အမရပူရ စံပြဈေး မီးလောင်

E-mail Print
မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ စံပြဈေး ယနေ့နံနက် ၃ နာရီခန့်က မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ဈေးမှာလည်း စည်ပင်ကခန့်ထားတဲ့ ဈေးညစောင့်ကလွဲပြီး ဘယ်သူမှ ညမအိပ်ဘူး။ ၀ါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့လည်း ပြော တယ် ၊ ရှို့မီးလို့လည်း ပြောနေကြတာပဲ။ ဒီမှာက မီးက ပျက်လိုက်လာလိုက်လေ။ မီးအား အတက်အကျမမှန်တော့ တခါတလေ မီးအား ရုတ်တရက်မြင့်တက်လာရင် မီးသီးတွေတောင် ကွဲတတ်တယ်။ အဲလိုဖြစ်ပြီး လောင်တာလား မသိဘူး”ဟု အမရပူရမြို့ခံ တဦးက ပြောသည်။

အမရပူရမြို့နယ်မီးသတ်ဌာနမှ တာဝန်ကျဝန်ထမ်းတဦးက ဈေးမီးလောင်ကျွမ်းခဲ့ကြောင်း အတည်ပြုပြောဆိုသော်လည်း အသေး စိတ် ပြောဆိုရန် ငြင်းဆိုသည်။

“အတွင်းဆိုင်ခန်းတွေ အကုန်ပါတာပဲ။ လေးဘက်လေးတန်က ဆိုင်ခန်းတချို့ကျန်တယ်။ အဲဒီဆိုင်ခန်းတွေမပါခဲ့လို့သာ ရပ်ကွက် ကို မီးမကူးတာ”ဟု အမရပူရမြို့ခံက ဆိုသည်။

ယမန်နေ့ကလည်း မန္တလေးမြို့အတွင်း နန်းတော်ရှေ့နှင့် ၄၂ လမ်း ခုံးကျော်တံတားအနီးတို့တွင်လည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်း ၊ မကွေးမြို့နယ် ဆူးပစ်စမ်းကျေးရွာတွင်လည်း ဖေဖော်ဝါရီ ၁၂ ရက်က မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

၂၀၁၁ ဇန်န၀ါရီလအတွင်း၌ပင် နိုင်ငံတ၀န်း မီးလောင်ကျွမ်းမှုပေါင်း ၇၂  ကြိမ် ဖြစ်ပွားခဲ့ပြီးကြောင်း ယင်းသတင်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း ရန်ကုန်မြို့မှ မင်္ဂလာဈေး ၊ သင်္ဃန်းကျွန်းဈေးနှင့် မုံရွာမြို့မှ ချင်းတွင်းရတနာ ဈေးကြီးများသည် ၀ါယာရှော့ခ် ကြောင့် မီးလောင်ကျွမ်းခဲ့ရသည်။

မင်္ဂလာဈေး ၀ါယာရှော့ခ်မီးကြောင့် ဆေးဝါးအရောင်းဆိုင် ၃၉၈ ဆိုင်၊ အလှကုန်ဆိုင် ၃၉၉ ဆိုင် နှင့် စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကာ ဆုံးရှုံးမှုတန်းဖိုး ငွေကျပ်သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဆုံးရှုံးခဲ့ပြီး သင်္ဃန်းကျွန်းဈေး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ပေါင်း ၆၅၁ ခန်း နှင့် ချင်းတွင်းရတနာဈေးမှ ဆိုင်ခန်း ၄၀၆ ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်