ကုန်ပို့ခ ဈေးကျသော်လည်း ကုန်ဈေးနှုန်း မကျ

E-mail Print

ပြည်တွင်းတွင် ပုဂ္ဂလိက ကုန်တင်ကားကြီးများ ကုန်ပိုတင်နိုင်၍ ကုန်တင်ခများ လျော့ကျလာသော်လည်း ကုန်ဈေးနှုန်းမှာ  ကျဆင်းခြင်း မရှိသေးကြောင်း စီးပွားရေး လုပ်ကိုင်နေသူများက ပြောသည်။

Business-Truck-by-mmcybermediaအာဆီယံ စံချိန်စံနှုန်းများနှင့်အညီ ယခင်က တန် ၂၀ တင်ဆောင်ခဲ့သော ၆ ဘီးကားများကို ၁၆ တန်၊ ၃၅ တန် တင်ဆောင်ခဲ့သော ၁၀ ဘီးကားများကို ၂၁ တန်၊ တန် ၄၀ တင်ဆောင်ခဲ့သော ၁၂ ဘီးကားများကို ၂၅ တန်သာ တင်ဆောင်ရန် ယမန်နှစ် သြဂုတ်လက စတင်သတ်မှတ်ခဲ့သည်။

ယင်း သတ်မှတ်ချက်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများက ကားခများကို နှစ်ဆအထိ တိုးမြှင့်ခဲ့သည့်အပြင် ကုန်စည်စီးဆင်းမှု နှေးကွေးသွားပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။

အဆိုပါရလဒ်ကြောင့် ၆ ဘီးကားများကို ၂ တန်၊ ၁၀ ဘီးနှင့် ၁၂ ဘီးကားများကို ၅ တန်အထိ အပိုတင်ဆောင်ခွင့် ယာယီခွင့်ပြုသည်ဆိုသော ကြေညာချက်ကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများသို့ မတ်လ ၁၅ ရက်နေ့က သယ်ယူပို့ဆောင်ရေး လုပ်ငန်းများထံ ပေးပို့ခဲ့သည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်အခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက “ကုန်ဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာလို့  ဒီကြေညာချက်ကို ထုတ်လိုက်တာပါ။ ယာယီ ဆိုပေမယ့် ပုံသေသွားမယ့် သဘောရှိတယ်။ မဟုတ်ရင် ကားခကို ထပ်တိုးကောက်ရင်တော့ ကုန်ဈေးနှုန်း တက်တာကို အာဏာပိုင်တွေ ထိန်းလို့ရမှာ မဟုတ်ဘူး။ အခုတော့ ကားခတွေ နည်းနည်း လျှော့ကောက်လို့ ရတာပေါ့” ဟု ပြောသည်။

ထိုကြေညာချက်ကြောင့် မန္တလေး-မူဆယ်နှင့် ရန်ကုန်-တောင်ကြီး ပြေးဆွဲနေသော ကုန်ကားများက တပိဿာလျှင် ၄၀ ကျပ်၊ ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် ကုန်ကားများက တပိဿလျှင် ၃၀ ကျပ်၊ ဘားအံ-ရန်ကုန် ပြေးဆွဲနေသော ကုန်ကားများက တပိဿာလျှင် ၁၅ ကျပ် ဈေးကျသွားကြောင်း ရန်ကုန် အခြေစိုက် 7 Days ဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်မှ တောင်ကြီးသို့ ဆန်တအိတ် သယ်ယူခမှာ ၃၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ဘိလပ်မြေ တအိတ် သယ်ယူခမှာ ၃၈၀၀ ကျပ်မှ ၂၅၀၀ ကျပ်သို့ ကျဆင်းသွားကြောင်း သိရသည်။

ကုန်ပစ္စည်းများ၏ သယ်ယူခ ဈေးကျသွားသော်လည်း စားသုံးဆီမှလွဲ၍ အခြေခံကုန်စည်များမှာ ဈေးကျသွားခြင်းမရှိကြောင်း ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက ပြောသည်။ 

“ကားခဈေးကျတယ်ဆိုပေမယ့် ကုန်စည်ဈေးကတော့ မကျပါဘူး၊ မြန်မာပြည်မှာက ပစ္စည်းတခု ဈေးတက်ပြီးရင် ပြန်ကျဖို့က ခဲယဉ်းတယ်” ဟု ၎င်းက ဆိုသည်။ 

ရန်ကုန်မြို့၌ ချင်း တပိဿာလျှင် ၁၁၀၀ ကျပ်၊ အားလူး တပိဿာလျှင် ၅၀၀ ကျပ် ဈေးပေါက်လျက်ရှိပြီး ရှမ်းပြည်နယ်တွင် ပေါ်ဆန်းမွှေး တအိတ်လျှင် ၃၅၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးတွင် လုပ်ကိုင်နေသည့် ကိုအောင်ထွန်းက “ကားခတွေကတော့ တန်ပိုတင်ခွင့်ပေးလို့ ဈေးချပေးလိုက်ပြီးပြီ။ ကုန်ပစ္စည်းတွေ ဈေးကျဖို့ကတော့ ကုန်သည်တွေနဲ့ပဲ ဆိုင်တော့တယ်” ဟု ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်