ရှမ်းပြည်ငလျင် အပျက်အစီး ရှင်းလင်းရေး နှေးကွေး

E-mail Print
ရှမ်းပြည် အရှေ့ပိုင်းဒေသ၌ ငလျင်လှုပ်ခတ် ခဲ့သည်မှာ ရက်သတ္တ ၂ ပတ်ခန့် ရှိပြီ ဖြစ်သော်လည်း အပျက်အစီးများ ရှင်းလင်းရေးတွင် စက်ယန္တရား အင်အားသုံးစွဲမှု နည်းပါးသည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေကြောင်း သိရသည်။

Tarlay-Earthquake-News-April-7
ငလျင်ကြောင့် ပြိုပျက်ခဲ့သည့် အိုးအိမ်အပျက်အစီးများကို ရှင်းလင်းဖော်ထုတ်ရေးအတွက် အစိုးရက ယာဉ်ယန္တရား ၄ စီးသာ ပေးပို့ထားသည့်အပြင် ယင်းစက်ယန္တရားများမှာ တာလေတံတားပြုပြင်ရေးနှင့် နယ်မြေအတွင်းရှိ ငလျင်ဒဏ်ခံ စစ်တပ် အဆောက်အဦးများ ရှင်းလင်းရေးကိုပါ ပူးတွဲလုပ်ဆောင်နေရကြောင်း တာလေမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“စက်ကြီးက မိုင်းလင်းမှာ ၂ စီး၊ တာလေမှာ ၂ စီး ပဲရှိတော့ အလုပ်သိပ်မတွင်ဘူး။ အိမ်အပြိုအပျက်တွေ ဖော်တာ ဧပြီလကုန်တောင် ပြီးမယ့် ပုံမရှိဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ယခုရက်ပိုင်း ဒေသအတွင်း သွားလာရေး လွယ်ကူစေရန် အသုံးပြုနေရသည့် လိုင်စင်မဲ့ကားများကို သွားလာခွင့် ပိတ်ပင်လိုက်သည့်အတွက် တသီးပုဂ္ဂလ အလှူရှင်များ၏ ပစ္စည်းထောက်ပံ့ကူညီရေးမှာလည်း နည်းပါးသွားကြောင်း အဆိုပါ မြို့ခံက ဆက်လက်ပြောသည်။

ဧပြီလ ၃ ရက်နေ့က ငလျင်ဒဏ်ခံ ဒေသသို့ အစိုးရသစ်မှ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ သွားရောက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဘိလပ်မြေ၊ သွပ်၊ သံ အစရှိသည့် အိမ်ဆောက်ပစ္စည်းနှင့် ဒုက္ခသည်များကို တအိမ်ထောင်လျှင် ငွေကျပ် ၂ သိန်းစီ လှူဒါန်းခဲ့ကြောင်း အစိုးရမီဒီယာများတွင် ဖော်ပြထားသည်။

သို့သော် ပြိုပျက်သွားသည့် လူနေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် အိမ်ဆောက်ပစ္စည်းများကို ဒေသဆိုင်ရာ အာဏာပိုင်များက ငလျင်ဒဏ်ခံ ပြည်သူများကို ဝေခြမ်းပေးအပ်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူသားချင်းစာနာသည့် အနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အာဆီယံတို့က ကယ်ဆယ်ရေး ပစ္စည်းများအပြင် ငွေသားပါ ပေးပို့လှူဒါန်းခဲ့သည်။

မတ်လ ၂၄ ရက်နေ့ ဒေသ စံတော်ချိန် ၈ နာရီ ၃၀ ခန့်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တာချီလိတ်ခရိုင် အတွင်းရှိ တာလေမြို့နယ်ခွဲမှ မြို့ပေါ်ရပ်ကွက်များ၊ မိုင်းလင်း ( အရှေ့)၊ မိုင်းလင်း (အနောက်) ကျေးရွာအုပ်စုနှင့် နာယောင်း ကျေးရွာ၊ ကျကူနီကျေးရွာများရှိ အိမ်ခြေပေါင်း ၃၉၀၊ ဘုန်ကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာန ဆိုင်ရာ အဆောက်အဦး ၉ လုံး ပျက်စီးသွားပြီး သေဆုံးသူစုစုပေါင်း ၇၄ ဦး၊ ဒဏ်ရာရသူ ၁၁၁ ဦး ရှိကြောင်း အစိုးရမီဒီယာများက ဖော်ပြပြီး နောက်ဆုံးရသတင်းအချက်များကို ထပ်မံဖော်ပြခြင်း မရှိပေ။

သို့သော် ဒေသခံများ၏ ပြောဆိုချက်အရ သေဆုံးသူစုစုပေါင်းမှာ အစိုးရကြေညာသည့် ကိန်းဂဏန်းများထက်များပြားပြီး ၃၀၀ အထိ ရှိနိုင်ကြောင်း၊ လားဟူ တိုင်းရင်းသားများ အများဆုံးနေထိုင်သည့် အထက် ကျကူနီရွာ တခုတည်းတွင်ပင် သေဆုံးသူ ၈၅ ဦးအထိ ရှိကြောင်း သိရသည်။ ယခုအခါ  ကျကူနီရွာရှိ ကျန်ရှိသော အိမ်ထောင်စုများသည် တာချီလိတ်ခရိုင်အတွင်းရှိ မောဒီကျေးရွာသို့ ပြောင်းရွေ့သွားပြီ ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်