ပြည်ပ ထွက်ခွာသူများ ရွှေတကျပ်သားထက် ပိုမယူရ

E-mail Print
ပြည်ပသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများကို ရွှေတကျပ်သားသာ ၀တ်ဆင် ယူဆောင်ခွင့်ပြုပြီး မည်သည့် ကျောက်မျက် များကိုမှ ယူဆောင်ခွင့် မပြုတော့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

အဆိုပါ လုပ်ရပ်သည် ကိုယ်ပေါ်တွင် ၀တ်ဆင်သော နည်းလမ်းဖြင့် ပြည်ပသို့ အဖိုးတန် ကျောက်များနှင့် ရွှေထည်များ သယ်ဆောင်ကာ စီးပွားရေးတခုသဖွယ် လုပ်ကိုင်နေခြင်းကို တားမြစ်သည့် လုပ်ရပ်တခု ဖြစ်သည်ဟု ရန်ကုန် လေဆိပ်တွင် တာဝန် ကျနေသည့် အကောက်ခွန် ဦးစီးဌာနမှ အရာရှိတဦးက ဆိုသည်။

YgnAirport-by-htwd.infoစစ်ဆေးတွေ့ရှိပါက နိုင်ငံခြားငွေ လဲလှယ်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၉ (၂) ဖြင့် အရေးယူ ခံရမည့်အပြင် ကျောက်မျက် ရတနာ ဥပဒေ ပုဒ်မ ၃၉ နှင့်လည်း အရေးယူ သွားမည်ဟု အဆိုပါ အရာရှိက ဧရာဝတီကို ပြောသည်။

“ဒီ လဆန်း ကနေစပြီး ဥပဒေ တိတိကျကျ သတ်မှတ်ပြီး အကောင်အထည် စဖော်နေပြီ။ နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားပါ ဘယ်သူမှ ယူဆောင်ခွင့် မပြုတော့ဘူး။ ဥပမာ-နိုင်ငံခြားသား တယောက်က ကျောက်မျက်ပြပွဲက ၀ယ်ထားတာကို သယ်သွားချင်တယ် ဆိုရင်တော့ သက်ဆိုင်ရာဆိုင်ကနေ ထုတ်ပေးတဲ့ စာရွက်၊ ကျသင့်တဲ့ တန်ဖိုး ပေးဆောင် ပြီးရင်တော့ အဲဒီ စာရွက်ပြပြီး သယ်လို့ရတယ်”ဟု သူက ပြောသည်။

အဆိုပါ လက်ဝတ်ရတနာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက် အကောက်ခွန် ဦးစီးဌာနမှ ပြုလုပ်သော နိုင်ငံခြားငွေ ကြီးကြပ်မှု အုပ်ချုပ်ရေးအဖွဲ့၏ ဒသမ အကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြုလုပ်ခြင်းဖြစ် သည်။

“အဓိက ကိုယ့်နိုင်ငံသားတွေ ကိုယ်ပေါ်မှာ အပြည့်ဝတ်ပြီး သယ်နေတာကို မလိုချင်လို့ လုပ်တာ။ ဘာ အခွန်အခမှ မပေးဘဲ ကိုယ်ပေါ်မှာ အပြည့်ဝတ်ပြီး သယ်နေတာ သူတို့ အတွက်လည်း အခွန်အခ မရဘူးလေ။ မြန်မာ လူမျိုးဆိုတာ ရွှေကြိုက်တော့  မ၀တ်ဘူး ဆိုရင်တောင် တကျပ်သား လောက်တော့ အနည်းဆုံး ကိုယ်ပေါ်မှာရှိတယ်”ဟု ပြည်ပ လေကြောင်းလိုင်း တခု မှ အမျိုးသမီး ၀န်ထမ်း တဦးက ပြောသည်။  

လေကြောင်းလိုင်း ၀န်ဆောင်မှုလက်မှတ်အရောင်း ၀န်ထမ်းတဦးက“လာမယ့် သင်္ကြန်အတွက် ခရီးသည်တချို့က ဘိုကင်တွေ ကြိုပေးနေတာရှိသလို ပုံမှန်သွားလာနေတဲ့ ခရီးစဉ် တွေလည်းရှိတော့ ခရီးသွားတွေကို လေဆိပ်ရောက်မှ မသိလို့ ဒီပြဿနာမျိုးမဖြစ်အောင် လက်မှတ်ရောင်းတာနဲ့ တခါတည်း ကြိုရှင်းပြနေရတယ်။ တချို့ခရီးသည်တွေ ကျတော့လည်း ကိုယ့်လွတ်လပ်ခွင့် တောင် အပြည့်အ၀ မရဘူးဆိုပြီး ပြောတာတွေ ရှိပေမယ့် ကိုယ်တွေကပဲ  အာဏာပိုင်တွေက ဒီလို ဥပဒေ ထုတ်ထားတယ်ဆို တာသေချာရှင်းပြရတာပေါ့။ ကြိုရှင်းပြထား တော့လည်း ခရီးသည်က ကိုယ့်ကို ပြဿနာ ရှာတယ်။ မရှင်းပြထားလို့ လေဆိပ်ရောက်မှ ပြဿနာ တက်ရင် ကိုယ့်တာဝန် မကင်းဘူးဆိုပြီး တော်တော် စိတ်ရှုပ်ရတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသားများအနေနှင့် ပြည်ပသို့ ကျောက်မျက်ရတနာနှင့် ရွှေ ယခင်က တရားဝင်သယ်ဆောင်၍ စီးပွားရေးတခုသဖွယ် ရောင်းချခဲ့သည်များရှိသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များသို့ သယ်ယူမည့် ကျောက်မျက်ရတနာ အလိုက် တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းခန့်ကို ပေးဆောင်နေရသောကြောင့် ယင်းကဲ့သို့ ကိုယ်ပေါ်တွင် ၀တ်ဆင်သယ်ဆောင်သည့် နည်းလမ်း ပေါ်ပေါက် လာခြင်းဟု ဗိုလ်ချုပ်ဈေးတွင် ကျောက်မျက်ရတနာ ဆိုင် ဖွင့်လှစ်ထားသူ တဦးက ပြောသည်။

“မြန်မာပြည် အခြေအနေက တရားဝင် လုပ်လို့ မရအောင်ကို တမင်လုပ်နေသလို ဖြစ်နေတာ။ တရားဝင် သယ်ရင် အခွန်အခ တန်းဖိုးကို ပေးဆောင်ရတာ ကြီးတယ်။ ဒီတော့ ကိုယ်ပေါ်မှာ ၀တ်သယ်တယ်။ အမှန်ဆို သင့်တော်တဲ့ တန်ဖိုးတခု သတ်မှတ် ပေးမယ်ဆို ဒီလိုကဏ္ဍ ကနေ ရလာမယ့် ၀င်ငွေတခုတိုးမယ်။ ကျောက်မျက်ရတနာ ပွဲတွေ လုပ်ပြီး သူတို့ပဲ ရောင်းလို့ရအောင် လုပ်တော့ အပြင်က ကျောက်ကုန်သည်တွေက ထိုင်နေရမယ့် ကိန်း ဖြစ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်