ရှမ်းပြည် တိုက်ပွဲများ ပိုများလာ

E-mail Print
စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တို့ အဆက်မပြတ် ဖြစ်ပွားနေသော တိုက်ပွဲများသည် ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်များသို့ ကူးစက် ပျံ့နှံ့နေပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားနေရာကနေ ယခု အခါ မြို့နယ် ၁၀ မြို့နယ်အထိ ဖြစ်ပွားနေကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့
ပြောသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များ အထိ တိုက်ပွဲများ ပျံ့နှံ့သွားကြောင်း ၎င်းက ဆိုသည်။

ယခုဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ မိုင်းရူးမြို့နယ်အတွင်းရှိ ဗျူဟာမှူး တပ်စခန်းတွင် ဇွဲမာန်ဟိန်း စစ်ဆင်ရေး ဟု   ဆိုသော ဆိုင်းဘုတ်ကိုလည်း ကပ်ထားကြောင်း ဦးစိန်ကြည်က ဆက်ပြောပြသည်။

စစ်အစိုးရတပ်နှင့် SSA -N တပ်ဖွဲ့များ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) SSA -S တပ်ဖွဲ့ ၀င်များက စစ်ရေးအရ တချို့အကူအညီများ ထောက်ပံ့ပေးနေကြောင်းလည်း ရှမ်းပြည်နယ်ရှိ ဒေသခံများက ဆိုသည်။

SSA -S မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက“ကျနော်တို့ နယ်မြေထဲမှာ သူတို့ ၀င်လာရင်လည်း ရှမ်းတပ် အချင်းချင်း ကူညီ ပေးဖို့ တာဝန်ရှိပါတယ်၊ တတ်နိုင်တဲ့ ဘက်က ပံ့ပိုးပေးတာတွေ ရှိပါတယ်၊ စားနပ်ရိက္ခာ ကိစ္စတွေ၊ သတင်းအချက် အလက် ဖလှယ်တာတွေ ရှိကြပါတယ်”ဟု ပြောသည်။

သို့သော် ဒေသခံများ ပြောဆိုနေ သကဲ့သို့ စစ်အင်အားဖြင့် ကူညီမှုများ မရှိကြောင်း ၎င်းက ဆိုသည်။  

အလားတူပင် ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံဒေသတွင် ယခုတပတ် အင်္ဂါနေ့က မိုင်းဖြတ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၈ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့ကလည်း ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်အတွင်းရှိ တပ်စခန်းသစ် တခု တည်ဆောက်နေသော နေရာ   တွင် ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ရာ လူတဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာလိမြို့နယ် ဒေသ ခံတဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုသည် တပ် စခန်းသစ် အတွက် တည်ဆောက်ပေးနေသော အလုပ်သမားများ နေထိုင်သည့် တန်းလျားတွင်  ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိ သည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်