ဖမ်းထားသည့် ကနေဒါနိုင်ငံသားအမှု သင်္ကြန်ပြီးမှ ဆက်စစ်မည်

E-mail Print
ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့နယ်အတွင်း တရားမ၀င် ၀င်ရောက်မှုဖြင့် မြ၀တီခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံရသည့် ကနေဒါနိုင်ငံသား မစ္စတာ ရွန် ဇက်ရက်စကီ (Ron Zakreski) ၏ အမှုကို သင်္ကြန်ကာလပြီးမှသာ ဆက်လက် စစ်ဆေးသွားမည်ဟု သိရသည်။

Ron-Canadran-Newsမတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၆၂ နှစ်အရွယ်ရှိ မစ္စတာ ရွန် ဇက်ရက်စကီသည် သောင်းရင်းမြစ်ကို ဖြတ်ကူးကာ မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေရွာသို့ ဝင်ရောက်ပြီး ဓာတ်ပုံရိုက်ကူးနေစဉ် ဒေသခံအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရကာ တရားမ၀င်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု လ၀က ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် တရားစွဲဆို ခံရသည်။

မြဝတီမှ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတဦးက “သူ့အမှုကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းကို သင်္ကြန်အလွန် သတ်မှတ်လိုက်တယ်။ အဖမ်းခံထားရတဲ့ ကနေဒါနိုင်ငံသားက ကျန်းမာရေး ကောင်းမွန်နေပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရချိန်မှစ၍ တရားစွဲဆိုနိုင်ရန် ရက်သတ္တ တပတ်ကျော်ကြာမြင့်ခဲ့ရခြင်းမှာ မြန်မာဘက်အခြမ်းသို့ ၀င်ရောက်လာသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်များကို မစ္စတာ ရွန် ဇက်ရက်စကီက ကောင်းမွန်စွာ ဖြေကြားခြင်း မရှိသောကြောင့်ဖြစ်သည်ဟု ခရိုင်ရဲစခန်းမှ သိရကြောင်း ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းအမှုနှင့်ပတ်သက်၍ မစ္စတာ ရွန် ဇက်ရက်စကီဘက်မှ တာဝန်ရှိသူများနှင့် တခြား အကျိုးဆောင်ပေးမည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ တဦးတယောက်မှ ရောက်လာခြင်းမရှိသေးကြောင်း၊ ၎င်းကို လတ်တလောတွင် မြ၀တီမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း မြဝတီမှ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကနေဒါသံရုံးဖွင့်လှစ်ထားခြင်း မရှိပေ။ ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက မစ္စတာရွန် ဖမ်းဆီးခံထားရသည်ကို သတင်းရရှိကြောင်း၊ ဘန်ကောက်မှ ကောင်စစ်ဝန်က ယင်းကိစ္စကို ကိုင်တွယ်လျက်ရှိကြောင်း ကနေဒါ နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိတ်ပညာရှင်ဟောင်း တဦးဖြစ်သော ရွန်သည် အိမ်ထောင်မရှိ၊ သားသမီး မရှိကြောင်း၊ ခရီးထွက်လေ့ရှိသူတဦးဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ တခါတရံ သတင်းရေးသားခြင်းများ ပြုလုပ်ကြောင်း ကနေဒါသတင်းများတွင် ဖော်ပြထားသည်။

၎င်းဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံနှင့် နယ်ခြားခြင်းထိစပ်နေသည့် မဲဆောက်အပါအ၀င် တခြားမြို့နယ်များရှိ အလွယ်တကူ နယ်စပ်ဖြတ်ကျော်နိုင်သည့် ၀င်ပေါက်ထွက်ပေါက်များကို ထိုင်းဘက်မှ လုံခြုံရေးတိုးမြှင့်ထားသည်။

ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီမြို့သို့ တရားမ၀င် သွားရောက်ခဲ့သည့် APF သတင်းဌာနမှ ဂျပန်လူမျိုး သတင်းထောက် မစ္စတာ တိုရုယာမဂျိကို မြ၀တီရဲက ဖမ်းဆီးပြီး လ၀ကဥပဒေဖြင့် တရားစွဲကာ ပြည်နှင်ဒဏ်ဖြင့် ထိုင်းဘက်သို့ နယ်စပ်မှတဆင့် ပြန်ပို့ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်