စပွန်ဆာ သင်္ကြန်ခွေ အထွက်များလာ

E-mail Print
၂၀၁၁ ခုနှစ် သင်္ကြန်တေးစီးရီး ထွက်ရှိမှုနှုန်းသည် ဆယ်စုနှစ်အတွင်း အများဆုံး ထွက်ရှိမှု ဖြစ်သည်ဟု တေးထုတ်လုပ်ရေးဈေး ကွက်မှ သိရသည်။

ယင်းသို့ အခွေထွက်ရှိမှုနှုန်းမြင့်တက်လာခြင်းသည် ခိုးကူးပြဿနာလျော့ပါးသွားခြင်းကြောင့်မဟုတ်ဘဲ  စီးပွားရေးလုပ်ငန်းရှင် များက ကြော်ငြာလိုသည့် သဘောဖြင့် စပွန်ဆာ (Sponsor)ပေး အရင်းအနှီး စိုက်ထုတ်လာမှုကြောင့်ဟု မန်းသီရိ တေးထုတ် လုပ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

ThinGyan_posterမြန်မာတပြည်လုံးသို့ တေးစီးရီးများ လက်လီလက်ကားဖြန့်ချိရောင်းချပေးနေသည့် မန်းသီရိ တေးထုတ်လုပ်ရေးအနေနှင့် ယခုနှစ်ထွက်ရှိသည့် သင်္ကြန်ခွေ ရောင်းချရမှုသည် ၅၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု သူက ဧရာဝတီကို ပြောသည်။

“ကောင်းတာ မကောင်းတာတော့ မသိဘူး။ သင်္ကြန်နီးလာတော့ ရာသီစာလည်းဖြစ်တော့ ၀ယ်ကြတာပဲ။ ဖေဖော်ဝါရီလ လောက် ကတည်းက ဥပမာ- April Queen 3 ဆို ထွက်နေပြီ။ လက်လီ သမားကတော့ ရောင်းရတဲ့နှုန်း သိသိသာသာ ရှိချင်မှ ရှိမယ်။ အစ်မတို့ ဆိုင်အနေနဲ့ လောလောဆယ်အထိ နယ်တွေ ပို့ရတာနဲ့ပါတွက်ရင် ရောင်းရတယ်လို့ ပြောလို့ရတယ်”ဟုလည်း မန်းသီရိ တေးထုတ်လုပ်ရေး တာဝန်ရှိသူက ဆိုသည်။

ယခုနှစ်အတွင်း အသစ်ထွက်ရှိသည့် သင်္ကြန်တေးစီးရီးများမှာ မန္တလေးမြို့ကြီးထမ်းပြီး ပြန်တော့မယ် ၊ April Queen 3 ၊ April Queen 4 ၊ April Star ၊ ရာသီစာ ၂ ၊ သင်္ကြန်မှာ ရင်တွေ ခုန်တာပေါ့ (၁) (၂) ၊ T Home ရောင်စုံသင်္ကြန် ၊ ချယ်ရီဦးသင်္ကြန် ၊ ဆင်ဖိုနီ သင်္ကြန် (၁) (၂) ၊ အောင်အေးချစ် သင်္ကြန် စသည်ဖြင့် ၁၅ ခွေ ခန့် ရှိသည်ဟု သိရသည်။

အဆိုပါ တေးစီးရီးများထဲတွင် ကိုယ်ပိုင်ထုတ်လုပ်သည့် စီးရီးအနည်းငယ်သာ ပါဝင်ပြီး စီးပွားရေး လုပ်ငန်းများမှ ကြော်ငြာ သဘောဖြင့် ၀င်ရောက် ထုတ်လုပ်မှု များသည်ဟု အမျိုးသမီး အဆိုတော် တဦးက ပြောသည်။

