ကမ္ဘောဇဘဏ်မှ ကျပ် ၅၅ သိန်း လိမ်ထုတ်မှု ဖြစ်ပွား

E-mail Print
ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ် ကမ္ဘောဇ ဘဏ်ခွဲ၌ ငွေစုထားသူထံမှ ဘဏ်စာအုပ်နှင့် မှတ်ပုံတင် ခိုးယူကာ ကျပ် ၅၅ သိန်း လာရောက် ထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

cambawza_bankကမာရွတ်မြို့နယ် ၁ ရပ်ကွက် လက်ခုပ်ပင်လမ်း၊ အမှတ် ၁၁၃ တွင် နေထိုင်သည့် အသက် ၄၆ နှစ်အရွယ် ဧည့်လမ်းညွှန် ဒေါ်မိုးမိုးအေးသည် ဇန်န၀ါရီ ၃၁ ရက်နေ့ ညပိုင်းက ၎င်း၏ ဘဏ်စာအုပ် ပျောက်ဆုံး သွားကြောင်း သိရှိခဲ့သဖြင့် ကမာရွတ်ရှိ ကမ္ဘောဇ ဘဏ်ရုံးချုပ်သို့ အကြောင်း ကြားခဲ့ရာ ၎င်း၏ ငွေစာရင်းထဲမှ ငွေကျပ် ၅၅ သိန်း ပျောက်ဆုံး နေကြောင်း သိရှိရခြင်း ဖြစ်သည်ဟု ဒေါ်မိုးမိုးအေးကလည်း ပြောဆိုသည်။

အဆိုပါ ကျပ် ၅၅ သိန်းကို ဇန်န၀ါရီ ၂၁ ရက်နေ့တွင် မင်္ဂလာဈေးအနီးရှိ ကမ္ဘောဇဘဏ်၌ လာရောက် ထုတ်ယူ သွားပြီး ဖြစ်နေသည်။

မင်္ဂလာဈေး ကမ္ဘောဇဘဏ်တွင် တပ်ဆင်ထားသော CCTV ကင်မရာများကို ပြန်လည် စစ်ဆေးရာတွင် ဒေါ်မိုးမိုးအေး၏ သူငယ်ချင်းဖြစ်သူ ရွှေပြည်သာ မြို့နယ်တွင် နေထိုင်သော ဒေါ်အိဖြူက ငွေလာရောက် ထုတ်ယူနေသည်ကို တွေ့ရှိခဲ့ကြောင်း  ကမာရွတ် ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

“ပိုင်ရှင်လာထုတ်တာ မဟုတ်ဘဲ ငွေကိုထုတ်ပေးလိုက်တာ ဘဏ်ရဲ့ ညံ့ဖျင်းမှုပဲ” ဟု ၎င်းကဆိုသည်။

ဒေါ်အိဖြူသည် ဒေါ်မိုးမိုးအေး၏ ဘဏ်စာအုပ်နှင့် မှတ်ပုံတင်ကို ခိုးယူခဲ့ပြီး ဘဏ်တွင် ငွေသွားရောက် ထုတ်ယူခဲ့ကြောင်း၊ အဆိုပါ ဘဏ်သည် ကာယကံရှင် လာရောက်ထုတ်ယူခြင်း မရှိသော ဘဏ်စာအုပ်ကို သေချာ မစိစစ်သောကြောင့် ယခုကဲ့သို့ အလွယ်တကူ ထုတ်ယူ ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်မိုးမိုးအေးနှင့် နီးစပ်သူတဦးက ပြောသည်။

ဒေါ်မိုးမိုးအေး၏ ဘဏ်စာအုပ် ခိုးယူမှုဖြစ်ပွားခဲ့ပြီးနောက် ငွေလာရောက် ထုတ်ယူသူကို ကမာရွတ်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်ဟု သိရသည်။

