NLD နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ရွေးကောက်ပွဲ သဘောထား ဆွေးနွေး

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်တို့ ဦးဆောင်၍ ရွေးကောက်ပွဲအပေါ် NLDပါတီနှင့် တိုင်းရင်းသားများ၏ သဘောထားကို ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

“မနေ့ညက မိုးညှင်းမြို့နယ်က ဦးဖေစိန်အိမ်မှာ အင်းတော်၊ ကသာ၊ ဗန်းမော်စတဲ့ ၄ မြို့နယ်က အဖွဲ့ဝင် ၁၀၀ လောက်နဲ့ ဆွေးနွေးတယ်။ နောက် ကချင်ပြည်နယ် စည်းရုံးရေးမှူး ဦးတင်ဝယ် နေအိမ်မှာလည်း ဆွေးနွေးပွဲ ထပ်လုပ်တယ်။ အဲဒီမှာ အဖွဲ့ဝင် ၄၀၀ လောက်အထိ တက်တယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအုံးကြိုင်က ဧရာဝတီသို့ ပြောသည်။

မိုးညှင်းမြို့နယ်တွင် ဦးအုံးကြိုင်က “NLD ပိုမိုကျစ်လျစ်ခိုင်မာရေးနှင့် ရွေးကောက်ပွဲသပိတ်”၊ ဦးအေးသာအောင်က “အဖွဲ့ချုပ် ရှေ့လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားများ ပိုမိုသွေးစည်းညီညွတ်ရေး”၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်အေးအေးမာက “ဒေါ်အောင်ဆန်းစုကြည်၏ လူထုသို့ မှာကြားချက်များ”၊ ဗဟိုဦးစီးကော်မတီဝင် ဒေါက်တာဇော်မြင့်မောင်က “ရွေးကောက်ပွဲနှင့် NDF အကြောင်း”၊ ဗဟိုလူငယ်တာဝန်ခံ ကိုမျိုးညွန့်က “ရွေးကောက်ပွဲသပိတ်နှင့် လူငယ်တာဝန်” စသည့် ခေါင်းစဉ်များဖြင့် ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးအုံးကြိုင်က “ဦးတင်ဝယ်အိမ်မှာ ပါတီဝင်မဟုတ်တဲ့ ကချင်လူငယ်တွေလည်း လာရောက်နားထောင် ဆွေးနွေးကြတယ်။ ရွေးကောက်ပွဲသပိတ်နဲ့ ပါတီ ပိုမိုကျစ်လျစ် ခိုင်မာရေးဆိုတဲ့ အပေါ်ကို ဒေသခံပါတီဝင်တွေ တက်တက်ကြွကြွ ပြန်လှန် ဆွေးနွေးကြတယ်” ဟု ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် NLD ဗဟိုအဖွဲ့ဝင်များ မြစ်ကြီးနားမြို့နယ်သို့ ရောက်ရှိကြပြီး NLD အဖွဲ့ဝင် ဒေါ်ငွေကြိုင်အိမ်တွင် ဒေသခံပါတီဝင်များနှင့် ဆွေးနွေးနေကြကြောင်း၊ ကချင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ခြင်း ရှိ မရှိကိုမူ မသိနိုင်သေးကြောင်း ဦးအုံးကြိုင်က ဆက်လက်ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထပ်မံ မှတ်ပုံမတင်ရန် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက်ချခဲ့သည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စစ်အစိုးရပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့သည်။

သို့သော် NLD ပါတီက ယင်းသို့ ပယ်ဖျက်ခြင်းသည် ဥပဒေနှင့် မညီကြောင်း တုံ့ပြန်ခဲ့ပြီး တရားရုံးချုပ် (ရန်ကုန်) သို့ ပါတီ ဆက်လက်ရပ်တည်ခွင့်အတွက် တင်ပြခဲ့ရာ ယခုလ ၅ ရက်နေ့တွင် တရားရုံးချုပ်က လက်ခံခဲ့သည်။

ပါတီဆက်လက်ရပ်တည်ခွင့်အတွက် ဥပဒေကြောင်းအရ ဆောင်ရွက်နေစဉ်အတွင်း ပါတီသည် တရားဝင် ဆက်လက် ရပ်တည်ခွင့်ရှိဆဲဖြစ်ကြောင်း ပါတီပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက သတင်းဌာနများသို့ ယမန်နေ့က ပြောဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်