အိမ်သုံးဆားဈေး ၁၀ ဆကျော်တက်

E-mail Print
မြန်မာနိုင်ငံတွင် တရုတ်ကုန်သည်များက အိမ်သုံး အိုင်အိုဒင်းဆားများ အလုံးအရင်းဖြင့် ၀ယ်ယူနေမှုကြောင့် မန္တလေး၊ လားရှိုး၊ မူဆယ်ဈေးကွက်များတွင် အိမ်သုံးဆားများ ပြတ်လပ်သွားပြီး ဈေးနှုန်း ၁၀ ဆကျော် မြင့်တက်သွားကြောင်း သိရသည်။

salt400“ဒီနေ့ ဆားဈေးတွေ တအားတက်ပါတယ်။ ၀ယ်လို့လည်းမရဘူး။ လှောင်တဲ့လူတွေကလည်း လှောင်နေကြတယ်။ ဈေးက တန်း မရှိဘူး။ ၀ယ်သူရောင်းသူ သဘောတူဈေးပဲ။ လောလောဆယ် အိုင်အိုဒင်းဆား တပိဿာ ကျပ် ၁၀၀၀ ကနေ ၁၅၀၀ အထိ ဈေးတက်ရောင်းနေတယ်” ဟု မန္တလေးမြို့ရှိ အိမ်သုံးဆားသန့်နှင့် အိုင်အိုဒင်းဆား ထုတ်လုပ် ရောင်းချနေသူ စက်ရုံပိုင်ရှင် တဦးက ပြောသည်။

ပုံမှန်အားဖြင့် အိုင်အိုဒင်းဆား တပိဿာလျှင် ၁၁၅ ကျပ်နှင့် ၁၅၀ ကျပ် အကြား ဈေးအတက်အကျရှိသည်။

ဆားဈေးနှုန်းမြင့်တက်ချိန် မန္တလေးမြို့ ဆားဈေးကွက်တွင် ဆား လုံးဝပြတ်လပ်သွားပြီး ရန်ကုန်မြို့ရှိ ဆားစက်များမှ
အိုင်အိုဒင်း ဆားများကိုပါ မှာယူနေကြကြောင်း သိရသည်။

“ရန်ကုန်မှာလည်း ဈေးတွေတက်နေပြီ။ အခု ဈေးသိပ်မဖွင့်ဘူး။ အားလုံးက အခြေအနေကို စောင့်ကြည့်နေတယ်။ နယ်က အမှာစာတွေ တက်နေပြီ” ဟု ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဆားလုပ်ငန်းရှင် တဦးက ရှင်းပြသည်။

ဘုရင့်နောင်အခြေစိုက် ဆားပွဲရုံပိုင်ရှင် တဦးကမူ လာမည့်ရက်ပိုင်းအတွင်း ဆားဈေးနှုန်း အလွန်မြင့်တက်နိုင်သည်ဟု ခန့်မှန်းသည်။

ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပေါက်ကွဲပြီး ဓာတ်ရောင်ခြည်များ ပင်လယ်တွင်းသို့ ပျော်ဝင်ကာ ဆားများတွင် ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည်ဆိုသော ယူဆချက်များ တရုတ်နိုင်ငံတွင် ပျံ့နေကြောင်း၊ ထို့ကြောင့် တရုတ်ပြည်သူ ထောင်ပေါင်းများစွာက ကုန်တိုက်များ၊ ကုန်စုံဆိုင်များနှင့် ဈေးများတွင် အိမ်သုံးဆားများကို ကြိတ်ကြိတ်တိုး ၀ယ်ယူကြောင်း၊ တရုတ်နိုင်ငံတွင် အိမ်သုံးဆား ပြတ်လပ်မှု ဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးသမားများက မြန်မာနိုင်ငံမှ အိမ်သုံးဆားများစွာကို မှာယူနေရာ မြန်မာပြည်မှ ဆားဈေးများပါ ထိုးတက်သွားခြင်း ဖြစ်ကြောင်း ဆားကုန်သည် များက ဆိုသည်။

မိုးလေ၀သ ပညာရှင်ဦးထွန်းလွင်ကမူ ဂျပန်နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာအပါအ၀င်
အာရှတိုက်တွင် ဓာတ်ရောင်ခြည်သင့်ပြီး အက်ဆစ်မိုးရွာသွန်းနိုင်သည်ဆိုသော သတင်းများမှာ ကောလာဟလ များသာဖြစ်ကြောင်း ပြောသည်။

စစ်အစိုးရပိုင် သတင်းမီဒီယာများကလည်း မြန်မာနိုင်ငံတွင်ရွာသွန်းသော မိုးများကိုတိုင်းတာရာ ဓာတ်ရောင်ခြည် ပါဝင်ခြင်းမရှိကြောင်းနှင့် ဂျပန်နိုင်ငံရောက် မြန်မာများကို တိုကျိုမြို့ရှိ မြန်မာသံရုံးက အကူအညီ ပေးလျက်ရှိကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန် ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်