“ဥပမာ အခုထွက်တဲ့ T -Home သင်္ကြန်စီးရီးဆို သူ့လုပ်ငန်း ကြော်ငြာလည်း ဖြစ်တယ်။ အခွေ တခွေအနေနဲ့လည်း ကျန်ခဲ့ တယ်ဆိုတော့ လုပ်ငန်းရှင်တွေဘက်က ဒီလိုတွေ လုပ်လာကြတယ်။ ထုတ်လုပ်ရေးဘက်က မရောင်းရမှာ ပူစရာမလိုဘူး။ Sponser ပေးထားတဲ့ လုပ်ငန်းရှင် ရှိသလို အဆိုတော်တွေ အတွက်လည်း ကျန်တယ်ပေါ့ ”ဟု သူက ပြောပြသည်။

လာမည့် သင်္ကြန်တွင် နေပြည်တော်ကို သွားဖျော်ဖြေရန်များပြီး သီချင်းအနေနှင့် သင်္ကြန်ခွေ ၃ ခွေတွင် ၀င်ရောက်ဆိုထား သည်ဟု အဆိုတော် စန္ဒီမြင့်လွင်က ဆိုသည်။

“ချယ်ရီဦး ၊ ရာသီစာ၂ ရယ် ၊ သင်္ကြန်မှာ ရင်တွေ ခုန်တာ စီးရီးရယ်မှာ ဆိုထားတယ်။ ဒီနှစ် သင်္ကြန်ခွေတွေ အများကြီး ထွက် လာတာ ကောင်းတဲ့ အလားအလာတခုလို့ မြင်တယ်။ တခွေ နှစ်ခွေလောက်ပဲ ရှိရင်တော့ အကုန်ရောင်းရမှာပေါ့။ ဒီနှစ်က အခွေထွက်တာများတော့ လူတွေရွေးဝယ်ရမယ့် အနေအထားရှိတော့ သီချင်းတွေကောင်းရင်တော့ ပေါက်မယ်”ဟု သူက ပြော သည်။

ဟစ်ပ်ဟော့ပ် အဆိုတော်များ ပါဝင် သီဆိုထားသည့် သင်္ကြန်မှာ ရင်တွေခုန်တာပေါ့ စီးရီးကို BO BO Entertainment က စီစဉ်ပြီး မြနန္ဒာ ရေသန့်မှ Sponsor ပေး ထုတ်လုပ်သည်ဟု သိရသည်။

“ဟစ်ပ်ဟော့ပ် အဆိုတော်တွေ များတယ်။ အယောက် ၃၀ ကျော်လောက် ပါတယ်။ အောင်မြင်တာ တော့ အောင်မြင်တယ် ၊ ရောင်း ရဖို့ပဲလိုတယ်။ မြန်မာပြည်မှာ ခိုးကူးက ရှိနေသေးတော့ အရင်းရရင်ပဲတော်ပါပြီ”ဟု BO BO Entertainment မှ ကိုဘိုဆန်း က ပြောသည်။
ဂီတလောကတွင်  အရောင်းရဆုံးဟု သတ်မှတ်ထားသော တေးစီးရီးတခွေ၏ ပမာဏကို တွက်ကြည့်ပါက အခွေအများဆုံးမှာ ၁၅၀၀ -၂၀၀၀ ခန့်သာ ရှိသည်ဟု သူက ဆိုသည်။

လက်ရှိ မြန်မာပြည်တွင် စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ လုပ်ငန်းကြော်ငြာများ အတွက် တေးထုတ်လုပ်ရေး ကဏ္ဍ တွင်သာမက တေးဂီတ စင်တင်ပွဲများတွင်လည်း ပါဝင်လာနေသည်ကို တွေ့ရသည်။

