ဒေါ်အောင်ဆန်းစုကြည်အယူခံ လျှောက်လဲချက် ကြားနာ

E-mail Print
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အယူခံ လက်ခံသင့်၊ မသင့် နှစ်ဘက်ရှေ့နေ လျှောက်လဲချက်ကို တရားရုံးချုပ် (ရန်ကုန်) က ယနေ့ ကြားနာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“မနက် ၁၀ နာရီလောက်ကနေ နေ့ခင်း ၁ နာရီလောက်အထိ နှစ်ဘက် လျှောက်လဲချက် ပေးပါတယ်။ အစိုးရဘက်ကတော့ ရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးတယောက် လာပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်း လျှောက်လဲ ချက်ပေးပါတယ်။ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမအတွက် ဒေါ်ခင်ဌေးကြွယ်က လျှောက်လဲချက်ပေးပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အကျယ်ချုပ်အယူခံကို တရားရုံးက လက်ခံကြားနာရေး၊ မကြားနာရေး ဆုံးဖြတ်ချက် ၂ ပတ်ခန့်အတွင်း ပေါ်ထွက်လာမည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီး ထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဝင်ရောက်ခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းရာ လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံခဲ့ရသဖြင့် ယခုအခါ တရားရုံးချုပ် (ရန်ကုန်) ၌ ပြင်ဆင်မှု တင်သွင်း နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၁ နှစ်တာအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်