သမ္မတသစ် တရုတ်ပြည်သို့ ပထမဆုံး ချစ်ကြည်ရေးခရီးသွားမည်

E-mail Print
သမ္မတသစ်ဦးသိန်းစိန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ အစိုးရအဖွဲ့ အသိုင်းအ၀န်းမှသိရသည်။

00000000400 ဦးသိန်းစိန်သည် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် သမ္မတသစ် တဦးအနေဖြင့် ပြည်ပသို့ ပထမဆုံး ချစ်ကြည်ရေးခရီးစဉ် ဖြစ်သည်။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၌ မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး ဆွေးနွေးပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Xu Caihou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မေလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး မေလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ကြောင်း အစိုးရထုတ် သတင်းစာများ၌ ရေးသားထားသည်။

တရုတ်စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့်သမ္မတ ဦးသိန်းစိန်တို့သည် နှစ်နိုင်ငံ စစ်ရေးကိစ္စများနှင့် ရခိုင်ပြည်နယ်
ကျောက်ဖြူမြို့နယ်၌ တရုတ်ရေတပ် စစ်သင်္ဘောများ လာရောက် ဆိုက်ကပ်ခွင့် ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း ကြားသိရသော်လည်း ၎င်းသတင်းကို အတည်မပြုနိုင်သေးပေ။

ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရေနက်ဆိပ်ကမ်းသည် တရုတ်-မြန်မာ ဖက်စပ် တည်ဆောက်နေသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း၏ တစိတ်တဒေသ ဖြစ်သည်။

တရုတ်နိုင်ငံ စွမ်းအင် လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကျော်အတွက် ရေနံစိမ်းကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းရပြီး ထိုရေနံစိမ်းများကို ကျောက်ဖြူဆိပ်ကမ်းမှ တဆင့်တရုတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တရုတ်ခေါင်းဆောင်တို့သည် တရုတ်-မြန်မာ ဆက်ဆံရေး၊ နိုင်ငံတကာ အခြေအနေနှင့် ဒေသတွင်းအခြေအနေ၊ မြန်မာ-တရုတ်တို့၏ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ဆွေးနွေးခဲ့ပြီး တရုတ်-မြန်မာ တပ်မတော် နှစ်ရပ်အကြား သဘောတူ စာချုပ်တခု လက်မှတ်ရေးထိုးခဲ့ကြောင်း မေလ ၁၂ ရက်နေ့ထုတ် သတင်း စာများ၌ ရေးသားထားသည်။

နှစ်နိုင်ငံ စစ်တပ်ခေါင်းဆောင်များသည် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များ ချစ်ကြည်ရေးခရီး အပြန်အလှန် သွားရောက် လည်ပတ်ရန်၊ မြန်မာ စစ်သားများအား တရုတ်နိုင်ငံ၌ စစ်ပညာသင်ကြားရန်နှင့် နယ်စပ်တာဝန်ထမ်းဆောင် နေသော နှစ်နိုင်ငံ တာဝန်ရှိသူများ မကြာခဏ တွေ့ဆုံဆွေးနွေးရန် ကိစ္စ ရပ်များကိုပါ ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ရေးသား ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်