ဒေါ်အောင်ဆန်းစုကြည်အယူခံ တရားရုံးချုပ် လက်ခံ

E-mail Print
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို တရားရုံးချုပ် (ရန်ကုန်) က ယမန်နေ့တွင် လက်ခံလိုက်ပြီ ဖြစ်သည်။

“လက်ခံ လိုက်ကြောင်းတော့ တရားရုံးချုပ်က ထုတ်ပြန်လိုက်ပါပြီ။ ဘယ်နေ့မှာ လျှောက်လဲချက်တွေ စတင်ကြားနာမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ တရားရုံးထုတ်ပြန်ချက်ကို ဆက်စောင့်ရဦးမှာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

portrait-daw-aung-san-suu-kyi-getty-imagesတရားရုံးချုပ် (ရန်ကုန်)၌ တရားသူကြီး ၃ ဦးပါ ခုံရုံးက  ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရရှေ့နေတို့၏ နှစ်ဘက် လျှောက်လဲချက်များကို အောက်တိုဘာ ၁၈ ရက်တွင် ကြားနာခဲ့ပြီး အယူခံမှုကို လက်ခံရန် ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အယူခံအမှုအတွက် အပြီးသတ်လျှောက်လဲချက်များ ပေးရမည့်နေ့ရက် ပေါ်ထွက်မလာသေးသော်လည်း နေပြည်တော်ရှိ တရားရုံးချုပ်၌ တရားသူကြီး ၅ ဦးပါ ခုံရုံးတွင် လျှောက်လဲချက်ပေးရမည် ဖြစ်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့  ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံပြီး ထိန်းသိမ်းထားတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ ပျက်ပျယ်ပြီလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က ထုတ်ပြန်ခဲ့တဲ့အတွက် အခုလို ဆက်လက် ထိန်းသိမ်းထားခွင့်မရှိတော့ဘူးဆိုတာကို လျှောက်လဲသွားမှာပါ"ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ၏ လျှောက်လဲချက်ကို တရားရုံးချုပ်က အနိုင်ပေးခဲ့ပါက ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို  စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်