ဆီးဂိမ်းကြောင့် နေပြည်တော် ကျေးရွာတချို့ ရွှေ့ရမည်

E-mail Print
နေပြည်တော် ဇေယျာသီရိမြို့နယ် ကိုးရွာသပြေကုန်း ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာခန့်သည် ၂၀၁၃ ခု အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အပါအ၀င် စီမံကိန်း အသစ်များကြောင့် ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

naypyitaw_studium“စီမံကိန်းက ဈေးဝယ်စင်တာ ဆောက်လုပ်မယ်လို့ကြားတယ်။၂၀၁၃ ဆီးဂိမ်းအမီ ဆောက်မယ်တဲ့။ အဲဒါကြောင့် ဒီကျေးရွာတွေက ဖယ်ပေးရတော့မယ်”ဟု ဆောက်လုပ်ရေး အသိုင်းအ၀ိုင်းမှ လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့ ပြောကြားသည်။

၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကို မြန်မာက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ကိုးရွာသပြေကုန်း ကျေးရွာသည် ဇေယျာသီရိ မြို့နယ်အတွင်းရှိ ဥပါတ္တသန္တိ စေတီ အနီးတွင်တည်ရှိကာ ကျေးရွာ ၁၀ ရွာခန့် ပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

“ဘုရားနားနီးတဲ့ အပြင် နေပြည်တ်ာရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ရာဇဌာနီ လမ်းမကြီးပေါ်မှာရှိတော့ နေပြည်တော်အတွက်မတင့် တယ်ဘူး ဆိုပြီးတော့ ရွှေ့ခိုင်းတာလည်းပါတယ်”ဟု ဆောက်လုပ်ရေး အသိုင်းအ၀ိုင်းမှ လုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။

ရွှေ့ပြောင်းရမည့် ကျေးရွာများမှ ဒေသခံများကို နေပြည်တော်ရှိ ဘူးကွဲအိမ်ရာ အနီးရှိ ရွှေနံ့သာကျေးရွာနှင့် ယင်းကျေးရွာ အနီးတွင် မြေကွက်များဖော်ထုတ်ကာ နေရာချထားပေးမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ၀န်ထမ်း တဦးက ပြောသည်။

“ကျေးရွာသားတွေကို တအိမ်ထောင် ပြောင်းရွှေ့ခ ကျပ် ၅ သိန်းပေးမယ်။ မြေကွက် တကွက်စီပြန်ချထားပေးမယ်။ အခုအချိန် အထိတော့ မြေကွက် ဘယ်နှပေ ပတ်လည် ဆိုတာ မဆုံးဖြတ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။

သို့သော် မည်သည့်အချိန်တွင် စတင်ရွှေ့ပြောင်းရမည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း နေပြည်တော် စည်ပင်ဝန်ထမ်းက ဆက်လက် ပြောဆိုသည်။

ကိုးရွာသပြေကုန်း ရွာသားတဦးကလည်း“ကျနော်တို့က လက်လုပ်လက်စားနဲ့ လယ်လုပ်သူများတယ်။ မြေကွက်အသစ် ချထား ပေး လည်း ကျနော်တို့ လုပ်မစားတတ်ဘူး။ အပြင် စီးပွားရေးကို၊ တော်တော်တော့ စဉ်စားရဦးမယ်။ ကျနော်တို့ကို ပြောင်းပေးတဲ့ နေရာ မှာ အလုပ် အဆင်ပြေအောင်”ဟု ပြောသည်။

ယခင်ကလည်း နေပြည်တော် တောင်ပေါ်ဒေသများရှိ ချင်းရွာများ၊ ကရင်ရွာများကို ဗျူဟာလမ်း(နေပြည်တော် ပတ်ပတ်လည်ရှိ တောင်များပေါ်တွင် စစ်ရေးအတွက် လျှို့ဝှက်ဖောက်လုပ်ထားသောလမ်း)ဖောက်လုပ်ရန်အတွက် မြေပြန့်သို့ နေရာချထားပေးရာမှ ၀ါးခုတ်၊ မျှစ်ချိုးသာ လုပ်ခဲ့သော တောင်ပေါ် ဒေသခံများမှာ မြေပြန့်တွင် အလုပ် မလုပ်တတ်သဖြင့် တချို့ မိန်းကလေးများမှာ ခန္ဓာကိုယ်နှင့် ရင်းနှီး လုပ်ကိုင်ရသည်များရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“အစိုးရက ရွှေ့ဆို အတင်းရွှေ့ခိုင်းတယ်။ လျော်ကြေး မပေးဘူးမဟုတ်ဘူး ပေးပါတယ်။ လယ်တဧက ကျပ် ၅ သိန်း ပေးတယ်။ အဲဒီ ၅ သိန်းက သုံးလေးလဆို ကုန်တာပဲ။ လယ်တဧက က ကျနော်တို့ တသက်လုံး ထမင်းစားလို့ ရတယ်”ဟု ၂၀၁၃ ဆီးဂိမ်း အတွက် အားကစားကျေးရွာ ဆောက်လုပ်ရန် ယမန်နှစ်က လယ်အသိမ်းခံခဲ့ရသူ ပုပ္ပါးကုန်းကျေးရွာ ဒေသခံတဦးက ပြောသည်။

အစိုးရ စီမံကိန်းများကြောင့် လယ်မြေအသိမ်းခံရသူများမှာ စီးပွားရေးလုပ်ကိုင်မှု အဆင်မပြေမှုများရှိခဲ့သည့် အတွက် မကြာမီ ရွှေ့ ပြောင်းရတော့မည့် ကိုးရွာသပြေကုန်းရွာသားများသည် နေပြည်တော် တည်ဆောက် ရေးလုပ်ငန်းခွင်များနှင့် တနိုင် တပိုင် ကိုယ်ပိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်