ရွေးကောက်ပွဲ ရလဒ်ကောင်း မထွက်နိုင်ဟု အမျိုးသမီးအဖွဲ့ပြော

E-mail Print
ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် မည်သည့် ကောင်းကျိုး ရလဒ်ကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် အမေရိကန်မှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် တို့က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ယမန်နေ့က ပြုလုပ်သော “မြန်မာ အမျိုးသမီးများအတွက် ဖြစ်ပေါ်လာမည့် အပြောင်းအလဲ” အမည်ရှိ ဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားကြခြင်း ဖြစ်သည်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ တာဝန်ရှိသူ ဒေါ်တင်တင်ညိုက“ကျမတို့ အနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲ ဟာ နောက်ဆုံးအဖြေ မဟုတ်ဘူးဆိုတာကို မြန်မာပြည်သူကိုရော ကမ္ဘာကိုပါ သိစေချင်တယ်။ ကျမတို့တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့ အလုပ်တွေလုပ်စရာ အများကြီး ရှိနေသေးတယ်။ ဒါကြောင့် နိုင်ငံတကာ အစိုးရ တွေကို တိုက်တွန်းချင်တာက လာမယ့် ရွေးကောက်ပွဲနဲ့ အဲဒီ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် အစိုးရကို အသိအ မှတ်မပြုဖို့၊ လက်မခံကြဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် This is my witness အမည်ရှိ မှတ်တမ်းခွေကို ပြသခဲ့ကြောင်း၊ ယင်းမှတ်တမ်းခွေတွင် နအဖ စစ်တပ် ၏ အနိုင်ကျင့်မှုကို ခံခဲ့ရသည့် အမျိုးသမီးများ၏ ထွက်ဆိုချက်များ၊ အဓမ္မလုပ်အားပေး ခိုင်းစေခံရမှုများကို ဖော်ပြထား ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုမျိုးအပါအ၀င် မြန်မာပြည်သူတရပ်လုံးကို ဆယ်စုနှစ်နှင့်ချီ၍ ဖိနှိပ်ချုပ်ချယ်လာခဲ့သော စစ်အာဏာပိုင် များ၏ ရွေးကောက်ပွဲသည် မျှော်လင့်ချက်မရှိကြောင်း ၁၉၉၇ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် မစ္စ ဂျိုဒီ ဝီလျံ (Jody Williams) က ဧရာဝတီသို့ ပြောသည်။

“ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု မရှိနိုင်ဘူးဆိုတာ ရှင်းရှင်းကြီးပါ။ ဒီရွေးကောက်ပွဲကို ကမ္ဘာက ရလဒ် ကောင်း ရဖို့ မမျှော်လင့်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီရွေးကောက်ပွဲက မြန်မာပြည်အတွက် ဘာရလဒ်ကောင်း မှ မပေါ်ထွက်လာနိုင်ဘူးဆိုတာ သေချာနေလို့ပါ”ဟု ဂျိုဒီ ဝီလျံက ဆိုသည်။

ဆွေးနွေးပွဲသို့ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ မစ္စ ဂျိုဒီ ဝီလျံနှင့် Burma Soldier မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ နစ် ဒန်းလော့ပ်(Nic Dunlop) တို့က ဦးဆောင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်