ဟတ်ရိုင် ၌ မြန်မာတဦး အလောင်းတွေ့

E-mail Print
အသတ်ခံထားရသည်ဟု ယူဆရသော မြန်မာနိုင်ငံမှ အမျိုးသား ၁ ဦး၏ အလောင်းကို ထိုင်းနိုင်ငံ တောင်ပိုင်း ဟတ်ရိုင်မြို့ နယ်ရှိ ဒေသခံများက ယမန်နေ့က တွေ့ရှိခဲ့ကြောင်း Inn News ၀က်ဘ်ဆိုက်တွင် ထိုင်းဘာသာဖြင့် ဖော်ပြ ထားသည်။

သေဆုံးသူ၏ အလောင်းကို စစ်ဆေးတွေ့ရှိချက်အရ မလေးရှားနိုင်ငံမှ အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားပြီး အသက် ၄၀ ၀န်းကျင်ရှိသည်။ အသတ်ခံရပြီးနောက် ဆာလာအိတ်ထဲ၌ ထည့်၍ လမ်းဘေး တနေရာတွင် ပစ်ချထားခြင်း ဖြစ်သည်။

“အလောင်းကိုတွေ့တော့ အသားတွေက ပုပ်ပွနေပြီး အရိုးတွေပဲ ကျန်တယ်၊ ဂျင်းဘောင်းဘီ ၀တ်ထားတယ်၊ သေဆုံးနေတာ ကတော့ အနည်းဆုံး ၁၅ ရက်လောက် ရှိနေပြီ၊ ဘယ်လိုသတ်ထားသလဲဆိုတာ ဘယ်လိုမှ မပြောနိုင်ဘူး၊ အ၀တ် တစုံ ပါ ဆာလာအိတ်ထဲမှာ ထည့်ထားတယ်”ဟု အဆိုပါ Inn News ၌ ရေးသားထားသည်။

သေဆုံးသူ၏ အမည်မှာ မျိုးမင်းဇော်ထွေး ဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်က မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ၎င်းကိုယ်ပေါ်တွင် တွေ့ရှိခဲ့သော ပိုက်ဆံအိတ်နှင့် ပစ္စည်းတချို့ကို ထိုင်းအာဏာပိုင်များက သက်သေခံအဖြစ် သိမ်းဆည်းထားကြောင်း သိရသည်။

ထိုင်းရဲများက“အခင်းဖြစ်တဲ့ နေရာမှာ စစ်ဆေးကြည့်တော့ ဘာသက်သေခံ ပစ္စည်းမှ တစုံတရာ မတွေ့ဘူး၊ အမှုကို စစ်ဆေး  နေတဲ့အချိန်မှာ သေဆုံးတဲ့သူဟာ ဒီမြို့နယ်မှာ အလုပ်လုပ်နေသလား၊ သို့မဟုတ် သူ့ရဲ့ အလုပ်ပိုင်ရှင်ကိုပါ အသေးစိတ် သိ ဖို့အတွက် စုံစမ်းသွားမယ်”ဟု Inn Newsတွင် ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၅ ရက်နေ့ကလည်း မလေးရှားနိုင်ငံ မာလာကာမြို့ရှိ တာမန်မာလင်ပါမိုင်း ရပ်ကွက်တွင် မြန်မာ အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရသည်။

အသက် ၃၅ နှစ်အရွယ် မညွန့်ညွန့် ဆိုသော မီလာကာဆင်ထရယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်နှင့် ၎င်း၏ အလုပ်သမားဖြစ်သူ အသက် ၃၁ နှစ်ရှိ မသော်သော်ညိုဟု ဆိုသည့် အမျိုးသမီး၂ ဦး အသတ်ခံရခြင်းဖြစ်ကြောင်း မလေးရှားစတား သတင်းစာ တွင်ဖော် ပြခဲ့သည်။

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင် နေကြသော မြန်မာအလုပ်သမား ၅ သိန်းခန့် ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်