ဒေါ်အိဖြူသည် ဒေါ်မိုးမိုးအေး၏ ဘဏ်စာအုပ်နှင့် မှတ်ပုံတင်ကို ယူဆောင်လာကာ ကိုယ်စားလှယ်လွှဲစာတွင် ဒေါ်မိုးမိုးအေး၏ လက်မှတ်အတုကို ထိုး၍ ငွေထုတ်ယူသွားခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ကမ္ဘောဇဘဏ်တွင် ကာယံကံရှင် ကိုယ်တိုင် ငွေထုတ်လိုပါက ဘဏ်စာအုပ်နှင့် မှတ်ပုံတင် လိုအပ်ပြီး ကိုယ်စား လာရောက် ထုတ်ယူခိုင်းလျှင် ကိုယ်စားလှယ် လွှဲစာ၌ ပိုင်ရှင်၏ လက်မှတ်၊ ဘဏ်စာအုပ်နှင့် မှတ်ပုံတင်များ ပါဝင်မှသာလျှင် ငွေထုတ်ယူ နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက “အကွက်ချတဲ့လူက သေချာလုပ်တယ်ဆိုပေမယ့် လက်မှတ်အတု ထိုးတာကို
သေချာစစ်ဆေးသင့်တယ်” ဟု ပြောသည်။

ကမ္ဘောဇ ဘဏ်က ကမာရွတ်ရဲစခန်းကိုလည်း (ပ) နံပါတ် (ပုဒ်မနံပါတ်) ထုတ်မပေးရန် ပိတ်ပင်ထားသည်ဟု သိရသည်။

“ရဲစခန်းက (ပ) နံပါတ် ထုတ်ပေးထားမှ မှုခင်းသတင်းအဖြစ် ရေးလို့ရပါတယ်။ အခု ဘဏ်က သူတို့ မှားနေတာဆိုတော့ ရဲစခန်းကို (ပ) နံပါတ် ထုတ်ပေးဖို့ တားထားတယ်။ ဒါကြောင့် သတင်းရေးလို့ မရပါဘူး” ဟု ရန်ကုန်အခြေစိုက် မှုခင်း သတင်းထောက် တဦးကပြောသည်။

အဆိုပါသတင်းကို စာပေစိစစ်ရေးကလည်း ရေးသားခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

ကမ္ဘောဇဘဏ်တွင် ငွေထုတ်ယူသူများအနေဖြင့် မကြာခဏ ငွေအရွက်ရေ လိုအပ်မှုများ ကြုံတွေ့ရသည်ဟု ဘုရင့်နောင်ပွဲရုံမှ ကုန်သည်များက ပြောသည်။

“ကျနော် သိန်း ၁ ရာကျော်ထုတ်တာ တစီးမှာ လိုနေတယ်။ ကမ္ဘောဇဘဏ်က ချက်ချင်းထုတ်ပြီး တခြားဘဏ် တခုကနေ ငွေပြန်လွှဲတော့ ငွေလိုတယ်ဆိုပြီး ပြောတယ်။ ပြန်ပြောတော့ လုံးဝတာဝန်မယူဘူး၊ ငွေစစ်မယူတဲ့အတွက် ကျနော့် တာဝန်လို့ ပြောတယ်” ဟု ကုန်သည် တဦးက ဆိုသည်။

ဘဏ်များတွင် ငွေသွားရောက်ထုတ်ယူသူများသည် ငွေအရေအတွက်များပြားသည့် အခါတွင် ဘဏ်အတွင်း ငွေတရွက်ချင်း ရေတွက်ရန် အချိန်နှင့် အခက်အခဲ များစွာ ရှိကြောင်း ငွေထုတ်သူများကပြောသည်။

“ဘဏ်အုပ်တွေကိုတောင် ယုံလို့မရဖြစ်နေတာ။ ပိုက်ဆံ အပြဲတွေ ပါလိုပါ၊ အရွက်ရေ မပြည့်လို မပြည့် ဖြစ်နေတယ်” ဟု ဘဏ်များတွင် ငွေသွင်းငွေထုတ် လုပ်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် တဦးက ဆိုသည်။

ကမ္ဘောဇဘဏ်သည် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ဟု လူသိများသော ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်း ပိုင်ဆိုင်သည့် ဘဏ်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ယခင်ကရှိခဲ့သော ဘဏ်များအပြင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များ ထပ်မံဖွင့်လှစ်လိုက်သော ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်စသော ဘဏ်များစွာ ရှိလာသဖြင့် ဘဏ်များသည် လုံခြုံစိတ်ချမှုကို ပေးနိုင်ရန် များစွာ လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်