ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ထိုင်းနိုင်ငံတွင် ပြုလုပ်

E-mail Print
ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း၊ ထိုင်းနိုင်ငံရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်း များက လမ်းလျှောက် ချီတက်ခြင်းနှင့် ပညာပေး ဟောပြောပွဲများ ကျင်းပကြကြောင်း သိရသည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ AIDS နေ့တွင် ရာနှင့်ချီသော မြို့ခံများ၊ မြန်မာအလုပ်သမားများနှင့်ကျန်းမာရေး ၀န်ထမ်းများ၊ World Vision စသည့် NGOs အဖွဲ့များ၊ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက် ရေးအဖွဲ့ (SAW) နှင့် မြန်မာအမျိုးသမီးသမဂ္ဂတို့သည် မဲဆောက်ဆေးရုံမှ မယ်တော်ဆေးခန်းအထိ ချီတက်ခဲ့ ကြ သည်။

မယ်တော်ဆေးခန်း၏ သွေးစစ်ဌာန HIVဝေဒနာရှင်ကူညီစောင့်ရှောက်သူ စောသန်းလွင်က“ဒီဇင်ဘာ ၁ ရက် နေ့ရောက်တိုင်း ကမ္ဘာ့ AIDSနေ့ အထိမ်းအမှတ်အဖြင့် HIV/AIDS  တားဆီးကာကွယ်ရေး နဲ့ပတ်သက် ပြီး ပြည်သူလူထုကြားမှာ အသိပညာရစေဖို့ နဲ့ ကာကွယ်တားဆီးရေးမှာ ပိုမို ပူးပေါင်းပါဝင်လာဖို့အတွက်ရည် ရွယ်တယ်၊ HIV/AIDS နဲ့ပတ်သက်တဲ့ ပညာပေးဆောင်ပုဒ်တွေကို ကိုင်တယ်၊ ပညာပေးလက်ကမ်း စာဆောင် တွေဝေတယ်၊ ကွန်ဒုံတွေဝေတယ်”ဟု ပြောသည်။

ယင်း မယ်တော်ဆေးခန်းတွင်လာရောက် ကုသမှုခံယူသည့် စာရင်းအရ ၂၀၀၁မှ ၂၀၀၈ခုနှစ်အတွင်း HIV/AIDS ဝေဒနာရှင် ၁၀၀၀ နီးပါးရှိပြီး တနှစ်လျှင် လူ ၁၀၀ ကျော် တိုးလာကြောင်းလည်းသိရသည်။ ၎င်းဝေဒနာရှင် အများစုမှာ အသက်၂၀ မှ ၄၀ကြားဖြစ်ပြီး မြန်မာပြည်တွင်းမှ လာရောက်ကုသသူများနှင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ထဲမှဖြစ်သည်ဟုလည်း သိရသည်။

မယ်တော်ဆေးခန်းအနေဖြင့် HIV/AIDS လူနာများအတွက် ART ဆေးဝါးကို ၃ ရာခိုင်နှုန်းခန့်သာ ပေးနိုင် ကြောင်းလည်း စောသန်းလွင်ကပြောသည်။

ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင် “HIV/AIDS တားဆီးတိုက်ဖျက်ရေး မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ” ဟူသည့် ခေါင်းစဉ်ဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပပျောက်ရေး အတွက် ဘက်စုံ ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး စီမံချက် ၂၀၀၆မှ၂၀၁၀ အထိ HIV/AIDS ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက် လုပ်ငန်းကြီး ၁၀ချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်းစာတွင်ဆက်လက်ပြီး ၂၀၀၆ခုနှစ် WHOနှင့် UNAIDS ပူးတွဲထုတ်ပြန်ချက်အစီိရင်ခံစာတွင် မြန်မာနိုင်ငံ၌ ၂၀၀၀ခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင်များအတွင်း ဖြစ်ပွားနှုန်းသည် ၂.၂ရာခိုင်းနှုန်းမှ ၁.၃ ရာခိုင်နှုန်းအထိလျော့နည်းသွားကြောင်းနှင့် ၂၀၀၁ခုနှစ်တွင် ၂၀၀၅ခုနှစ်အတွင်း အမျိုးသားကာလသား ရောဂါဝေဒနာရှင်အတွင်း ၈ရာခိုင်နှုန်းမှ ၄ရာခိုင်နှုန်း လျော့နည်း ကျဆင်းသွားသည်ဟုလည်း ပါရှိသည်။

ရောဂါပိုးကူးစက်ခံထားရသည့် ဝေဒနာရှင်များနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ ဝေဒနာရှင်များအား ART ဆေးတိုက်ကျွေးခြင်း၊ အိမ်တွင်းစောင့်ရှောက်ခြင်းလုပ်ငန်းများဆောက်ရွက်ပေးလျက်ရှိပြီး ARTဆေးတိုက် ကျွေးမှုကို ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီး၊ မင်္ဂလာဒုံအထူးကုဆေးရုံကြီး အပါအဝင် ပြည်နယ်/တိုင်း ဆေး ရုံကြီးများမှ ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။  

သို့သော် နယ်စည်းမခြားဆရာဝန်များ(MSF) အဖွဲ့က မြန်မာနိုင်ငံတွင် ARTဆေးဝါး မလုံလောက်သည့် အတွက် ယခုနှစ်အတွင်း သေဆုံးနိုင်သူ နှစ်သောင်းခွဲအထိရှိပြီး တနိုင်ငံလုံးအတိုင်း အတာအရ HIVရောဂါ ကူးစက်ခံနေရသူ ခန့်မန်းခြေ နှစ်သိန်းခွဲခန့်အနက် လူတသောင်းငါးထောင်ခန့်သာ ART ဆေးဝါးကုသခွင့် ရသည်ဟု ထုတ်ပြန်ကြေညာသည်။

MSF အဖွဲ့မှ လူတသောင်းတထောင် ကို ကုသမှုပေးနေသော်လည်း လူခုနစ်သောင်းခွဲကျော် မှာ အရေးပေါ် ဆေးကုသမှု လိုအပ်နေကြောင်း လည်းထုတ်ပြန်ထားသည်။
 
ရန်ကုန်အခြေစိုက် HIV/AIDS ဝေဒနာရှင်များအား အကူအညီပေးနေသော အဖွဲ့အစည်းတခုဖြစ်သည့် (Population Services International-PSI) ရှိ တာဝန်ရှိသူအကြီးအကဲများသည် ကမ္ဘာ့AIDSနေ့ နှင့် ပတ်သက်ပြီး နေပြည်တော်တွင်ကျင်းပသည့် အစည်းအဝေးသို့ သွားနေသည်ဟု PSI မှ တာဝန်ခံ တဦး ကပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်