ဆိပ်ခံတံတားသစ် တည်ဆောက်ခွင့် အေးရှားဝေါလ် အများဆုံးရရှိ

E-mail Print
ရန်ကုန်နှင့် သီလဝါ ဆိပ်ခံတံတားသစ် အစင်း ၄၀ တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် အေးရှားဝေါလ် ကုမ္ပဏီက အစင်းရေ အများဆုံး ၁၃ စင်း တည်ဆောက်ခွင့် ရကြောင်း သိရသည်။

httpwww.myanmar.gov.mmဆိပ်ကမ်းလုပ်ငန်း၊ လမ်းပြုပြင်ဖောက်လုပ်မှုနှင့် လွှဲပြောင်းပေးရေးလုပ်ငန်းများ၊  ရေအားလျှပ်စစ်စီမံကိန်းကြီးများကို  လော်စစ် ဟန်၏သား ဦးထွန်းမြင့်နိုင် ပိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်ခွင့်များရရှိနေသည်။

သီလ၀ါ ဆိပ်ကမ်းသစ် တည်ဆောက်ခွင့်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ထူးကုမ္ပဏီ၊ မက်စ်မြန်မာ၊ ရွှေတောင်တန်း ကုမ္ပဏီအပါအဝင် တခြား ကုမ္ပဏီကြီးများ တည်ဆောက်ခွင့် ရရှိသော်လည်း ရန်ကုန် ဆိပ်ကမ်း ဒေသဘက်တွင်  အေးရှားဝေါလ်က တည်ဆောက်ခွင့်အများဆုံးရရှိခြင်းဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့်နီးစပ်သူများထံမှ သိရသည်။

“အေးရှားဝေါလ်က ဆိပ်ကမ်းတွေထဲမှာ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ရင် အခွင့်အရေးရတာ အများဆုံးပဲ။ ရန်ကုန်ဆိပ်ကမ်းထဲမှာဆို ကုန်စည် ကိုင်တွယ်မှု အများဆုံးက အေးရှားဝေါလ်ဆိပ်ကမ်းပဲ။ ဆိပ်ကမ်းအလိုက် ကုန်သေတ္တာကိုင်တွယ်ရတဲ့ ပမာဏကို စာရင်းပြုစုထားတဲ့ ထဲမှာ ဒီနှစ် ကုန်စည် ရာခိုင်နှုန်းက ၄၅ နဲ့ ၅၀ ထဲမှာရှိတယ်” ဟု မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် တဦးက ပြောသည်။

စစ်အစိုးရသည် လာမည့် ၂၀၁၁ ခုနှစ်တွင် ဆိပ်ကမ်းလုပ်ငန်းများ တိုးချဲ့နိုင်ရန်၊ ကုန်စည်ကိုင်တွယ်မှု ပမာဏပိုမို များပြားလာ စေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြစ်နှင့် လှိုင်မြစ် တောက်လျှောက်နေရာတွင် ဆိပ်ကမ်းသစ်များ တည်ဆောက်ရန် ရည်ရွယ် ချက်ဖြင့် ယင်းကဲ့သို့ တည်ဆောက်ခွင့်ပေးလိုက်ခြင်းဖြစ်သည် ဟု သူက ဆိုသည်။

“မြန်မာဆိပ်ကမ်းတွေထဲမှာဆို အေးရှားဝေါလ်ပိုင်တဲ့ ဆိပ်ကမ်းတွေက ထိပ်ဆုံးကပဲ။ ၀န်ဆောင်မှု ကောင်းတယ်။ ပြီးတော့ နေရာကောင်းပြီး ကုန်တင်ကုန်ချလွယ်တဲ့ သီရိမင်္ဂလာဈေးနားမှာ ယူထားတယ်။ ကွန်တိန်နာတင် သင်္ဘောတွေ အများဆုံး ကပ်တာများတယ်” ဟု ဆိပ်ကမ်း လုပ်ငန်းလုပ်ကိုင်နေသည့် ၀န်ထမ်းတဦးက ပြောသည်။

