HIV/AIDS ဝေဒနာရှင်များ ဆက်လက်နေထိုင်ခွင့်ရ

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှုအထောက် အကူပြုအဖွဲ့မှ ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို အာဏာပိုင်များက ဧည့်စာရင်း ထပ်မံတိုင်ကြားခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

ယခုတကြိမ် ဧည့်စာရင်းတိုင်ကြားခွင့်ရရှိခြင်းအားဖြင့် ဝေဒနာရှင်များသည် လက်ရှိနေရာ၌ပင် ဒီဇင်ဘာလ ၁ ရက်နေ့ အထိ နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ဝေဒနာရှင်များအတွက် အပတ်စဉ် ဧည့်စာရင်းတိုင်ကြားကြရပြီး ရှေ့လျှောက် တွင်လည်း ဧည့်စာရင်းတိုင်ကြားခွင့်ဆက်လက်ရရှိရန် မျှော်လင့်ကြောင်း မဖြူဖြူသင်းက ဆိုသည်။

ဝေဒနာရှင်များကို ထားရှိသည့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ ဂေဟာကိုဦးစီးနေသည့် NLD ဗဟိုကော်မတီဝင် မဖြူဖြူသင်း က ယခုကဲ့သို့ ဧည့်စာရင်းတိုင်ကြားခွင့်ပြန်လည် ရရှိခြင်းကို ဝမ်းသာကြောင်း အာဏာပိုင်များကလည်း လုပ် သင့် လုပ်ထိုက်သည့် ကိစ္စတရပ်ကို လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အစတည်းက ဒီလိုမျိုးတွေမလုပ်သင့်ဘူးလေ၊ ဘာလို့လဲဆိုတော့ ဒီမှာရှိတဲ့ လူနာတွေက အနယ်နယ်အရပ်ရပ်ကနေ ဆေး လာကုကြတဲ့ တကယ့်ကို ခိုကိုးရာမဲ့နေတဲ့လူတွေလေ၊ သူတို့မှာ အရမ်းအခက်အခဲရှိလို့ ဒီမှာလာနေကြရတာ။ ဒီမှာ နေထိုင် ရတာ သူတို့အတွက် အများကြီး အဆင်ပြေတယ်”ဟု မဖြူဖြူသင်းက ပြောသည်။

မဖြူဖြူသင်းက“ပြည်သူတွေ၊ အနုပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ဒီလူနာတွေဘက်က ဝင်ရောက် ရပ်တည်ပေးတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကူညီမှုတော့ အများကြီး ရခဲ့တာပေါ့။ သံရုံးအသီးသီး၊ ကမ္ဘာအနှံ့မှာရှိတဲ့ မီဒီယာ တွေ၊ အဖွဲ့ အစည်းတွေကြောင့် မို့လို့ အာဏာပိုင်တွေဘက်က ဘာမှလုပ်လို့ မရတော့ဘဲ နောက်ဆုတ်သွားတာမျိုး ဖြစ်နိုင် တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယခုလ ၁၇ ရက်နေ့က ဝေဒနာရှင်များ ထားရှိရာဂေဟာသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာ ရောက်ကာ လူနာများနှင့် တွေ့ဆုံပြီး နောက်တရက်တွင် ဒေသခံအာဏာပိုင်များက ဝေဒနာရှင်များကို ထပ်မံနေထိုင်ခွင့်ပြု တော့မည်မဟုတ်ဟုဆိုပြီး ဖိအားပေးခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဂေဟာမှတာဝန်ရှိသူများကို ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များတွေ့ဆုံပြီး လူနာများ ကို သာကေတဆေးရုံသို့ လွှဲပြောင်းပေးရန် ပြောဆိုခဲ့ပြန်သည်။ ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရသတင်းစာတွင်လည်း ဝေဒနာ ရှင်များ အတူတူနေထိုင်ကြခြင်းသည် ရောဂါပိုမိုဆိုးရွားလာနိုင်သဖြင့် အစိုးရ၏ အထူးကုဆေးရုံများသို့ ပြောင်းရွှေ့ရန် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားသည် ဟုပါရှိသည်။

ဝေဒနာရှင်တဦးဖြစ်သူ ကိုစူပါက ယခုကဲ့သို့ဆက်လက်နေထိုင်ခွင့်ရရှိရန် ရယက၊ မယက များထံသို့ ၎င်းတို့သည် မြန်မာ နိုင်ငံသားများဖြစ်ကြကြောင်း၊ စစ်အစိုးရက အတည်ပြုပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ ၃၅၅ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း မည်သည့်နေရာ၌မဆို ဥပဒေနှင့်အညီနေထိုင်ခွင့် ရှိသည်ဟု ပါရှိကြောင်း၊ ထို့ကြောင့် ၎င်းအပါအဝင် ဝေဒနာရှင် ၈၀ ကျော်ကို ဧည့်စာရင်းထုတ်ပေးရန် အသိပေးတောင်းပန်သည့် စာတစောင်ကို လက်မှတ်ထိုး၍ သက်ဆိုင်ရာသို့ ပေးပို့ခဲ့ရကြောင်းလည်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်