ဝန်ကြီးအမိန့်မကျသဖြင့် GSM ချပေးမည့်ရက် ရွှေ့ဆိုင်း

E-mail Print
ကျပ် ၅ သိန်းတန် GSM ဖုန်းများကို ဖေဖော်ဝါရီ ၆ ရက်နေ့တွင် စတင် ချပေးမည်ဟု ထုတ်ပြန်ထား သော်လည်း ယခုအချိန်အထိ ဆက်သွယ်ရေး ဝန်ကြီးထံမှ အမိန့်မကျသေး သောကြောင့် ဖုန်းချပေးမည် အစီအစဉ်ကို ရက် အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး ဝန်ထမ်းတဦးက ပြောသည်။

phone400စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သော ဦးတေဇပိုင်ဆိုင်သည့် Elite Tech IT Service ကုမ္ပဏီက ကျပ် ၅ သိန်းတန် GSM ကြိုတင် ငွေပေးချေကတ် (Prepaid card) များကို ရတနာပုံ ဆိုက်ဘာစီးတီးတွင် ထုတ်လုပ်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက် နှင့် သတင်းအချက်အလက် နည်းပညာ ဗဟိုဝန်ဆောင်မှု ကုမ္ပဏီ တို့အား လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။

“၅ သိန်းတန် GSM တွေက အမှန်တကယ် ချပေးမှာပါ။ ဒါပေမယ့် ဝန်ကြီးခွင့်ပြုမိန့် မကျသေးတာလည်း တကြောင်း၊ ကြိုတင်ငွေသွင်းကတ်တွေ အဆင်သင့် မဖြစ်သေးတာလည်း တကြောင်းကြောင့် မချပေးသေးတာပါ” ဟု Elite Tech IT Service မှတာဝန်ရှိသူတဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ၅ သိန်းတန်GSM မိုဘိုင်းဖုန်းများ ဇန်နဝါရီ ၃၁ ရက်နေ့တွင်စတင် လျှောက်ထားခွင့် ပြုမည် ဆိုသည့် သတင်းကို ပြည်တွင်းဂျာနယ် အများစုတွင် ရေးသားခဲ့သဖြင့် လူအများ စိတ်ဝင်စားကြသည်။

“ကျနော်တို့က သူတို့ပြောလို့ရေးတာပေါ့။ ဒါပေမယ့် ၃၁ ရက်နေ့မှာ မချပေးဘူးလည်း ဆိုကော ဂျာနယ်တိုက်တွေကို လူတွေက ဝိုင်းမေးကြတာ၊ မနည်း ရှင်းရတယ်” ဟု ပြည်တွင်းသတင်း အယ်ဒီတာ တဦးက ဆိုသည်။

ကျပ် ၅ သိန်းတန်ဖုန်းများကို ချပေးမည့် ရက်အား ဇန်နဝါရီ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီ ၆ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ယခုတဖန် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ၅ သိန်းတန် GSM မိုဘိုင်းဖုန်းများ ချပေးတော့မည် ဆိုခြင်းကြောင့် ဖုန်းဝယ်ရောင်း အကျိုးဆောင်များ၊ ဖုန်းသုံးစွဲလိုသူ လူထုကြားတွင် လျှောက်ထားလိုသူ များပြားနေသည်။ ယခင်က GSM ဖုန်း တန်ဖိုးမှာ ကျပ် ၁၅ သိန်း ဖြစ်သည်။

ကျပ် ၅ သိန်းတန် GSM ဖုန်းများကိုလည်း လက်ရှိ GSM ဖုန်းများ အသုံးပြုနေသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ GSM ဖုန်း အလုံးရေ ၅ သိန်းဝန်းကျင်ကို ချထားပေးပြီး ဖြစ်သည်။ GSM ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ စတင် ချထားပေးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်