ဒေါ်အောင်ဆန်းစုကြည် အမေရိကန် အဆင့်မြင့်အရာရှိနှင့် တွေ့

E-mail Print
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်က ၂ နာရီကျော် ကြာအောင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

Joseph_Y.Yunတက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် အမေရိကန် အဆင့်မြင့်အရာရှိနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် များတို့သည် ယနေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီကျော်အထိ တွေ့ဆုံ စကားပြောခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု အပါအ၀င် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော အကြောင်းအရာ များကို ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက်များအား ရှင်းလင်းပြော ကြားသည်။

“အမေရိကန်နဲ့ မြန်မာအကြား နွေးနွေးထွေးထွေး ဆက်ဆံရေးရှိတယ်။ စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် ကိစ္စ တော်တော် များများ ဆွေးနွေးဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းကမူ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်သည် ကောင်းမွန်သော ခရီးစဉ်ဖြစ်ခဲ့ကြောင်း၊ သို့ရာတွင် ရလဒ်များအား အထူးဂရုပြု စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြောဆိုသည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း သည် နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ခင်ရီအပါအဝင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးကြောင်း စစ်အစိုးရပိုင် သတင်းစာများက ယနေ့ ထုတ်ပြန်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်