နေပြည်တော်တွင် ဧည့်စာရင်းနှင့် နေသူများကို မဲအတွက် စာရင်းကောက်

E-mail Print
နေပြည်တ်ာတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ကာ ဧည့်စာရင်းဖြင့် နေထိုင်ပြီး အလုပ်လုပ်ကိုင် နေသူများအား ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် စာရင်းကောက်ယူ နေကြောင်း သတင်းရရှိသည်။

“ရယက လူကြီးတွေ တအိမ်တက်တအိမ်ဆင်း လိုက်ပြီး ဧည့်စာရင်းနဲ့ နေတဲ့သူတွေရှိရင် ဒီမှာ မဲပေးမှာလား၊ ပေးမယ်ဆို စာရင်းလုပ်ပေးမလို့ဆိုပြီး လိုက်ပြောနေတယ်” ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

Myanmar_New_Capital_City_Naypyidaw_photos_mandalay_pictures_40ထို့အပြင် ယခုနေထိုင်ရာဒေသတွင် မဲမပေးပါကလည်း အကြောင်းကြားရန် မှာကြားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပျဉ်းမနားမြို့နယ်ရှိ ရယကတဦးက “အထက်လူကြီးတွေက ခိုင်းတာပါ။ ကိုယ့်ဇာတိ မပြန်ဘဲ နေပြည်တော်မှာပဲ မဲပေးမယ့်သူတွေကို မှတ်ပုံတင်မရှိရင် ယာယီသက်သေခံကတ် လုပ်ပေးဖို့လည်း မှာထားပါတယ်။ လူတိုင်း မဲပေးနိုင်အောင် လုပ်ပေးဖို့ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။

ဧည့်စာရင်းဖြင့် နေထိုင်သူတဦးက “ကျနော်တို့ ပျဉ်းမနားမှာဆို ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) နဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပဲ ရှိတယ်လို့ ကြားတယ်။ ကျနော်ကတော့ ဘယ်ကိုမှ မဲသွားပေးဖြစ်မယ် မထင်ပါဘူး” ဟု ပြောသည်။

နေပြည်တော်ခရိုင်တွင် ဧည့်စာရင်းဖြင့်နေထိုင်သူ ၀န်ထမ်းနှင့် ဆောက်လုပ်ရေးလုပ်သားများ သိန်းနှင့်ချီရှိကြောင်း
ပြည်တွင်းထုတ် ဂျာနယ်တစောင်က နေပြည်တော်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို
ကိုးကားဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်