ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အမေရိကန်စိုးရိမ်

E-mail Print
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် မြန်မာစစ်အစိုးရတွင် တာဝန်ရှိကြောင်းနှင့် အမေရိကန် အစိုးရအနေဖြင့် စိုးရိမ်ကြောင်း အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရော်လီက ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား လိုက် သည်။

Myanmar-democracy-icon-Aung-San-Suu-Kyiမြန်မာစစ်အစိုးရ သတင်းစာများက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဆက်လက် ထောက်ခံနေပါက “သမိုင်း၏ ဂိတ်ဆုံးသို့” ဦးတည်သွား နိုင်ကြောင်း ခြိမ်းခြောက်ရေးသား ခဲ့သည့်အပေါ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အစိုးရ သတင်းစာရဲ့ ရေးသားချက်ကြောင့် ဒေါ်အောင်ဆန်း စုကြည်အတွက် စိုးရိမ်မှု ဖြစ်ရပါတယ်။ ဒီ သတင်းစာ အရေးသားတွေရဲ့ နောက်မှာ ရည်ရွယ်ချက် တစုံတရာ ရှိနေတာ အသေအချာပါ။ အန္တရာယ်တွေ ကြုံလာနိုင်ပါတယ်”ဟု ပီဂျေ ခရော်လီက ပြောကြားခဲ့ သည်။

စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့နှင့် မသက်ဆိုင်ကြောင်း၊ အနောက် နိုင်ငံများက ၎င်းတို့၏ သဘောထားအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ကျင့်စဉ်မရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း NLD က ဖေဖော်ဝါရီ ၈ ရက်တွင်ထုတ်ပြန် ကြေညာခဲ့ပြီးနောက် စစ်အစိုးရ သတင်းစာက ဒေါ်အောင်ဆန်း စုကြည်နှင့် NLDကို ဝေဖန်တိုက်ခိုက် ရေးသားခဲ့သည်။

NLD ၏ ထုတ်ပြန် ကြေညာချက်တွင် အနောက် နိုင်ငံများက ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရကိုသာ ထိခိုက်ပြီး ပြည်သူများ၏ လူ နေမှု ဘ၀များကို တိုက်ရိုက် မထိခိုက်ဟူသော အချက်လည်း ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်ခဲ့ပြီးနောက် အစိုးရ သတင်းစာ က ဖေဖော်ဝါရီ ၁၃ ရက်၌  ပထမဆုံးအကြိမ် ခြိမ်းခြောက် ရေးသားလိုက်ခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ် မေလအတွင်းက အထက်မြန်မာပြည် ခရီးစဉ်၌ ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသူများက ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ် အ ကျယ်ချုပ် ချခဲ့သည်။

လွန်ခဲ့သည့် ၂၁ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကိုလည်း တရားဝင်ပါတီအဖြစ်မှ ရပ်စဲကြောင်း နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်ခဲ့ပြီး ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ် သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူးအယူခံကို ၂၀၁၁ ခု ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချလိုက်သည်။

ပါတီ ရပ်တည်ခွင့် ပယ်ချခံရမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြရန် NLD ပါတီက ထုတ်ဖော်ပြောကြား ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်