အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

E-mail Print
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ပတ်သက်၍ ပထမဆုံး အကြိမ်အဖြစ် အရှိကို အရှိအတိုင်း အသိအမှတ်ပြုကြောင်း၊ သို့သော် စောင့်ကြည့်ရန် လိုကြောင်း လွတ်လပ်သော အာရှအသံ (RFA) တွင် ပြောကြားသွားသည်။

New-Government
RFA က သောကြာနေ့တိုင်း ထုတ်လွှင့်သော “လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဍတွင် လက်ရှိအစိုးရသစ်ကို အသိအမှတ်ပြု မပြုဟူသော ပရိသတ်တဦး၏ မေးခွန်းနှင့် စပ်လျဉ်း၍ “အခု အစိုးရသစ်တခု ရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပါ” ဟု ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က “ကျနော်တို့ အထွေထွေအတွင်းရေးမှူး ပြောတာက ရှင်းပါတယ်။ အခု သူတို့ဘက်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ကတဆင့် အစိုးရသစ်တက်လာပြီဆိုတာ အရှိတရားပဲ၊ ဒီအရှိတရားကို ရည်ရွယ်ပြောတာပဲဖြစ်တယ်။ တိုင်းပြည်ပြဿနာကို သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှ ဖြစ်မှာ” ဟု ဧရာဝတီသို့ ရှင်းပြသည်။

အားလုံးပူးပေါင်း ပါဝင်နိုင်စေရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးတို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် NLD က တောင်းဆိုခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ NLD သည် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲရလဒ်မှတဆင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။

NLD ပါတီအနေဖြင့် ဦးသိန်းစိန် အစိုးရသစ်ထံ စာတစောင် ရေးသားပေးပို့ထားကြောင်း၊ စာပါ အကြောင်းအရာ အသေးစိပ်ကို သက်ဆိုင်ရာသို့ ရောက်သောအချိန်တွင် ပြည်သူကို အသိပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်နှင့် အစိုးရသစ်ထံ စာပေးပို့သည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) မှ ဦးအေးသာအောင်က “လက်တွေ့မှာ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရသစ်တခုတော့ ဖြစ်လာပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ပုံရတယ်။ ဒီအစိုးရသစ်ဟာ ပြည်သူတွေ မျှော်လင့်သလို အပြောင်းအလဲတခု ဖြစ်လာဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို ဖော်ဆောင်မယ်လို့လည်း မထင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ပြည်ပမှ မြန်မာ့အရေးလေ့လာသူများက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်၍ လက်တွေ့နိုင်ငံရေးကို ချင့်ချိန် လုပ်ဆောင်ရခြင်းကြောင့်တကြောင်း၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်မှတဆင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်၏ အဖက်ဖက်မှ ဆင်းရဲဒုက္ခရောက်နေရခြင်းတို့မှ လွတ်မြောက်စေရန် ရှိနေသော အရှိတရားကို ပြောပြရုံမျှသာဖြစ်သည့် ချည်းကပ်မှုအသစ်ဖြစ်ကြောင်း သုံးသပ်ကြသည်။

သံတမန်ဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ဒါကလည်း တိုင်းပြည်ငြိမ်းချမ်းမယ်လို့ ယုံကြည်ပြီး တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ ကြိုးပမ်းနေတာလို့မြင်တယ်။ တကယ့်လက်တွေ့မှာက ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ် တက်လာတာကို ရည်ညွှန်းပြောတာပါပဲ။ အစိုးရသစ်အနေနဲ့ တိုင်းပြည်အကျိုး ရှေ့ရှုပြီး နိုင်ငံရေး အဖြေရှာကြဖို့ကို တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားနေကြသော အဖွဲ့များကလည်း ဦးသိန်းစိန် အစိုးရသစ်အနေဖြင့် အပြုသဘောဆောင်သော လုပ်ဆောင်မှုများ မရှိလျှင် နိုင်ငံတကာမှ ဖိအားပေးရန် တိုက်တွန်းနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်