ဒဂုံဝင်းအောင်နှင့် Max ဇော်ဇော်တို့ကို USက ဒဏ်ခတ်

E-mail Print
သမ္မတ သက်တမ်း လေးရက်သာ ကျန်တော့သည့် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက မြန်မာ ဗိုလ်ချုပ် ကြီးများနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီး နှစ်ဦးကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းအတွင်းသို့ ယမန်နေ့က ထည့်သွင်းလိုက်သည်။

၎င်းတို့ နှစ်ဦးမှာ စစ်အစိုးရကို ငွေကြေး ရှာဖွေ ထောက်ပံ့သည့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအကြီးအကဲ ဦးဝင်းအောင်၊ Max Myanmar ကုမ္ပဏီအကြီးအကဲ ဦးဇော်ဇော်တို့ ဖြစ်သည်။

အဆိုပါစာရင်းထဲတွင် ကနေဒါ-မြန်မာ ဖက်စပ်လုပ်ငန်းတခုဖြစ်သည့် မြန်မာ အိုင်ဗင်ဟိုး ကုမ္ပဏီလည်း ပါဝင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးအဖွဲ့ (OFAC)၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများကို နှိပ်ကွပ်နေသမျှကာလပတ်လုံး မြန်မာစစ်အုပ်စုအပေါ် ပြင်းထန်သည့် ဒဏ်ခတ်မှုများကို ချမှတ်ရန် လိုအပ်ကြောင်းကို အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ထားပြီးဖြစ်သည်” ဟု OFAC ညွှန်ကြားရေးမှူး Adam J Szubin က ကြေညာချက်တွင် ပြောကြားထားသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကျဉ်းချထားခြင်းသည် စစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝန်း၏ အလေးအနက်ထားမှုကို လိုလားမှုမရှိကြောင်း ပြသနေသည်၊ လူ့အခွင့်အရေး ချိုးဖောက်ရာတွင် အဆိုးဝါးဆုံးဖြစ်သော အစိုးရကို ဆက်လက်ဖိအားပေးရမည်ဟူသည်ကိုလည်း ပြသနေကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတသစ် မစ္စတာ အိုဘားမား၏ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဖြစ်လာတော့မည့် Susan Rice ကလည်း မြန်မာစစ်အုပ်စုအပေါ် အရေးယူ ပိတ်ဆို့မှု မျိုးစုံ ပြုလုပ်ရေးကို ထောက်ခံပါကြောင်း အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီတွင် ပြောကြားလိုက်သည်။ ဤကြေညာချက် ထွက်သည့်နေ့တွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

သမ္မတဘုရှ်၏ သက်တမ်းတွင် အမေရိကန် အစိုးရက အနောက်နိုင်ငံများကို ဦးဆောင်ပြီး မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ခဲ့သည်။ စစ်ခေါင်းဆောင်များ၊ ၎င်းတို့နှင့်နီးစပ်သူများ၊ အဓိကကျသည့် နိုင်ငံပိုင် လုပ်ငန်းများ စသဖြင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၁ဝဝ ခန့်ကို ဒဏ်ခတ် အရေးယူသည့် စာရင်းတွင် ထည့်သွင်းထားပြီး ဖြစ်သည်။

ဦးဇော်ဇော်သည် Max Myanmar ကုမ္ပဏီအုပ်စု၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး ကျောက်မျက်၊ ကျွန်းသစ်၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းတို့ကို လုပ်ကိုင်လျက်ရှိသည်။

ကြေညာချက်တွင် ဖော်ပြထားချက်အရ Max Myanmar ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများဖြင့် စစ်အစိုးရကို အကျိုးပြုနေသည်ဟု ဆိုသည်။ အရေးယူသည့်စာရင်းတွင် Max Myanmar ကုမ္ပဏီအုပ်စုမှ ကုမ္ပဏီ ၈ ခု ပါဝင်သည်။

ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအကြီးအကဲ ဦးဝင်းအောင်သည်လည်း ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် စစ်အစိုးရကို အကျိုးပြုနေပြီး၊ စစ်အစိုးရကို ငွေကြေးအမြောက်အများ လှူဒါန်းလျက်ရှိသည်ဟု ကြေညာချက်က ဆိုသည်။

ယခု ဖြည့်စွက်လိုက်သည့် စာရင်းတွင် စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သော ဦးတေဇ၏ ဟိုတယ်လုပ်ငန်းတခု နှင့် စင်္ကာပူနိုင်ငံသူ Cecilia Ng ၏ လုပ်ငန်းများ ပါဝင်သည်။

ဤအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာတော့မည့် Susan Rice က နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာ့အရေးတွင် ပိုမို ဆောင်ရွက်ရန် လိုအပ်သည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

Susan Rice သည် သမ္မတအဖြစ်  တာဝန်ထမ်းဆောင်တော့မည့် မစ္စတာ အိုဘားမား၏ နိုင်ငံခြားရေးရာမူဝါဒနှင့် ပတ်သက်ပြီး အဓိက အကြံပေးသူတဦးအဖြစ် အများကယူဆကြသည်။

သူက မြန်မာပြည်ကို အပြစ်မဲ့ပြည်သူများကို ဖိနှိပ်သည့် ကမ္ဘာပေါ်မှ နိုင်ငံတခုအဖြစ် သတ်မှတ်ထားသည်။

“စစ်အစိုးရကို နည်းမျိုးစုံနဲ့ ဒဏ်ခတ်ပိတ်ဆို့ရမှာပဲ” ဟု သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်