မစ္စတာ ကာ့တ်ကမ်းဘဲလ် က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ နိုင်ငံခြားသတင်းစင်တာတွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို စစ်အစိုးရ က တရားဝင် နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုသည်အထိ အမေရိကန်အစိုးရအနေဖြင့် ဆက်လက်ဖိအားပေးသွားမည် ဖြစ် ကြောင်းလည်း ပြောဆိုသည်။
“မြန်မာ့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်ပျက်မိသလို မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်နေဆဲပါ။ မကြာခင် ပေါ်ထွက်လာမယ့် အစိုးရအသစ်ရဲ့ခြေလှမ်းတွေကိုလည်း ကျနော်တို့ စောင့်ကြည့်နေပါတယ်”ဟု မစ္စတာ ကာ့တ် ကမ်းဘဲလ် က ပြောသည်။
စစ်အစိုးရ ၏ ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲအား အမေရိကန် အစိုးရအနေနှင့် စိတ်ပျက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆိုကြောင်း၊ အိုဘားမားအစိုးရနှင့် စစ်အစိုးရကြားထားရှိသည့် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး မူဝါဒသည်လည်း အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း ကာ့တ် ကမ်းဘဲလ် က ပြောဆိုသည်။
မစ္စတာ ကာ့တ် ကမ်းဘဲလ် သည် မြန်မာနိုင်ငံသို့ ၂၀၁၀ ပြည့် မေလ က ဒုတိယ အကြိမ်အဖြစ် ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်လည်း တကြိမ်လာရောက်ခဲ့ကာ နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။
< Prev | Next > |
---|