ကြံ့ဖွံ့နှင့် ရခိုင်ဒေသခံ ပါတီများအကြား ပြဿနာကြီးထွားနေ

E-mail Print
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောမြို့နယ်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တခြားနိုင်ငံရေးပါတီများအကြား ပြဿနာများ ကြီးထွားနေကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီက သူတို့ရှုံးမယ်ဆိုတာ သိလို့ နည်းပေါင်းစုံနဲ့ အင်အားသုံး အနိုင်ကျင့်နေတာပါ။ စည်းရုံးရေးတွေ မလုပ်ဖို့ ဟန့်တားတယ်၊ သူတို့ပြောတာ နားမထောင်ရင် ရွာလုံးကျွတ် ပြောင်းရွှေ့ခံရမယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီကပဲ နိုင်မယ်ဆိုတာ သေချာပါတယ်” ဟု အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီဝင်တဦးက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း မောင်းတော မြို့နယ် ဒူးညောင်ပေါင်းကြူး ကျေးရွာ၌ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီက စည်းရုံးရေး ဆင်းနေစဉ် ကြံ့ဖွံ့ပါတီက တားမြစ်ခဲသောကြောင့် ရပ်တန့်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း မောင်းတော မြို့နယ် ခမောင်းဆိပ်ကျေးရွာဘက်တွင် ကြံ့ဖွံ့ပါတီနှင့် ဒေသခံတခြားပါတီတို့ ရိုက်နှက်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးပေ။

“ပြဿနာတွေတော့ နည်းနည်းပါးပါးရှိပါတယ်။ ဒါပေမယ့် ရိုက်ပွဲ အဆင့်တော့မရောက်သေးပါဘူး။ ဘယ်လိုလုပ်လုပ်  ပြိုင်မှပဲသိရမှာပါ။ ကျနော်တို့ပါတီ ထောက်ခံမှု ရနေတာတော့ အသေအချာပါပဲ” ဟု အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။

ထိုဒေသတွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ၂ ခုမှာ ဒေသခံလူထု ကိုယ်စားပြုထားသည့် အစ္စလမ်ပါတီများ ဖြစ်သည်။ ထို ၂ ပါတီအနက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်
ငြိမ်းချမ်းရေးပါတီမှာ ကြံ့ဖွံ့ပါတီ၏ ကျောထောက်နောက်ခံ ပြုထားသော ပါတီတခုဖြစ်ကြောင်းသိရသည်။

၎င်းပါတီသည် ရှိုင်း ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးအောင်ဇော်ဝင်း ဦးဆောင်သော ပါတီတခုဖြစ်ပြီး စစ်အစိုးရ၏ ထောက်ခံအားပေးမှုကို အပြည့်အ၀ ရရှိထားသော ပါတီတခုဟုလည်း ဒေသခံများက ဆိုသည်။

“ဒီနေ့ မနက် ၈ နာရီဝန်းကျင်လောက်မှာ ဦးအောင်ဇော်ဝင်းတို့ အဖွဲ့တွေ ကားစီးရေ ၂၀ ကျော်လောက်နဲ့ မောင်းတော တမြို့ လုံးကို လှည့်ပြီး မဲဆွယ်တယ်။ ကြံ့ခိုင်ရေးတံဆိပ်တွေကို ကားတွေမှာကပ်၊ အသံတွေမျိုးစုံ အော်ပြီးတော့ ထင်တိုင်းကြဲနေကြတယ်။ တားဆီးမယ့်သူလည်း မရှိဘူး” ဟု မောင်းတော မြို့ခံ အမျိုးသမီး တဦးက ပြောသည်။

ဦးအောင်ဇော်ဝင်းသည် ယခုရက်ပိုင်းတွင် မောင်းတောမြို့၌ စည်းရုံးရေးများ ဆက်တိုက် လုပ်ဆောင်နေပြီး ၎င်း၏ စည်းရုံးရေးခရီးစဉ်တွင် ကားစီးရေ အများအပြား ခြံရံ၍ အစိုးရ အရာရှိများ၏ ခရီးစဉ် လမ်းကြောင်းကဲ့သို့ ပြုမူနေကြောင်း ဒေသခံများက ဆိုသည်။

ကြံ့ဖွံ့ပါတီသည်  ဒေသခံများအချင်းချင်း ရန်တိုက်ပေးနေသဖြင့် ပြဿနာများ ဆက်လက်ကြီးထွားလာနိုင်ပြီး ရိုက်နှက် သက်ဖြတ်မှုများ ဖြစ်လာနိုင်၍ စိုးရိမ်စရာကောင်းကြောင်း ဒေသခံများက ပြောကြသည်။

ဘူးသီးတောင်၊ မောင်းတောဒေသ၌ အထက်ပါ ပါတီ ၂ ခုအပြင် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့လည်း ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် စုစုပေါင်း ၄ ပါတီသာ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ထိုဒေသတွင် အစ္စလမ်ဘာသာဝင် ဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။


ဒေသခံများအား စည်းရုံးရေးဆင်းရာတွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ကြံ့ဖွံ့ပါတီကသာ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင် အဆောက်အအုံများကို အသုံးပြုကြောင်း ဒေသခံများက ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်များကြောင့် ကျောက်ဖြူမြို့တွင်လည်း အောက်တိုဘာလ ၁၅ ရက်နေ့က ရန်ပွဲဖြစ်မည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၈ ရက်နေ့က မိုးကြိုးပစ် ခံရတဲ့ ကြံ့ဖွံ့ အမတ်ကိစ္စက စတာပါ။ စည်းရုံးရေးဆင်းတာ မအောင်မြင်တာရယ်၊ တခြား ပါတီဝင်တွေကို အသိအမှတ်ပြု၊ နေရာ မပေးတော့တဲ့ကိစ္စတွေ ရယ်ကြောင့် တုတ်ဆွဲ၊ ဓားဆွဲ အနေအထားအထိ ဖြစ်ကြတာပါ” ဟု ကျောက်ဖြူ ဒေသခံ တဦးက ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့ စည်းရုံးရေး ခရီးစဉ်တွင် မိုးကြိုးပစ်ခံခဲ့ရသော ကြံ့ဖွံ့ လွှတ်တော်အမတ်လောင်း ဦးဝေခိုင်နှင့် ကျောက်ဖြူဒေသမှ ၀င်ရောက်အရွေးခံမည့် လွှတ်တော်အမတ် အများစုသည် ကြံ့ဖွံ့ အသင်းဝင်များ မဟုတ်ခဲ့ဘဲ အစိုးရနှင့် ပူးပေါင်းကာ ပါတီ၏ ခေါင်းဆောင် နေရာများကို ရယူထားခြင်းကြောင့် အသင်း၏ တာဝန်များကို နှစ်ပေါင်းများစွာ လုပ်ဆောင် ခဲ့ကြသည့် အောက်ခြေ ပါတီဝင်များမှာ ယခုအခါ လျစ်လျှူရှုခံထားရသောကြောင့် ပါတီတွင်း မကျေနပ်မှုများ ကြီးထွားလာနေကြောင်း ဒေသခံများကဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်