ဖိနှိပ်မှုများ ရှိနေလျှင် ပိတ်ဆို့အရေးယူမှု ဆက်ရှိသင့်

E-mail Print
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ပပျောက်မှသာလျှင် အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများက စစ်အစိုးရအပေါ် ပိတ်ဆို့အရေးမှုကို ဖယ်ရှားရန် စဉ်းစားသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြေညာချက် ထုတ်ပြန်ကာ ယနေ့ တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမား အခွင့်အရေးတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ အလုပ်ရရှိမှုတွေ၊ ပေါ်လာမယ့် ရင်နှီးမြှုပ်နှံမှုတွေ ဆိုလို့ရှိရင်တော့ စဉ်စားပြီးတော့ လက်ခံသင့်တယ်” ဟု NLD ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန် က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက ပြည်သူများအပေါ် ဖိနှိပ်မှုများ ဖယ်ရှားနိုင်မှသာလျှင် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းနိုင်ရန် စဉ်းစားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးသည်လည်း အဓိကဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံရေးသမား အများစုကမူ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ထားသော်လည်း မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍများ၌ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပိုမိုနီးစပ်သွားကြောင်း သုံးသပ်ကြသည်။

မြန်မာ့အရေးလေ့လာသူများ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများ အကြားတွင် စီးပွားရေးပိတ်ဆို့မှုများ၏ ထိရောက်မှုနှင့် ရုပ်သိမ်းရေးအတွက် အငြင်းပွားနေကြဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့၌ အရှေ့တောင် အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က စစ်အစိုးရ အပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အချိန်စောသေးကြောင်း၊ စစ်အစိုးရ အနေဖြင့် NLD ပါတီကို တရားဝင်ပါတီအဖြစ် အသိမှတ်ပြုရန် အမေရိကန်အစိုးရက ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်အစိုးရ၏ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမေရိကန် အစိုးရက စိတ်ပျက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆိုကြောင်း၊ အိုဘားမား အစိုးရနှင့် စစ်အစိုးရအကြား ထားရှိသည့် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး မူဝါဒသည်လည်း အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ် မေလအတွင်း၌ မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်အဖြစ် ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်လည်း တကြိမ်လာရောက်ခဲ့ကာ နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။

စစ်အစိုးရကို ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂက ၁၉၉၆ ခုနှစ်တွင် စီးပွားရေးပိတ်ဆို့မှု စတင်ခဲ့ပြီး ၎င်းတို့၏ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကို နှစ်စဉ် ဧပြီလတွင် သက်တမ်းတိုးသည်။

ထို့အပြင် အမေရိကန်အစိုးရက ၁၉၉၇ ခုနှစ်တွင် စစ်အစိုးရအား ရင်းနှီးမြှုပ်နှံမှုများ အသစ်မလုပ်ရန် တားမြစ်ထားပြီး ၂၀၀၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂၀၀၃)” ကို ပြဋ္ဌာန်း ကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ထိုဥပဒေအောက်တွင် စစ်အစိုးရကို ထောက်ပံ့မှုများ မဖြစ်စေရန် မြန်မာနိုင်ငံမှ ကုန်စည်များ တင်သွင်းခွင့်ကို ပိတ်ဆို့ခြင်း၊ အမေရိကန်နိုင်ငံတွင် ရှိနေသော စစ်အစိုးရ အသိုင်းအဝန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်း၊ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခြင်းစသည်ဖြင့် အခန်း ၉ ခန်း ပါဝင်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် စစ်အစိုးရနှင့် အပေါင်းအပါများအား ဥရောပနိုင်ငံများသို့ ဝင်ခွင့် ပိတ်ပင်ခြင်း၊ ဥရောပနိုင်ငံများတွင် အခြေချနေထိုင်ခြင်း၊ စစ်အစိုးရ၏ မိသားစုဝင်များ၊ နီးစပ်သူများကိုပါ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှု များ ပြုလုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်