အစိုးရဝန်ကြီးများ၏ လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူမည်

E-mail Print
မြို့ပြ လုံခြုံရေးနှင့် အစိုးရ၀န်ကြီးများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောင်းလဲ တာဝန်ယူသွားမည်ဟု သိရသည်။

အစိုးရသစ် တက်ပါက ဖွဲ့စည်းပုံအသစ်ဖြင့် ပြောင်းလဲရန် စီစဉ်ထားသည့်အတိုင်း ယခင် တပ်မတော်က တာဝန်ယူထားသည့် လုံခြုံရေးတာဝန်များကို လျှော့ချကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဓိက တာဝန်ယူ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိတဦးက အတည်ပြု ပြောဆိုလိုက်သည်။

traffic-police-officer-gestures“၀န်ကြီးတွေ အားလုံးရဲ့ လုံခြုံရေးအစီအစဉ်ကို ပြောင်းလိုက်တာပါ။ စစ်တပ်ဆိုတာကို မြင်ကွင်းထဲကနေ အကုန် ဖျောက်ချင် တော့ ရဲတပ်ဖွဲ့ကို တာဝန်ပေးလိုက်တဲ့ သဘောမျိုးပဲ” ဟု အဆိုပါ အရာရှိက ဧရာဝတီကို ပြောသည်။

နိုင်ငံတော် အဆင့်မြင့် ခေါင်းဆောင်များ၏ လုံခြုံရေးတာဝန်များ ပေးနိုင်ရန် လုံခြုံရေး အရာရှိ၊ ကိုယ်ရေးအရာရှိ များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရွေးချယ်၍ စာရင်းတင်ထားရသည်ဟုလည်း သူက ဆိုသည်။

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့် ကြီးမား လာမည်ဖြစ်ပြီး အင်အားတောင့်တင်းသည့် ဖြိုခွင်းရေး အဖွဲ့အစည်းတခု နေရာသို့ ယူလာနိုင်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိ တဦးက ပြောသည်။

လွှတ်တော်စတင်ခေါ်ယူသည့် နေ့ကလည်း ရန်ကုန်နှင့် နေပြည်တော်တို့တွင် လုံခြုံရေးတာဝန်များကို  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စတင် တာဝန်ယူခဲ့သည်ဟု သိရသည်။

ဖွဲ့စည်းပုံ အသစ်အရ လက်ရှိ ရဲမှူးကြီးများကို ပြည်နယ်နှင့်တိုင်း အသီးသီးအလိုက် ရဲချုပ်များအဖြစ် ထားရှိ သွားမည်ဖြစ်ပြီး လက်ရှိ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြည်ထောင်စု ရဲချုပ်ကြီး အဖြစ် တာဝန်ယူသွားရန် ရှိသည်ဟု နေပြည်တော် အသိုင်းအ၀န်း တွင် ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝ လျှော့ချသွားမည့် အာဏာပိုင်များ၏ အစီအစဉ်အတိုင်း စတင် အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

“စစ်တပ်ဘက်က တချို့ လူတွေကို ရဲတပ်ဖွဲ့ထဲ ပြောင်းထည့်တာ ရှိသလို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကနေ အရာရှိ အနေနဲ့ ထပ် ခေါ်နေတာတွေလည်း ရှိတယ်။ အောက်ခြေကို အင်အား ထပ်ဖြည့်နေတယ်” ဟု သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်