ့ အရှေ့တောင်ဘက်ကို ချဲ့လာတယ်။ ဒီလိုမျိုး ဖြစ်လာရခြင်း အဓိက အကြောင်းရင်းကတော့ မိုးရွာသွန်းဖို့ အရေးပါတဲ့ သစ်တောတွေ မရှိတော့တာပဲ” ဟု ဒေါက်တာထွန်းလွင်က သုံးသပ်ပြောကြားသည်။

ယခုနှစ်အတွင်း ဖြစ်ပေါ်နေသော မိုးလေ၀သ ဖြစ်စဉ်များသည် ရိတ်သိမ်းချိန်တွင် လွန်စွာ အနှောင့်အယှက်ဖြစ်စေပြီး စပါးအထွက်နှုန်းကို ထိခိုက်စေကာ ဆုံးရှုံးမှု များပြားလာနိုင်ကြောင်း၊ ဆိုးဆိုးဝါးဝါးဖြစ်ပွားနေသော သစ်တောများ ပြုန်းတီးလာခြင်းသည် ဂေဟစနစ်နှင့် ရာသီဥတု ဖြစ်စဉ်များကို များစွာ ထိခိုက်စေပြီး မြေဆီအရည်အသွေးကိုလည်း ထိခိုက်စေကြောင်း မြန်မာ့ဆန်စပါး သုတေသီတဦးက ဆိုသည်။

“စပါးပင်တွေက မှည့်တော့မယ်။ မိုးက ရွာတုန်း၊ ရေကကြီးတုန်း။ ဒါက တကယ့်ပြဿနာ။ ဒီလိုအချိန်မှာ ရိတ်သိမ်းချိန်လွန် နည်းပညာတွေ၊ စပါးအခြောက်ခံစက်တွေ အရမ်းအရေးကြီးလာပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။

အောက်တိုဘာ လဆန်းတွင် နိုင်ငံတ၀န်း မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေကြီးမှုဒဏ်ကို ခံစားခဲ့ရပြီး တချို့ဒေသများတွင် စိုက်ပျိုးစပါးခင်းများ ပျက်စီးနိုင်ကြောင်း ပြည်တွင်းသတင်းဂျာနယ်များက ဖော်ပြကြသော်လည်း ပျက်စီးသော စိုက်ပျိုးဧရိယာကိုမူ ဖော်ပြခြင်း မရှိသေးပေ။

၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် မိုးရွာရက် ကာလတိုအတွင်း မိုးရွာသွန်းမှုနှုန်း များပြားလာကြောင်း၊ ထိုသို့ မိုးရွာသွန်းချိန်နှင့် ရွာသွန်းနှုန်းများ ပြောင်းလဲလာရာ စိုက်ပျိုးရေးကို အကျိုးယုတ်စေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

“မိုးမရွာရင်လည်း မရွာဘူး။ ခေါ်လိုက်ရတာ။ ရွာတော့လည်း ဒလဟော။ ဒီလိုပုံစံက ဘယ်လိုနည်းနဲ့မှ စိုက်ပျိုးရေး မဖြစ်ထွန်းဘူး” ဟု ၎င်းက သုံးသပ်သည်။

ချင်းပြည်နယ်တွင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကိုဆိုးရွားစွာ ကြုံတွေ့နေရပြီး ယင်းအကျိုးဆက်ကြောင့် ယခုနှစ်များအတွင်း ဆက်တိုက် အစာရေစာ ငတ်မွတ်ရှားပါးမှု ပိုမိုကြုံတွေ့နေရကြောင်းသိရသည်။

ချင်းပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းဘဲထားပါက နောင် ၁၅ နှစ်အကြာတွင် တောင်ပေါ်ကန္တာရ ဖြစ်သွားနိုင်ကြောင်း အောက်တိုဘာလထုတ် Living Color မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံများတွင် ပါဝင်ပြီး ၁၉၉၀ မှ ၂၀၀၅ ခုနှစ်အတွင်း သစ်တောဧရိယာ ၁၈ ရာခိုင်နှုန်း ပြုန်းတီးခဲ့ကြောင်း Global Witness အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ မြန်ဆန်စွာ ပြုန်းတီးရခြင်းမှာ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များက သစ်တောများကို စည်းကမ်းမဲ့ ခုတ်ခြင်း၊ စစ်အစိုးရ၏ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် ပူးတွဲ၍ ရေအားလျှပ်စစ် အများအပြား လုပ်ကိုင်နေခြင်းကြောင့် ကချင်နှင့် ကရင်ပြည်နယ်အတွင်း ဒေသခံများ ရွှေ့ပြောင်းရခြင်း၊ လူမှုနေထိုင်မှုဘ၀များ ထိခိုက်ခြင်း၊ ပတ်ဝန်းကျင် ဂေဟစနစ် ညီမျှမှုကို ထိခိုက်ခြင်းများ ဖြစ်ပေါ်စေကြောင်း နိုင်ငံတကာ ပတ်ဝန်းကျင်နှင့် လူအခွင့်အရေး ဆိုင်ရာ အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် မိုးစပါးနှင့် နွေစပါး စိုက်ပျိုးမြေ စုစုပေါင်း ဧက သန်း ၂၀ ခန့်ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်