မင်္ဂလာဆောင်သွားမည့်လှေ တိမ်းမှောက်၊ လူ ၅ ဦးသေဆုံး

E-mail Print
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာမှ ပေါက်တောမြို့ပေါ်၌  မင်္ဂလာဆောင်ရန် သွားသည့် သတို့သားလောင်း စီးလာသော စက်လှေသည် တောင်ညိုရွာ အထွက်၌ မေလ ၁၅ ရက်နေ့တွင် နစ်မြုပ်ခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ပျောက်ဆုံးနေသူများသည် မော်တော်ပိုင်ရှင်နှင့် ပဲ့ကိုင်တို့ ဖြစ်ကြောင်း၊ ရေနစ်မွန်းသွားသူ ၂ ဦးမှာ စစ်တွေမြို့ဆေးရုံ၌ ဆေးဝါးကုသမှု ခံထားရကြောင်း တောင်ညိုရွာခံ အမျိုးသမီး တဦးက ဧရာဝတီကို ရှင်းပြသည်။

“နေ့ခင်း ၁၁ နာရီလောက်မှာမြုပ်တာပါ၊ သတို့သား ကိုစောဘထွန်းကတော့ ဘာမှ မဖြစ်ပါဘူး။ မင်္ဂလာလည်း ဆောင်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စက်လှေပေါ်၌ လိုက်ပါလာသူ ၅၀ ခန့်ရှိပြီး သေဆုံးသွားသူများမှာ စစ်တွေမြို့မှ ကျူရှင်ဆရာ ဦးမိုက်ကယ်၏ အသက် ၈၇ နှစ်အရွယ် မိခင်၊ တောင်ညိုရွာမှ အသက် ၃၀ ခန့်အရွယ် မလှချေ၊ အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်စောဟံ၊ ဦးထွန်းရီနှင့် သ၀င်ချောင်း ကျေးရွာမှ မသန်းရွှေရီတို့ ဖြစ်ကြောင်းသိရပြီး ၎င်းတို့အား ယနေ့ သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

စက်လှေ နစ်မြုပ်သွားခြင်းသည် ရာသီဥတုဆိုးရွား၍ မဟုတ်ဘဲ တင်ဆောင်လာသော အလေးချိန်ကို မထိန်းနိုင်ရာမှ လှေတိမ်းစောင်း၍ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံး နေသူများအား ပေါက်တောမြို့ပေါ်မှ ဒေသခံများနှင့် တောင်ညိုရွာသားများ စုပေါင်း၍ လိုက်လံ ရှာဖွေနေဆဲဖြစ်ကြောင်း မြို့ခံ ဦးတက်ထွန်းအောင်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်