ဆိပ်ကမ်းသစ်များ တည်ဆောက်ပြီးနောက်တွင် ကုန်သေတ္တာ ကိုင်တွယ်ရမှု ပမာဏ ပိုမိုများပြားလာနိုင်သော်လည်း ရန်ကုန်ဆိပ်ကမ်းများသည် ရန်ကုန်မြစ်၏ ရေကြောင်း အနေအထားအရ ရေစူး နိမ့်သောကြောင့် ကုန်တန်ချိန်များစွာ တင်ဆောင်လာသည့် သင်္ဘောကြီးများ ၀င်ထွက်ရန် ခက်ခဲမှုကို အရင်ဖြေရှင်းသင့်သည်ဟု ရေကြောင်း အင်ဂျင်နီယာတဦးက ပြောသည်။

ယခု ရန်ကုန်ဆိပ်ကမ်းဒေသတွင် ဆိပ်ခံတံတား ၁၆ စင်းနှင့် သီလ၀ါ ဆိပ်ကမ်းဒေသတွင် ၆ စင်း စုစုပေါင်း ၂၂ စင်းမှ တနှစ်အ တွင်း ကုန်သေတ္တာ ကိုင်တွယ်မှု သန်း ၂၀ ကျော်ရှိသည်ဟု သိရသည်။

အာဏာပိုင်များသည် လာမည့် ၂၀၁၁ ခုနှစ် အတွက် ကြိုတင်စီမံကိန်းများဖြင့် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း နေခြင်းသည် စီးပွားရေးပုံစံသစ်ကို ဖော်ဆောင်သော မှန်ကန်သည့် နည်းလမ်းတခု မဟုတ်ကြောင်း၊ လုပ်ကိုင် နေသည့် နည်းလမ်းများကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ပါက အစိုးရ၊ ပုဂ္ဂလိက ခွဲခြားရန်ပင် မလိုကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်းက အေးရှားဝေါလ် ကုမ္ပဏီမှ ဦးထွန်းမြင့်နိုင်သည် ရွှေလီ ၂ နှင့် ဘီးလင်း ရေအားလျှပ်စစ် စီမံကိန်းတို့တွင်  BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန် - ကူမင်း အမြန်ရထားလမ်း သစ်တည်ဆောက်မှုတွင်လည်း လမ်းအပိုင်းအလိုက် တည်ဆောက်ခွင့်နှင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရရှိထားခဲ့သည်။

“တရုတ်နဲ့ စပ်ဆက်တဲ့ လုပ်ငန်းမှန်သမျှ အေးရှားဝေါလ်က ရတာများတယ်။  အမြန်ရထားလမ်း ဆိုလည်း တရုတ်နဲ့ မြန်မာ ပေါင်း လုပ်တာပဲ။ လမ်းပိုင်းအနေနဲ့ ကူမင်း-ရန်ကုန်လမ်း တောက်လျှောက်ဖောက်မှာကို သူတို့က နေပြည်တော်-ရန်ကုန် အမြန်လမ်းပိုင်း လုပ်ခွင့်ရမှာ။ ရထားနဲ့ ကျန်တဲ့ လိုအပ်တဲ့ ပစ္စည်းတွေအကုန်လုံးကို တရုတ်က အကုန် ပေးထားပြီးပြီ”ဟု အေးရှားဝေါလ် ကုမ္ပဏီနှင့် နီးစပ်သူ တဦးက ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှုလုပ်ငန်း များ၊ မြန်မာ့သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးနေသည့် အလုံဆိပ်ကမ်းနှင့် သီလ၀ါ ဆိပ်ကမ်းကို အေးရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက် ခွင့်ရရှိ ထားသည်။ 

အမေရိကန်အစိုးရက ၂၀၀၇ ခုနှစ် အောက်တိုဘာလ မှ စတင်ပြီး စစ်အစိုးရ အဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ် သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား တဦးချင်း ပစ်မှတ်ထား၍ ဒဏ်ခတ် ပိတ်ဆို့ထားသူများထဲတွင် ဦးထွန်းမြင့်နိုင်သည် တဦး အပါ အ၀င်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်