ဆောင်းခို ရှားပါးငှက် မျိုးသုဉ်းမည့် အန္တရာယ်ကြုံ

E-mail Print
မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့ ကမ်းရိုးတန်း ဒေသတွင် ကျက်စားသည့် ကမ္ဘာ့ရှားပါး ငှက်မျိုးဖြစ်သော ရေညှောင့် နှုတ်ဝိုင်းငှက် (ခေါ်) ဒီလုံးငှက် (Spoon-Billed Sandpiper) သည် ဖမ်းဆီးရောင်းချ ခံရခြင်းကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

kids_sbs_2ကမ္ဘာပေါ်တွင် ကောင်ရေတထောင်ခန့်ပင် မကျန်ရှိတော့ဟု Birdlife International အဖွဲ့က ခန့်မှန်းထားသည့် ဆောင်းခိုငှက်မျိုးဖြစ်သော ညှောင့်နှုတ်ဝိုင်းငှက်အား မြန်မာနိုင်ငံတွင် ဒေသခံများက ထောင်ဖမ်းပြီး ရောင်းချမှုများ ပြုလုပ်လျက်ရှိသောကြောင့် ငှက်မျိုးပြုန်းမည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရကြောင်း ဇီဝမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအသင်း (BANCA) မှ အဖွဲ့ဝင် ဒေါ်ခင်သီတာလွင်က ပြောသည်။

“ကျမတို့ ကွင်းဆင်းလေ့လာကြည့်တော့ လူတော်တော်များများက ငှက်ထောင်ပစ်တယ်။ ပြီးတော့ ဒီငှက်မျိုးကိုပဲ သီးသန့်ဖမ်းတာတွေ၊ ဆေးချတာတွေလည်း လုပ်ပြီး စားသောက်နေ ကြတယ်။ အဲဒီလိုပဲ လုပ်နေကြတာ သုံး လေးနှစ်ရှိပြီ။ အခုတော့ အကောင်ရေ နည်းသွားတယ်။ ပြုန်းတီးကုန်တော့မှာတောင် စိုးရိမ်နေရပြီ” ဟု ဒေါ်ခင်သီတာလွင်က ပြောသည်။

BANCA အဖွဲ့သည် ရေညှောင့်နှုတ်ဝိုင်းငှက်ရှိရာ မုတ္တမ ပင်လယ်ကွေ့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များတွင် သွားရောက်၍ လေ့လာခဲ့ရာ ဒေသခံများအနေဖြင့် ငှက်ဖမ်းခြင်း၊ ငါးမျှားခြင်းတို့ဖြင့် ကြုံသလို အသက်မွေးဝမ်းကျောင်း ပြုနေရသည်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

ရေညှောင့်နှုတ်ဝိုင်းငှက်သည် ရုရှားနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ချီကိုတာ ပြည်နယ်တွင် သားပေါက်ပြီး ဆောင်းတွင်းတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ကမ်းရိုးတန်းဒေသများ၌ လာရောက် ဆောင်းခိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ၂၀၀၈ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

kids_sbsကျန်ရှိနေသည့် ရေညှောင့်နှုတ်ဝိုင်း ငှက်ကောင်ရေနှင့် ပတ်သက်၍ BANCA အသင်း ဥက္ကဋ္ဌ ဦးထင်လှက ရှင်းပြရာ ၂၀၀၈ ခုနှစ်တွင် BANCA အဖွဲ့၊ တခြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ရုရှပညာရှင်များ ပူးပေါင်းရှာဖွေရာ မုတ္တမ အနောက်မြောက်ဘက် ကမ်းရိုးတန်း၊ ရခိုင်အရှေ့ဘက်ကမ်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ နံ့သာကျွန်းတို့တွင် ရေညှောင့်နှုတ်ဝိုင်းငှက် ကောင်ရေ ၁၀၀ ခန့်တွေ့ရှိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် မုတ္တမနှင့် နံ့သာကျွန်းတွင် ၆၁ ကောင်နှင့် ၂၀၁၀ ခုနှစ်တွင် ယင်းဒေသများ၌ပင် ၉၁ ကောင်သာ တွေ့ရှိရတော့ကြောင်း သိရှိရသည်။

မြန်မာနှင့် နိုင်ငံခြားသား ပညာရှင်များက လေ့လာပြုစုပြီး ၂၀၁၀ တွင် ထုတ်ပြန်သော အစီရင်ခံစာအရ ရေညှောင့်နှုတ်ဝိုင်းငှက်ကောင်ရေ အလွန်အမင်း ကျဆင်းလာခြင်းတွင် မြန်မာပြည်၌ ငှက်ထောင်ဖမ်းခြင်း၊ သတ်ဖြတ်ခြင်းသည် အဓိကအချက်အဖြစ် ရှာဖွေတွေ့ရှိရကြောင်း ရေးသားဖော်ပြထားသည်။

ထိုဒေသတွင် ဒေသခံအများစုမှာ အလုပ်အကိုင်ရှားပါးခြင်း၊ စားဝတ်နေရေး ကျပ်တည်းခြင်းတို့ကြောင့် ငှက်ဖမ်းခြင်း၊ ငါးမျှားခြင်း၊ သစ်ခုတ်ခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်မှ မုတ္တမ ပင်လယ်ကွေ့အထိ ၈ ရက်ကြာသွားရောက်ပြီး ရေညှောင့်နှုတ်ဝိုင်း ဆောင်းခိုငှက်နှင့် ငှက်ကြည့် ခရီးသွားအစီစဉ်ကို SST ခရီသွားလုပ်ငန်းက ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်