တာလီဘန်နှင့် ဆက်စပ်မှု သံသယရှိသူများကို ရုံးထုတ်

E-mail Print
ရခိုင်ပြည်နယ် မောင်းတောမြို့နယ် အခြေစိုက် နယ်စပ်ဒေသ ကွပ်ကွဲရေးဌာနချုပ် (နစက) ၌ ဖမ်းဆီးထားသော တာလီဘန်များနှင့် ဆက်နွယ် ပတ်သက်သူများဟု သင်္ကာမကင်း ခံရသူ မွတ်စလင် ၁၉ ဦးအား ယမန်နေ့က ရုံးထုတ်စစ်ဆေးသည်။

၎င်းတို့အား မတရားအသင်းနှင့် ဆက်သွယ်ပတ်သက်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် နစကမှ တရားလို လုပ်ကာ ဧပြီလ ၁ ရက်နေ့က တရားစွဲထားခြင်းဖြစ်ကြောင်း၊ ဧပြီလ ၆ ရက်နေ့တွင် မောင်းတောခရိုင် တရားသူကြီး ဦးစိုးလွင် ဦးဆောင်သော တရားရုံးအဖွဲ့က စစ်ဆေးခဲ့ကြောင်း မောင်းတောမြို့ခံ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။

“ဒီလူ ၁၉ ဦးရဲ့အမှုအတွက် ရှေ့နေ ၃ ဦးက ဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေပါတယ်။ နောက်တကြိမ် ရုံးချိန်းက ဒီလ ၂၃ ရက်နေ့လောက် ဖြစ်မယ်ထင်ပါတယ်” ဟု ဒေသခံ ရှေ့နေက ပြောသည်။

တာလီဘန် အဖွဲ့အစည်းနှင့် ဆက်သွယ်ပတ်သက်နေသည်ဟု သင်္ကာမကင်းခံရသူများ၏ အမှုကို ရှေ့နေ ဦးစံလှ၊ ဦးကျော်ညွန့်၊ ဦးနူရ်အာနိုင် စသည့် ရှေ့နေ ၃ ဦးက လိုက်ပါဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားလိုဘက်မှ အစိုးရရှေ့နေများက ဆောင်ရွက်သွားမည်ဟု သိရကြောင်း ၎င်းက ရှင်းပြသည်။

ဖမ်းဆီးခံထားရသူများ၏ အမှုအား တရားရုံးက စစ်ဆေးမှုပြုနေသော်လည်း အဓိက ကိုင်တွယ်ဖြေရှင်းနေသည့် အဖွဲ့အစည်းမှာ ဒေသခံစစ်တပ်သာဖြစ်ကြောင်း သိရသည်။

သံသယအဖြစ်ခံရသူများသည် မောင်းတောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာအနီး၌ အစည်းအဝေးပြုလုပ်၍  အကြမ်းဖက်ဖောက်ခွဲရေး ကိစ္စများကို သင်တန်းပေးခြင်း၊ ၎င်းတို့ထံမှ တာလီဘန်အဖွဲ့၏ စည်းတံဆိပ်တုံးများ သိမ်းဆည်းမိခြင်းတို့ကြောင့်ဟုဆိုကာ ၎င်းတို့ကို နစက မှ ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း မောင်းတော ဒေသခံများက ပြောသည်။

၎င်းတို့သည် တာလီဘန်များနှင့် အမှန်တကယ် ဆက်စပ်မှု ရှိမရှိကိုမူ မည်သူမှ အတိအကျ မပြောနိုင်သေးဟု သိရသည်။

“ဒီဒေသမှာက အကြမ်းဖက်မှုတွေ၊ ဗုံးအပါအ၀င် ဖောက်ခွဲရေးပစ္စည်း ဖမ်းဆီးမိတာတွေ မကြာခဏ ရှိခဲ့ပါတယ်” ဟုဒေသခံတဦးက ဆိုသည်။

ဖမ်းဆီးထားသူများနှင့် ဆက်နွှယ်ပတ်သက်နေသည်ဟု သံသယရှိသူ ဒေသခံ မွတ်စလင် အများအပြားကို နစက က လိုက်လံ ရှာဖွေနေ၍ ဒေသခံများ ခရီးသွားရာတွင် စစ်ဆေးမေးမြန်းမှုများ ခံနေကြကြောင်း၊ သံသယရှိသူ တချို့လည်း နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

လက်ရှိဖမ်းဆီးထားသူများနှင့် ဆက်နွှယ်ပတ်သက်နေသူ ၄၀၀ ၀န်းကျင်ရှိကြောင်း၊ ၎င်းတို့သည် ဘာသာရေးပွဲတော်များ၊ အစိုးရရုံးများ၊ အစိုးရအဖွဲ့၏ တာဝန်ရှိသူများကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ထားမှုများရှိသည်ဟု နစကမှ တာဝန်ရှိသူ တဦးက ပြောဆိုကြောင်း ဒေသခံ ရှေ့နေက ရှင်းပြသည်။

ဘူးသီးတောင်၊ မောင်းတောဒေသ၌ အစ္စလမ်ဘာဝင် လူဦးရေ ၉၅ ရာခိုင်နှုန်းကျော်ရှိပြီး ရခိုင်၊ ဗမာ၊ မြို၊ ခမီ၊ ချင်း စသည့် တခြား ဘာသာဝင် တိုင်းရင်းသားလူမျိုးများမှာ  လူဦးရေ ၅ ရာခိုင်နှုန်း ၀န်းကျင်သာရှိကြောင်း ဒေသခံအဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်