မြေသိမ်းအမှုတွင် ယုဇန ဦးဌေးမြင့်ကို ချန်လှပ်

E-mail Print
စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီကို ကချင်ပြည်နယ်မှ မြေယာ အသိမ်းခံရသည့် တောင်သူ ၄၆ ဦးက လျော်ကြေးရလိုမှုဖြင့် တရားစွဲဆိုခြင်းကို  မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးက လက်ခံ လိုက်သော်လည်း ဦးဌေးမြင့် အမည်ကို ချန်လှပ်ထားရန် အမိန့်ချခဲ့ကြောင်း သတင်းရရှိသည်။

“ဒီခြံမြေ ယာမြေတွေက အစဉ်အလာ ဓားမဦးချ စိုက်မြေတွေဖြစ်ပြီး သီးစားချထားခွင့်ရတဲ့ မြေတွေမှာ စိုက်ထားတဲ့ သီးနှံတွေအတွက် လျော်ကြေးတောင်းတာပါ” ဟု တောင်သူများ၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ  မြေယာများ သိမ်းယူခြင်းကို ၂၀၀၇ ခုနှစ်ကတည်းက မိုးညှင်းခရိုင် ဖားကန့်မြို့ရှိ ကျေးရွာများတွင် စတင်ခဲ့ခြင်းဖြစ်ပြီး တောင်သူဦးရေ ၆၀၀ ကျော်၏ မြေ ၁၀၀၈ ဧက သိမ်းယူခဲ့သည်။

ယုဇနကုမ္ပဏီက စစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြေယာများကို သိမ်းယူရာတွင် ယင်းမြေပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများ၊ လယ်မြေနှင့် ဥယျာဉ်ခြံများ ပျက်စီးခဲ့ရသည့်အတွက် လျော်ကြေးရရှိရန် တောင်သူများက တရားစွဲဆိုခြင်းဖြစ်ကြောင်း၊ တရားရုံးက ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်အစား ကုမ္ပဏီတာဝန်ခံ တဦးဦးကို ပြောင်းလဲ တရားစွဲရန် အောက်တိုဘာလ ၁၁ ရက်နေ့က ကြားဖြတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးမြင့်သွင်က ရှင်းပြသည်။

မြေသိမ်းခံရသည့် နစ်နာသူ တောင်သူပေါင်း ၅၀၀ ကျော်ကို လျော်ကြေးပေးအပ်ခဲ့သော်လည်း တချို့သော တောင်သူများကို လုံးဝလျော်ကြေး မပေးခြင်း၊ ပေးလျှင်လည်း သတ်မှတ်ထားသည့် လျော်ကြေးငွေ အပြည့်အ၀ မရခြင်းများ ရှိသည်ဟု  သိရသည်။

ယုဇနကုမ္ပဏီသည် မြေသိမ်းခံရသည့် တောင်သူများကို တဧကလျှင် ကျပ်ငွေ ၈ သောင်းနှုန်းဖြင့် ရှင်းပေးမည်ဟု တောင်သူများကို ကတိပြုခဲ့သော်လည်း အပြည့်အ၀ မရရှိသည့် တောင်သူများရှိကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် တောင်သူများအနေဖြင့် လုပ်ငန်းများ ပျက်စီးသွားသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း၊ တရားရုံးမှ ချမှတ်သည့် အမိန့်ကို မကျေနပ်၍ ဦးဌေးမြင့်ကို ဆက်လက်တရားစွဲဆိုရန် မန္တလေးမြို့ရှိ အထက်မြန်မာပြည် တရားရုံးချုပ်တွင် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးဌေးမြင့်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု၍ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှ အမျိုးသား လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထိုသို့ ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့်သူဖြစ်၍ တရားရုံးက ဦးဌေးမြင့်အမည်ကို ချန်လှပ်ရန် အမိန့်ချခြင်းဖြစ်နိုင်ကြောင်း လော့လာသူများက သုံးသပ်သည်။

တရားစွဲဆိုသော တရားလိုတောင်သူတဦးဖြစ်သည့် ဒေါ်ဘောက်ဂျာက “မြေသိမ်းခံရကတည်းက အထက်လူကြီးတွေကို တိုင်တာ။ ဘာမှဖြေရှင်းမပေးလို့ တရားစွဲတာ” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း မြေသိမ်းခံခဲ့ရပြီးနောက် ပြည်နယ် အာဏာပိုင် အဆင့်ဆင့်သာမက နေပြည်တော်အထိ တိုင်ကြားခဲ့ကြောင်း၊ သို့သော် အရေးယူမှု မရှိကြောင်း၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) သို့ တိုင်ကြားခဲ့သော်လည်း ထူးခြားမှု မရှိသည့်အတွက် တရားစွဲရခြင်း ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာက ရှင်းပြသည်။

မြေယာများ သိမ်းခဲ့ပြီးနောက် အာဏာပိုင်များက မြေယာအစား ပြန်ပေးကြောင်း၊ သို့သော် စိုက်ပျိုးစားသောက်ရန် မဖြစ်နိုင်သည့် မြေအမျိုးအစားများသာ ဖြစ်ကြောင်း၊ တချို့တောင်သူများကို လျော်ကြေး အပြည့်အ၀ မပေးဘဲနှင့် ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းမှုများလည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်မှ ပြီးခဲ့သည့် လအတွင်းက ထုတ်ပြန်ခဲ့သည့် “Tyrants, Tycoons and Tigers” အမည်ရှိ အစီရင်ခံစာတွင် ဟူးကောင်း ချိုင့်ဝှမ်းမှ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေတွင် ကြံနှင့် ဇီဝလောင်စာဆီအတွက် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြေဧက ၂ သိန်းကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက သိမ်းယူခဲ့ကြောင်း၊ ထိုသိမ်းယူမှုကြောင့် ဒေသခံများ အတင်းအကျပ်ပြောင်းရွှေ့ခံရခြင်း၊ မြေတူးစက်များ အသုံးပြုခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးရခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရကြောင်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်