ကိုယ်စားလှယ်လောင်း အသုံးစရိတ် အချိန်မီမပြလျှင် နာမည်ပျက်စာရင်း ၀င်မည်

E-mail Print
ရွေးကောက်ပွဲ ၀င်ရောက်သည့် ကိုယ်စားလှယ်လောင်း အားလုံး ရွေးကောက်ပွဲ အသုံးစရိတ်ကို လာမည့် ဇန်န၀ါရီလ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း မတင်ပါက ကိုယ်စားလှယ်လောင်းအဖြစ်မှ ရုပ်သိမ်းပြီး နာမည်ပျက်စာရင်း ကြေညာမည်ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ရွေးကောက်ပွဲ ဥပဒေ အရ ပါတီတခုသည် ကိုယ်စားလှယ်လောင်း တဦးစီအတွက် ရွေးကောက်ပွဲ အသုံးစရိတ် ငွေကျပ် သိန်း ၁၀၀ အထိ သုံးစွဲနိုင်သည်ဟု သတ်မှတ်ထားပြီး ယင်းထက် ပိုမိုသုံးစွဲပါက ရွေးကောက်ပွဲ ဥပဒေကို ချိုး ဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ရပ်သည် စစ်အစိုးရ ထူထောင်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် အပြိုင် ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရထားသည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများကို ကော်မရှင် ဥပဒေနှင့် မညီမျှ ဟု ဆိုကာ ကိုယ်စားလှယ်လောင်းအဖြစ်မှ ထုတ်ပယ်နိုင်သော နည်းလမ်းတခုဟု လေ့လာသူများက ပြောဆိုလိုက်သည်။

“ကြံ့ဖွံ့ ပါတီ က သုံးတာကို ကြည့်ရင် သိန်း ၁၀၀ ထက်ကျော်နေတာ သိပေမယ့် ကျနော်တို့က ဒါကို ဘယ်လိုမှ မပြနိုင်ဘူး။ သူတို့ ကိုယ်တိုင်ပဲ စာရင်း အမှန်ကို ပြမှရမယ်။ ဒီနေရာမှာ အစိုးရပါတီ မဟုတ်တဲ့ တခြားပါတီတခုက သုံးရင် အချက်အလက် သေချာရှာပြီး ကော်မရှင်က အရေးယူမှာ။ ကြံ့ဖွံ့ပါတီကြတော့ ဒီလို လုပ်မယ်မထင်ဘူး စာရင်းလိမ်တင်လည်း ဒါကို ကော်မရှင် က အသိအမှတ်ပြု ပေးလိုက်မှာပဲ”ဟု ဒီမိုကရက်တီပါတီ(မြန်မာ) မှ ဦးသုဝေက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ကိုယ်စားလှယ်လောင်း တဦးချင်းစီအတွက် အသုံးစရိတ်ကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြနိုင်ရန် ကြိုတင် စာရင်းပြုလုပ်ထားသည်ဟု နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းကဆက်လက်ပြီး ၁၉၉၀ ရွေးကောက်ပွဲကာလကလည်း စစ်အစိုးရသည် ယင်းနည်းလမ်းဖြင့်ပင် လွှတ်တော် ကိုယ်စားလှယ် လောင်းများ လျှော့ချနိုင်ခဲ့သောကြောင့် ယခုလည်း ယင်းနည်းလမ်းအတိုင်း ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောသည်။

“ကိုယ်စားလှယ်လောင်း တယောက်ကို သိန်း ၁၀၀ ထက်ကျော်ပြီး သုံးနိုင်တာ ကြံ့ဖွံ့ပါတီပဲရှိတယ်။ တခြား ဘယ်ပါတီက  ကိုယ်စားလှယ်လောင်း ကမှ  ဒီလောက်ပမာဏထက် ကျော်မသုံးနိုင်ဘူး။ တခြားပါတီတွေက အနိုင်ရထားတဲ့ ကိုယ်စားလှယ် လောင်းတွေကို ဒီအချက်နဲ့ ကိုင်ပြီး လျှော့ချမှ လွှတ်တော်ထဲ ၀င်တဲ့အခါ ကြံ့ဖွံ့ပါတီက အမတ်တွေပဲ ရှိတော့မှာလေ”ဟု ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာသူ တဦးကလည်း ပြောသည်။

ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပေါင်း ၉၀ တိတိတွင် လွှတ်တော်ခေါ်ယူရမည် ဖြစ်သောကြောင့် လာ မည့် ၂၀၁၁  ဖေဖော်ဝါရီ လအတွင်း နေပြည်တော်၌ အစိုးရသစ်အတွက် ပြည်ထောင်စု လွှတ်တော် ခေါ်ယူသွားဖွယ် ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်