မလေးရှားသို့ အလုပ်သမားပို့ ကုမ္ပဏီများ ရပ်ဆိုင်းထား

E-mail Print
မလေးရှား နိုင်ငံသို့ ဗီဇာအတုဖြင့် မြန်မာအလုပ်သမားများ ပို့သည့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများ ဖမ်းဆီး အရေးယူ ခံရ ပြီးနောက်ပိုင်းတွင် မလေးရှား အလုပ်သမား ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။

မလေးရှား နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာအတုဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ပို့ဆောင်သည်ဟူသော စွဲချက်ဖြင့် ရတနာရွှေမိုး၊ပွင့် ဖူးဝေနှင့် ၀င်း ကုမ္ပဏီ စသည်တို့ အပါအ၀င် ကုမ္ပဏီ ၁၂ ခုကို အာဏာပိုင်များက ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်၌ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် လူ ၈၀ ကျော် ကို စစ်ဆေးရာတွင် ဗီဇာ အပါအ၀င် စာရွက်စာတမ်း အတုများ တွေ့ရှိသောကြောင့် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ ပြန်လွှတ် လိုက်ပြီးနောက် အဆိုပါ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ များ အရေးယူခံရခြင်းဖြစ်သည်ဟု အာအက်ဖ်အေ အသံလွှင့် ဌာနက ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက“ကျနော်တို့အေးဂျင့်က မလေးရှားနိုင်ငံကို သွားပြီး အလုပ် လုပ်မယ့် သူတွေကို လုပ်ဆောင်ပေးတာ ခေတ္တ နားထား ပါတယ်”ဟု ပြောသည်။

မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသော အမျိုးသမီးတဦးကလည်း “ကျမ မလေးရှားကို သွားပြီး အလုပ်လုပ်ဖို့ အတွက် သွားစုံစမ်းတယ်။ အခုအချိန်မှာ မလေးရှားကို သွားဖို့ ပိတ်ထားတယ်လို့ အေးဂျင့်ကုမ္ပဏီတွေက ပြောတယ်”ဟု ဆိုသည်။

တချို့သော ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများကမူ လက်ရှိအချိန်တွင် မလေးရှားကုမ္ပဏီများမှ အလုပ်ခေါ်စာများ မရရှိသည့်အတွက် မလေးရှား အလုပ်အကိုင်အတွက် နားထားကြောင်း ပြောဆိုသည်။

“တရုတ်နှစ်ကူးကလည်း ရှိနေတော့ မလေးရှား ကုမ္ပဏီတွေက အလုပ်ခေါ်စာတွေမရဘူးဖြစ်နေတယ်။ နောက်ထပ် ၂ ပတ်လောက် ဆိုရင်တော့ မလေးရှားအတွက် အလုပ်တွေ ပြန်ရနိုင်ပါတယ်”ဟု အေးဂျင့်တဦးက ပြောသည်။

မြန်မာနိုင်ငံမှ အလုပ်သမားများမှာ မလေးရှားသို့ အလည်အပတ် ဗီဇာဖြင့် သွားရောက်ပါက မလေးရှားလေဆိပ်တွင်ပင် စစ်ဆေးမှု များ ပြုလုပ်သည့်အတွက် အကြောင်းပြချက် မပေးနိုင်ပါက မြန်မာနိုင်ငံသို့ ပြန်ပို့ကြောင်း မလေးရှားရှိ အေးဂျင့် တဦးက ရှင်းပြ သည်။

ထို့ကြောင့် မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများမှာ စင်ကာပူ၊ ထိုင်း စသည့်နိုင်ငံများမှ တဆင့် မလေးရှားသို့ အလည်အပတ်ဗီဇာဖြင့် ၀င်ရန် ကြိုးစားနေကြသည်ဟုလည်း ၎င်းက ဆိုသည်။

“မလေးရှားကို သွားချင်တဲ့ သူတွေကို ပုံမှန်အတိုင်း ပြည်ဝင်ခွင့် ဗီဇာတွေ ပေးနေပါတယ်။ အေးဂျင့်တွေက ဗီဇာအတုတွေ လုပ်နေ ပေမယ့် ကျမတို့မှာ စည်းကမ်းတင်းကျပ်တာတွေ၊ စည်းမျဉ်းအသစ် ချမှတ်တာတွေမရှိပါဘူး”ဟု မြန်မာနိုင်ငံရှိ မလေးရှားသံရုံးမှ တာဝန်ရှိ သူတဦးက ပြောသည်။

မလေးရှားသို့ ဗီဇာလျှောက်ထားမည်ဆိုပါက လေယာဉ်လက်မှတ် အသွားအပြန်(ပြန်မယ့်ရက်အတိအကျ)၊ ဓာတ်ပုံ၂ ပုံ၊ သန်းခေါင် စာရင်း နိုတြီ ဘာသာပြန်၊ ပတ်စ်ပို့၊ ပိုင်ဆိုင်မှုအထောက်အထား၊ ဗီဇာကြေး(၆ဒေါ်လာ) တို့ ပေးသွင်းကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှအပ မည်သည့်အာဆီယံနိုင်ငံမဆို တလအတွင်း အလည်အပတ် လာရောက်မည်ဆိုပါက ဗီဇာလျှောက်ထားရန် မလိုကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်