“လုပ်ငန်းရှင်ကတော့ စီးပွားရေးအရ သူ့လုပ်ငန်းကို ဘယ်လို ကြော်ငြာရင် ပေါက်မလဲဆိုတာ စဉ်းစားမှာပဲ။ April Queen 3 ၊ April Queen 4 ဆိုလည်း Felo သကြားလုံးက စပွန်ဆာပေးတာ။ တီဗီမှာ မိနစ် နည်းနည်းလေးပါပြီး သိန်းချီပေးရတာထက်  ဒီလိုနေရာတွေမှာ သုံးလာတယ်။ နောက်ပိုင်း သေချာကြည့်ရင်တွေ့လာရတာက ဥပမာ- Gold Rost ဆို ဟစ်ပ်ဟော့ပ် ရှိုးပွဲတွေ ကို တောက်လျှောက်ပေးလာတာမျိုးတွေပေါ့”ဟု ပွဲစီစဉ်သူတဦးက ပြောပြသည်။

ရတနာမြိုင် တေးထုတ်လုပ်ရေးမှ ကိုချန်ဟိန်းက“နေရဲမာန်ရဲ့ မန္တလေးမြို့ကြီး ထမ်းပြီး ပြန်မယ် သင်္ကြန် စီးရီးဆို ကိုယ်ပိုင်ပေါ့။ အခု တွေ့ရသလောက် စပွန်ဆာရလို့ ထုတ်တဲ့ အခွေတွေများတယ်”ဟု ဧရာဝတီကို ပြောသည်။

တေးထုတ်လုပ်ရေး အားတက်လာသော်လည်း ရောင်းအား သိသိသာသာတက်လာနိုင်သည်ဟု ပြောမရကြောင်း၊ သင်္ကြန်ကာ လတွင် တေးစီးရီးများသာမက မဏ္ဍပ်ဆောက်လုပ်မှုများပါ စပွန်ဆာရှိမှထွက်လာနိုင်သည်ဟု အဆိုတော် ဇော်ဝင်းထွဋ်က ပြော သည်။

“T-Home သင်္ကြန်ခွေက မနှစ်က သင်္ကြန်ကို ရိုက်ထားပြီး ဒီနှစ်မှ ထုတ်တာ။ ခိုးကူး ကိစ္စကလည်း ခိုးကူးလို့တောင် ပြောလို့ မရတော့ဘူး။ ပေါ်တင်ချကူးနေကြတာ။ ဒီ ပြဿနာအတွက် သွားနေကျပုံစံအတိုင်းမဟုတ်ဘဲ ဒစ်ဂျစ်တယ်လ်နဲ့ ကူးလို့ မရ
အောင် လုပ်တာမျိုး ၊ ဥပဒေတွေ ချမှတ်ပြီး တာဝန်ရှိတဲ့သူတွေနဲ့ပါ ပေါင်းလုပ်မှ အကျိုးရှိမှာပေါ့”ဟု သူက ဆိုသည်။

လက်ရှိ ကော်ပီဈေးကွက်တွင် သင်္ကြန်တေးစီးရီး ရောင်းချရမှုသည် ပိုမိုများသည်ဟု ကော်ပီခွေရောင်းသူတဦးက ပြောသည်။

“သင်္ကြန်ခွေကတော့ မြန်မာသံစဉ်ရော၊ ဟစ်ပ်ဟော့ပ်ရော အစုံပဲ။ ၀ယ်သူဘက်က ကြည့်ရင် တခွေ ကျပ် ၃၀၀ နဲ့ ၅ ခွေ ၀ယ် ရင် ၁၅၀၀ ကျပ် ပဲကျမယ်။ မူရင်းခွေဆို တခွေပဲရမယ်။ ဒီနှစ်က မူရင်းခွေမှာတင် ထွက်တာများတော့ ကျနော်တို့ တွေကလည်း လူကြိုက်များမယ့် အခွေရွေးဝယ်ရတာပေါ့”ဟု သူက ဆိုသည်။

၂၀၁၀ ခုနှစ်တွင် သင်္ကြန်သီချင်းခွေ April Queen 2 ၊ ရာသီစာ ၊ နေရဲမာန် သင်္ကြန် ၊ မာစတာသကြန် ၄ (အချမ်းပြေ) စသည့် သင်္ကြန်တေးစီးရီး ၅ ခွေ ခန့် ထွက်ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်