ချင်းလူထု ၉၀ ရာခိုင်နှုန်းကျော် နှိပ်ကွပ်ခံနေရ

E-mail Print
ချင်းပြည်နယ်တွင် လူထု ၉၂ ရာခိုင်နှုန်းနီးပါးသည် စစ်အစိုးရ၏ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အမျိုးသမီးများ အနိုင်ကျင့်ခံရမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြီးအကျယ်ခံစားနေရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခု၏ အစီရင်ခံစာက ဖော်ပြလိုက်သည်။

Forced_Laborers_in_Chin_State400အမေရိကန် အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့နှင့် ဂျွန် ဟော့ပ်ကင်း ဘလွန်းဘာ့ဂ် ပြည်သူ့ ကျန်းမာရေး ကျောင်းရှိ ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေး ဌာနတို့ ပူးတွဲပြုစုသည့် “စစ်အာဏာရှင် လက်အောက်မှ ဘဝ - မြန်မာနိုင်ငံ ချင်းပြည်နယ်တွင်း လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အထောက်အထား” (Life Under the Junta: Evidence of Crimes Against Humanity in Burma's Chin State) အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

စေတနာ့ဝန်ထမ်းများကို လေ့ကျင့်ပေးပြီး ၂၀၀၉ နှင့် ၂၀၁၀ ပြည့်နှစ်များအတွင်း ချင်းပြည်နယ်ထဲတွင် စစ်တမ်းများကောက်ယူကာ ထုတ်ပြန်ထားသည့် စာမျက်နှာ ၆၄ မျက်နှာပါ ယင်းအစီရင်ခံစာတွင် စစ်အစိုးရ၏ ဖိနှိပ်မှုများကို ခံစားခဲ့ရသည့် မိသားစုဝင်များမှ လူပေါင်း ၃၃၀၀ ခန့်ကို မေးမြန်းပြီး အထောက်အထားများဖြင့် ဖော်ပြထားသည်။

ကောက်ယူခဲ့သည့် စစ်တမ်းများအရ မိသားစုတိုင်းတွင် ၉၂ ရာခိုင်နှုန်း၌ မိသားစုဝင်တဦးသည် အဓမ္မလုပ်အားပေး စေခိုင်းခံရဖူးကြောင်း၊ ၆၂ ရာခိုင်းကျော်သည် အသက်အန္တရာယ် ခြိမ်းခြောက်ရသည့် အနေအထားတွင် ရှိကြောင်း သိရသည်။

“ပေါ်တာဆွဲတာတွေ၊ မိုင်းရှင်းလူသားအဖြစ် အသုံးပြုတာတွေ၊ လုပ်ခမပေးဘဲ လုပ်အားပေးခိုင်းတာတွေ၊ လမ်းတံတားဖောက်တဲ့ လုပ်ငန်းမှာ ခိုင်းစေတာတွေကို ချင်းမိသားစုဝင်တွေဟာ တွေ့ကြုံခံစားခဲ့ရပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်အစိုးရ တပ်များ၏ သတ်ဖြတ်မှု၊ ရိုက်နှက်ညှဉ်းပန်းမှု၊ ခရစ်ယာန် ဘာသာဝင်များဖြစ်သော ချင်းလူမျိုးများအပေါ် ဘာသာရေး ဖိနှိပ်မှု၊ လက်စဖျောက်မှု၊ အမျိုးသမီးများကို အဓမ္မကျင့်မှုများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီအစီရင်ခံစာမှာ စစ်အစိုးရက ပြည်သူတွေအပေါ် တရားလွန်အဆင့် ချိုးဖောက်ပြုကျင့်နေတဲ့ ဖိနှိပ်မှုတွေကို ဖော်ထုတ်ထားပါတယ်။ လေ့လာတွေ့ရှိရတဲ့ ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအနေနဲ့ စွဲဆိုလို့ ရပါတယ်” ဟု PHR မှ လက်ထောက် ညွှန်ကြားရေးမှူး ရစ်ချတ် ဆော်လွန် က အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

ဤဖော်ထုတ်ချက်များမှာ မြန်မာ့အရေးနှင့် ပတ်သက်သူအားလုံးကို အာရုံစူးစိုက်လာစေရန်သာမဟုတ်ဘဲ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန်လည်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၉၈၈ ခုနှစ်မှစ၍ ချင်းပြည်နယ်မှ လူပေါင်း ၇ သောင်းခွဲကျော် အိန္ဒိယနယ်စပ်ဒေသသို့ အဓမ္မရွှေ့ပြောင်းခံရပြီး မလေးရှားနိုင်ငံသို့ နည်းလမ်းအမျိုးမျိုးဖြင့် ၅ သောင်းခန့် ထွက်ခွာသွားကြကြောင်း သိရသည်။

အစီရင်ခံစာက ကုလသမဂ္ဂအနေဖြင့် ချင်းပြည်နယ်အတွက်သာမက မြန်မာတပြည်လုံးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) တရပ်အလျင်အမြန် ဖွဲ့စည်းရန်နှင့် မြန်မာ့ အိမ်နီးချင်း နိုင်ငံများ အနေဖြင့်လည်း ယင်းဖိနှိပ်မှုများ ရပ်တန့်ရေး ဖိအားပေးကြရန် တိုက်တွန်းထားသည်။

အစီရင်ခံစာ ရေးသားရာတွင် ပါဝင်ခဲ့သည့် ဂျွန် ဟော့ပ်ကင်း ပြည်သူ့ ကျန်းမာရေးကျောင်းမှ တွဲဖက်သုတေသီတဦးက “ဖော်ပြထားတာတွေကတော့ တုံ့ပြန်ဖြေဆိုသူတွေ ပြောပြတာတွေပါ။ ရရှိတဲ့ အချက်အလက်တွေ၊ ထုတ်ဖော်ပြောကြားချက်တွေအရ ချိုးဖောက်ခံရမှုတွေဟာ ပုံမှန်လိုနဲ့ အနှံ့အပြားမှာ ဖြစ်နေတာပါ” ဟု ပြောသည်။

အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း “စုံစမ်းလေ့လာသူတွေရဲ့ ထုတ်ဖော်မှုအရ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျဖြစ်နေတဲ့ ချိုးဖောက်မှုတွေကို မြင်သာလာစေပါတယ်။ ရလဒ်ကတော့ စိတ်မကောင်း ဝမ်းနည်းဖွယ်ရာပါပဲ” ဟု PHR ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

လတ်တလောတွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ ရောက်ရှိနေပြီး သံတမန်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “ကျနော်တို့ကတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကလေးစစ်သားတွေကိစ္စ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ ထောင်တွင်း နှိပ်စက်ညှဉ်းပမ်းမှုတွေကို အဓိကထားပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်” ဟု ပြောသည်။

လာမည့်သီတင်းပတ်တွင် ဂျနီဗာမြို့၌ ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် AAPP က တက်ရောက်ခွင့် ရမည် မဟုတ်ကြောင်းလည်း သိရသည်။

သို့သော် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုကဏ္ဍ၌ ချင်းပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာကို ထည့်သွင်းသုံးသပ်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်