မော်လမြိုင် မြို့မဈေးကြီး မီးလောင်

E-mail Print
မော်လမြိုင်မြို့၏ အထင်ကရ ဈေးကြီး တခုဖြစ်သည့် မြို့မဈေး (အောက်ဈေး) ကြီးသည် ယမန်နေ့ ညနေပိုင်းက စတင်၍ မီးလောင်ရာ ယနေ့ မနက်အထိ ဈေးတခုလုံး လောင်ကျွမ်း ခဲ့ကြောင်း မော်လမြိုင် မြို့ခံများက ပြောသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်မှ စတင် လောင်ကျွမ်းခဲ့သော မြို့မဈေးမီးသည် ယနေ့ နံနက် ၆ နာရီခန့်အထိ မီးခိုးငွေ့များ မသေသေးဘဲ ဈေးတခုလုံး လောင်ကျွမ်းသွားပြီး ဈေးအတွင်းမှ ပစ္စည်းများ သယ်ယူသည့် ဈေးသူဈေးသား အများအပြား ဒဏ်ရာရခဲ့သည်ဟု ယင်းမော်လမြိုင် မြို့ခံများက ပြောသည်။

“တချို့ဆိုရင် သူတို့ပစ္စည်းတွေ မီးထဲပါသွားတာ ဘာမှ မရတော့ဘူး၊ သူတို့ကို ကူညီကြပါဦးလို့ အော်သူက အော်၊ တချို့ ငိုတဲ့သူက ငိုရင်း မူးမေ့လဲတဲ့ သူတွေတောင် ရှိတယ်”ဟု မြို့ခံတဦးက ပြောပြသည်။

မော်လမြိုင် ပြည်သူ့ဆေးရုံကြီး တွင်လည်း မီးလောင်ဒဏ်ရာ ရသူများသောကြောင့် ကုသပေးနေသည့် သူနာပြုများပင် မနိုင်သည့် အတွက် ၎င်း၏ ဆေးခန်းမှ သူနာပြု ၂ ဦး သွားရောက် ကူညီနေရကြောင်း မော်လမြိုင်မြို့မှ ကိုယ်ပိုင် ဆေးခန်း ဖွင့်ထားသော ဆရာဝန် တဦးက ပြောသည်။

မီးစတင် လောင်ကျွမ်းသည့် အချိန်တွင် ရဲ တပ်ဖွဲ့က ဈေးသူ ဈေးသားများအား ဈေးအတွင်း ၀င်ရောက်၍ ပစ္စည်းများကို သယ်ယူခွင့် မပေးဘဲ ၎င်းတို့ မထိန်းနိုင်သည့် အချိန်တွင်မှ ခွင့်ပြုခဲ့သောကြောင့် ဒဏ်ရာရသူ များပြားရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ခန့်မှစပြီး မီးစတင် လောင်ကျွမ်းခဲ့ရာ ည ၁၁ နာရီအချိန်ခန့်တွင် မီးစွယ်ကျိုးသွား သော်လည်း ဒီဇင်ဘာ၂ ရက်နေ့ မနက်ပိုင်း အထိ လောင်ကျွမ်း ခဲ့ကြောင်း မော်လမြိုင်မြို့ အောက်လမ်းကြီး ဈေးကြို အဝေးပြေး ကားဂိတ်ဝင်းရှိ ရန်ကုန်-မော်လမြိုင် ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းမှ လက်မှတ်ရောင်း တဦးက ရှင်းပြသည်။

“တညလုံး လောင်တာ။ မီးသတ် ကားတွေ အနီးအနား ပြည်နယ် တွေဆီကတောင် လာတယ်၊ ပေါင်မြို့က မီးသတ်ကား တွေတောင် လာတယ်၊ ကျိုက်ထို၊ မုဒုံ၊ သိမ်ဖြူဇရပ် ပတ်ဝန်းကျင် မြို့တွေကလည်း မီးသတ်ကားတွေ ရောက်တယ်၊ မီးကတော့ တညလုံးကို လောင်တာ၊ ခုထက်ထိလည်း တငွေ့ငွေ့နဲ့ လောင်နေတုန်း”ဟု မော်လမြိုင် ကမ်းနား လမ်းနေ ဒေသခံ တဦးက ပြောသည်။

မီးလောင်ကျွမ်းခံရသည့် ဈေးဆိုင်များတွင် အ၀တ်အထည် ဆိုင်များ၊ ဆေးဆိုင်များ၊ တီဗွီ၊ ရေခဲသေတ္တာ အစရှိသည့် အီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်များ၊ လူသုံးကုန် ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ အပါအ၀င် ဆိုင်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်း၊ ဈေးပိတ်ချိန်တွင် စတင်လောင်ကျွမ်းခြင်း ဖြစ်သည့် အတွက် လူအသေ အပျောက် မရှိကြောင်း သိရှိရသည်။

“ဘာမှကို ပြန်မရတော့ဘူး၊ အားလုံး ကုန်သွားတာ”ဟု မီးလောင်ကျွမ်း ခံရသည့် ဆေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်း မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ထောင်ချီရှိနိုင်ကြောင်း မော်လမြိုင်မြို့ခံ များ၏ အဆိုအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်