သုသာန် ဖျက်၍ နာရေးစရိတ် တက်မည်ကို မန္တလေး ဒေသခံများ စိုးရိမ်

E-mail Print
မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ တောင်မြင့် သုသာန်အား လာမည့် မတ်လအတွင်း ဖျက်သိမ်းတော့မည်ဖြစ်သောကြောင့် ဈာပန ပို့ဆောင်မှု အခက်အခဲနှင့် ကြီးမြင့်လာမည့် ကုန်ကျစရိတ်များအတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုသို့ တောင်မြင့်သုသာန်ကို ဖျက်သိမ်းမည်ဖြစ်၍ မန္တလေးမြို့တောင်ခြမ်းမှပို့ဆောင်မည့် အသုဘ ရုပ်အလောင်းများသည် မန္တလေး အရှေ့တောင် ဘက် ၊ အမရပူရ မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အစပ် တောင်အင်း-မြောက်အင်း သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ရ တော့မည်ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အရာရှိတဦးက ပြောကြားသည်။

နာရေးရှင်များအနေနှင့် မန္တလေးမြို့မှ ၈ မိုင်ခန့် ဝေးကွာသော ယခု တောင်အင်း-မြောက်အင်း သုသာန်အသစ်သို့ ဈာပန ပို့ဆောင် စရိတ်မှာ ယခင်ထက် ၃ ဆမျှ ပိုမို ကုန်ကျဖွယ်ရှိသည်ဟု မန္တလေး မြို့ခံများကလည်း ခန့်မှန်းနေကြသည်။

မဟာအောင်မြေမြို့နယ် ဒေသခံတဦးက“တောင်မြင့် သုသာန်က မန္တလေးမြို့တောင်ဘက် အထွက်၊ တောင်မြင့်ရပ်၊ တံခွန်ရွာအနီး၊ ရန်ကုန်-မန္တလေး အမြန် ကားလမ်းမကြီးနံဘေးမှာ ရှိတယ်။ ခရီးအကွာအဝေးအလိုက် ဈာပန ပို့ယာဉ်  တစီး ၈၀၀၀-၁၀၀၀၀ ကျပ် ၀န်းကျင်ပဲ ရှိတယ်။ အခု သုသာန်သစ် နေရာဆိုရင် ဈာပနပို့ယာဉ် တစီး ၃၀၀၀၀ ကျပ်လောက် ပေးရလိမ့်မယ်”ဟု ဆိုသည်။

မန္တလေးမြို့ မြောက်ခြမ်းသည် ကြာနီကန် သုသာန်၊ တောင်ခြမ်းသည် တောင်မြင့် သုသာန်များ၌ ခွဲခြား အသုံးပြုကြရန် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသည်။

တောင်မြင့် သုသာန်သည် တမိုင် ပတ်လည်မျှသာ ကျယ်ဝန်းသော်လည်း ရန်ကုန်-မန္တလေး ကားလမ်းမနံဘေး၌ တည်ရှိနေခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ မျက်စိကျနေသော မြေနေရာ ဖြစ်ခြင်းတို့ကြောင့် ယခုကဲ့သို့ တောင်မြင့် သုသာန် အား ဖျက်သိမ်းခြင်း ဖြစ်သည်ဟု မန္တလေး မြို့ခံများက ပြောဆိုကြသည်။

မန္တလေးမြို့တော် စည်ပင် အရာရှိက“ဖျက်သိမ်းမယ့် တောင်မြင့် သုသာန်မှာ ဒီဇယ်ဆီသုံး မီးသင်္ဂြိုဟ်စက်၂ လုံး ရှိတယ်။ တောင် အင်း-မြောက်အင်း သုသာန်အသစ်မှာ လျှပ်စစ်မီးသင်္ဂြိုဟ်စက် ၄ လုံး တပ်ဆင်ပြီး နေပြီ။ လျှပ်စစ် ထရန်စဖော်မာ တပ်ဆင် နေ တာလဲ လာမယ့် မတ်လထဲ ပြီးမယ်။ ဒါကြောင့် တောင်မြင့် သုသာန် အဟောင်းကို ဖျက်သိမ်းရခြင်းဖြစ်တယ်”ဟု ဆိုသည်။

ပြည်ကြီး တံခွန် မြို့နယ် ကကြီး ရပ်ကွက် နေသူတဦးကမူ“လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ထန်ကုန်း သုသာန်ကို ရွှေ့ပြီး မန္တလေး ထောင်၊ အိုးဘိုထောင်တွေ တည်ဆောက်ခဲ့တယ်။ အုတ်စက် သုသာန်ကို ပိတ်ပြီး ရပ်ကွက် တည်တယ်။ စစ်တပ်တွေ ရုံးစိုက်ခဲ့ တယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကလည်း ဥသျှစ်ကုန်း မွတ်စလင် သုသာန်ကို ဖျက်ပြီး သီရိမန္တလာ ဈေးကြီး တည်ဆောက်ခဲ့တယ်”  ဟု ပြောဆိုသည်။

ထိုသို့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းပြကာ တောင်မြင့်သုသာန် မြေနေရာဟောင်းတွင် အဆင့်မြင့် ကွန်ဒို တိုက်ခန်းများ၊ အဆင့်မြင့်ဈေး၊ အဝေးပြေးကားဝင်း၊ ဂေါက်ကွင်း စီမံချက်များ တည်ဆောက်ဖွယ်ရှိသည်ဟု ဒေသခံများ အကြား ထင်မြင်ချက် အ မျိုးမျိုး ထွက်ပေါ်နေသည်။

“တောင်မြင့်သုသာန် မြေနေရာဟာ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ ရှိနေတယ်။ ပြည်ကြီးတံခွန်၊ စက်မှု မြေကွက်တွေဆို တန်ကြေး အရမ်းမြင့်တယ်။ ဒါကြောင့် အခုလို တောင်မြင့် သုသာန်ကို နေရာရွှေ့တာ ဖြစ်နိုင်တယ်”ဟု ပြည်ကြီး တံခွန်မြို့နယ် သာယာ ၀တီ မင်းကြီးလမ်း နေသူတဦးက ပြောဆိုသည်။

လက်ရှိတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက် (ဗိုလ်ချုပ်ရွာ)၊ မြို့သစ် ၂ ရပ်ကွက်၊ ရဲမွန်တောင် ရပ်ကွက်၊ ပြည်ကြီးတံခွန် မြို့နယ်၊ စက်မှုမြေကွက်များ၊ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၂ ရပ်ကွက် မြေကွက်များသည် ကျပ် သိန်း ၅၀၀၀ ၀န်းကျင် တန်ကြေး ရှိနေကြောင်း ဒေသခံများ အဆိုအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်